ကန်ထောက်ပံ့တဲ့ သတင်းရုံးခွဲ ပါကစ္စတန်ပိတ်မည်

Radio Mashaal Logo

အမေရိကန်အစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ သတင်းဌာနတခုရဲ့ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ရုံးခွဲကိုပိတ်ဖို့ ပါကစ္စတန်အစိုးရက ညွှန်ကြားထားတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

Radio Mashaal သတင်းဌာနရဲ့ ထုတ်လွှင့်ချက်တွေဟာ ပါကစ္စတန်နိုင်ငံရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တယ်၊ ရန်ဘက် ထောက် လှမ်းရေးအဖွဲ့တခုရဲ့ လုပ်ဆောင်ချက်တွေနဲ့အညီ ဖြစ်နေတယ်လို့ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့က စွပ်စွဲပြီးတဲ့နောက် အဲဒီ သတင်းဌာနရုံးကို ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ သောကြာနေ့က ရောက်သွားကြပါတယ်။

ဒီသတင်းဌာနဟာ ပါကစ္စတန်ကို အကြမ်းဖက်ဝါဒအတွက် အဓိကနေရာတခုအဖြစ် ပုံဖော်နေပြီး ထုတ်လွှင့်တဲ့ဒေသက လူထု အနေနဲ့ နိုင်ငံတော်ကိုဆန့်ကျင်လာအောင် လှုံ့ဆော်ဖို့ အချက်အလက်တွေကို လုပ်ကြံထုတ်လွှင့်နေတယ်လို့ သတင်းဌာနကို ပိတ်ပစ်ဖို့ ပြည်ထဲရေးဌာနရဲ့ သောကြာနေ့ ညွှန်ကြားချက်ထဲမှာ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

အခြေအနေကို အမေရိကန်တာဝန်ရှိသူတွေ အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝန်း သတင်း မီဒီယာလွတ်လပ်ခွင့်ကို ထောက်ခံတဲ့နိုင်ငံတခုအဖြစ် ဆက်ရှိနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက ဗွီအိုအေကိုပြောပါ တယ်။

ပိတ်ဖို့ညွှန်ကြားချက် ထွက်လာပြီးတဲ့နောက် သူတို့သတင်းဌာနဟာ ဘယ်ထောက်လှမ်းရေးအဖွဲ့နဲ့မှ မဆိုင်ဘူးလို့ Radio Mashaal အကြီးအကဲ Amin Mudaqiq က ဗွီအိုအေကိုပြောပါတယ်။ သူတို့သတင်းဌာနရဲ့ သတင်းမီဒီယာကျင့်ဝတ်ပိုင်း ခိုင်မာမှုအပေါ်လဲ သူက ကာကွယ်ပြောဆိုပါတယ်။

Your browser doesn’t support HTML5

ကန်ထောက်ပံ့တဲ့ သတင်းရုံးခွဲ ပါကစ္စတန်ပိတ်မည်