ပါကစ္စတန်သမ္မတဟောင်း Pervez Musharraf ဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါတွေမှာ သာမှန်မဟုတ်တဲ့ ပရိုတိန်း-အသားဓါတ်တွေ စုဖွဲ့တည်ရှိပြီး၊ အလုပ်ပုံမှန်မလုပ်တော့တဲ့ Amyloidosis ရောဂါနဲ့ ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
ပါကစ္စတန်စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Musharraf ဟာ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလက ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ Nawaz Sharif အစိုးရထံက အဓမ္မအာဏာသိမ်းယူပြီး သမ္မတဖြစ်လာသူ ဖြစ်ပါတယ်။
တိုင်းပြည်အတွင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ပြီး၊ သမ္မတနဲ့ စစ်ဦးစီးချုပ် ရာထူး ၂ ခု စလုံးကိုယူပြီး တိုင်းပြည်ကို ၉ နှစ်နီးပါး အုပ်ချုပ်ခဲ့ပါတယ်။
စစ်အာဏာမသိမ်းခင် လပိုင်းအလိုလေးမှာဘဲ ပါကစ္စတန် စစ်ဦးစီးချုပ်အဖြစ်နဲ့ သူတာဝန်ထမ်းဆောင်နေစဉ် အိန္ဒိယအုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ Kashmir ဒေသက Kargil ကို ပါကစ္စတန်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် နြူကလီးယား ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံ ၂ ခုအကြား စစ်ရေးအရ အတင်းမာဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အာဖဂန်နစ္စတန်စစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပါကစ္စတန်ပါဝင်ခဲ့တာကြောင့် အမေရိကန်ရဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ တိုင်းပြည်စီးပွား တိုးတက်ဖွံ့ဖြိုးခဲ့ပေမယ့် အတိုက်အခံ နိုင်ငံရေးအုပ်စုတွေကို ဖိနှိပ်တာ၊ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ် ပျက်သုဉ်းလာတာတွေကြောင့် သူလည်း အဆုံးသတ်မှတော့ တိုင်းပြည်အာဏာကို စွန့်လွတ်လိုက်ရပြီး ဒူဘိုင်းက ဆေးရုံမှာ ဆေးကုသမှုခံနေရာက ဒီကနေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
==== Unicode ====