ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတအမည်တင်တဲ့ မစ္စတာ Hagel

ဒီမိုကရက်သမ္မတ အိုဘားမားက ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ်ဟောင်း Chuck Hagel ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
မစ္စတာ ဟေဂဲလ်ကို အမည်စာရင်းသွင်းမှုအပေါ် မကျေနပ်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေချိန်မှာ သမ္မတ အိုဘားမားက မစ္စတာ ဟေဂဲလ်ရဲ့ ကိုယ်ရေးမှတ်တမ်းနဲ့ ပတ်သက်လို့ ဗီယက်နမ် စစ်မြေပြင်ကို သွားဖို့ စစ်သားအဖြစ် လိုလိုလားလားစာရင်းတင်ခဲ့သူ၊ မျိုးချစ် ရဲဘော်ဟောင်းအဖြစ် ထုတ်ဖော် ချီးကျူးလိုက်ပြီး အမေရိကန်စစ်တပ်အတွက် လိုအပ်တဲ့ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ ပြောကြားပါတယ်။

ဘာကြောင့် Chuck Hagel ကို ကန့်ကွက်သံတွေ ထွက်ပေါ်လာနေရသလဲဆိုတာကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက မဆုမွန်နဲ့အတူ တင်ပြပေးထားပါတယ်။