ဖိလစ်ပိုင် ငါးဖမ်းလုပ်သားတွေအနေနဲ့ လာမယ့်ရက် အနည်းငယ်အတွင်း အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက Scarborough ပင်လယ်ရေတိမ်ပိုင်း ငါးအုပ်တွေရှိရာအရပ်ကို ပြန်လည်သွားရောက်ပြီး ငါးဖမ်းနိုင်ကြလိမ့်လို့ မျှော်လင့်ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၄ ရက်ကြာ သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တယ်လို့ စနေနေ့မှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ့ သူ့အဆိုအရ အမေရိကန်ပြည်ထောင်စုနဲ့ ကာလရှည်ကြာလက်တွဲဖေါ် နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံအနေနဲ ကုန်သွယ်ဖက် ဆက်ဆံရေးအသစ်တခု လမ်းဖွင့်ပေးဖို့ ရည်ရွယ် သွားရောက်တာဖြစ်ပါတယ်။
မြို့တော်ရဲ့ မြောက်ဖက်မှာရှိတဲ့ Tuguegarao မြို့မှာ မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းလေမုန်တိုင်းဘေးဒဏ် ခံခဲ့ရသူတွေကို အကူညီ အထောက်ပံ့တွေ ပေးရင်း မိန့်ခွန်းပြောဆိုရာမှာ နောက်ထပ်ရက် အနည်းငယ် စောင့်ကြည့် လိုက်ပါ Scarborough ငါးအုပ်တွေရှိရာအရပ်ကို ကျနော်တို့ ပြန်သွားကောင်း သွားရောက်နိုင်ပါ လိမ့်မယ်လို့ သမ္မတ Duterte က ပြောဆိုသွားပါတယ်။
ဒီလို ပြောကြားချက်က တရုတ်နိုင်ငံအနေနဲ့ (၄) နှစ်ကြာ ပိတ်ဆို့ထားခဲ့တဲ့ ပင်လယ်ရေတမ်ပိုင်းဒေသကို ပြန်ပြီးတော့ ဖွင့်ပေးမှာ ဖြစ်တဲ့အကြောင်း အရိပ်မြွက် ပြသခဲ့သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။
ဆွေးနွေးခဲ့တဲ့အပေါ်မှာ သူတို့ဘက်က အကောင်ထည်ဖေါ် ဆောင်ရွက်ပေးမပေး ဆိုတာကတော့ မသေခြာဘူးလို့ Duterte ကပြောပါတယ်။
နှစ်နိုင်ငံ သမ္မတတွေ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်ငါးဖမ်းသမားတွေကို တောင်တရုတ်ပင်လယ် အတွင်းက အငြင်းပွားနေတဲ့ ဒေသမှာ အကန့်သတ်နဲ့ ဝင်ရောက်ငါးဖမ်းခွင့်ပြုဖို့ တရုတ်နိုင်ငံက စဉ်းစားလိမ့်မယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တရုတ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ် (၂)ခုက Reuters သတင်းဌာနကို ပြောဆိုခဲ့ကြပါတယ်။
Your browser doesn’t support HTML5