ပြင်သစ်နိုင်ငံမြို့တော်၊ ပဲရစ်က နာမည်ကျော် လူစည်ကားတဲ့ Champs Elysees ဈေးရပ်ကွက်မှာ ဖေါက်ခွဲရေးပစ္စည်းတွေအပြည့် တင်ဆောင်လာတဲ့ကားတစီးကို မောင်းလာခဲ့တဲ့သူဟာ ရဲကားတစီးကိုဝင်တိုက်ခဲ့ပြီး အဲဒီကားမောင်းသူသေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ တခြားဒဏ်ရာရသူတော့မရှိပါဘူး။ ဒါဟာ ရည်ရွယ်ချက်နဲ့တိုက်ခိုက်တာပဲလို့ ပြင်သစ်အရာရှိတွေက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကားမောင်းသမားဟာ အသက် ၃၁နှစ်အရွယ်ရှိပြီး၊ အစွန်းရောက်အဖွဲ့တွေနဲ့အဆက်အစပ်ရှိ နိုင်တဲ့သူလို့သံသယထားခံခဲ့ရသူဖြစ်တဲ့အကြောင်း ခပ်စောစောပိုင်းက သတင်းတွေရှိခဲ့ပါတယ်။
အဲဒီကားတိုက်မှုဖြစ် ပွါးခဲ့တဲ့နေရာမှာ ဗုံးလုံခြုံရေးတပ်ဖွဲဝင်တွေချထားပြီး ဓါတ်ငွေ့ပုလင်းတွေနဲ့ သေနတ်တွေ ကားထဲကနေရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြင် သစ် ပြည်ထဲရေးဝန် ကြီးရုံးပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေ ရတဲ့ ပြင်သစ်နိုင်ငံရဲ့ အရေးပေါ်အခြေအနေကြေညာထားတာကို ဆက်ပြီးသက်တမ်းတိုးသင့်တယ်ဆိုတာကို ပြသနေ တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerard Collomb ကပြောပါတယ်။
၂၀၁၅ခုနှစ်ကတည်းက နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာချက်ကို ထုတ်ပြန်ထားတာဖြစ်ပြီး နောက်လမှာ အဲဒီကြေညာချက် သက်တမ်းကုန်ဆုံးတော့မှာပါ။ လာမယ့်နိုဝင်ဘာလအထိ ဆက်ပြီးအရေးပေါ်ကြေညာချက်ကို သက်တမ်းတိုးဖို့ဥပဒေကြမ်းတရပ် သူတင်သွင်းမယ်လို့ လည်း ပြင်သစ်ပြည်ထဲရေး ဝန်ကြီးကပြောပါတယ်။
Your browser doesn’t support HTML5