လူပေါင်းများစွာ သေဆုံးရတဲ့ ဖားကန့် မြေပြိုမှုအတွက် ဝမ်းနည်းရကြောင်း အာဆီယံ ထုတ်ပြန်

ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတချို့။ (ဇူလိုင် ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းရှာဖွေရေးလုပ်ငန်းမှာ စွန့်ပစ်မြေစာပုံ ပြိုပြီး လူအများအပြား သေဆုံးခဲ့ရတာအတွက် မြန်မာအစိုးရနဲ့ ပြည်သူတို့နဲ့အတူ လွန်စွာ စိတ်ထိခိုက်ရကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၄ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

ဒီဘေးဒုက္ခရဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေကနေ မြန်မာနိုင်ငံအနေနဲ့ အလျှင်အမြန် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း၊ အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်နေပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့လည်း ကြေညာချက်မှာ ကတိပြု ပြောဆိုထားပါတယ်။

ကချင်ပြည်နယ် ဖားကန့် ရတနာနယ်မြေမှာ မြေပြိုကျခဲ့တဲ့ကိစ္စကို စုံစမ်းဖို့ သမ္မတ ဦးဝင်းမြင့်က ဇူလိုင် ၃ ရက်နေ့မှာ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဘာကြောင့် မြေပြိုကျခဲ့သလဲ၊ မြေပြိုကျတဲ့ဖြစ်စဉ်မှာ တာဝန်ရှိသူ အဆင့်အဆင့်ကို ဖော်ထုတ်ဖို့နဲ့ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ စီစဉ်ပေးဖို့၊ နောင်မှာ မြေပြိုကျတာ ထပ်မဖြစ်ရအောင် ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပါတယ်။

ဖားကန့် ကျောက်စိမ်းရှာဖွေရေးလုပ်ငန်းမှာ ဇူလိုင် ၂ ရက် ကြာသပတေးနေ့က မြေစာပုံပြိုပြီး အနည်းဆုံး လူ ၁၇၀ ကျော် သေဆုံးပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

လူပေါင်းများစွာ သေဆုံးရတဲ့ ဖားကန့် မြေပြိုမှုအတွက် ဝမ်းနည်းရကြောင်း အာဆီယံ ထုတ်ပြန်

-----------------------------------

(Unicode)




