ယူကရိန်းနိုင်ငံကနေ ခရိုင်းမီးယားဒေသ ခွဲထွက်လိုက်ကြောင်းနဲ့ မှာ ရုရှားဖယ်ဒရေးရှင်းမှာသွားပေါင်းမယ်လို့ ကြေညာသွားပြီးတဲ့နောက်မှာ အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကို ဆက်ပြီးတော့ ထောက်ခံအားပေးသွားပါမယ်လို့ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ပြောကြားလိုက်ပါတယ်။ သူရဲ့ အစိုးရအဖွဲ့က ယူကရိန်းနဲ့ ရုရှားအရာရှိတချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်ကြောင်း ကြေညာသွားအပြီး နာရီပိုင်းအကြာမှာပဲ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ ဒီကနေ့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ဒီပြဿနာကို ရုရှားက ပိုပြီးဆိုးအောင် လုပ်ဆောင်မယ်ဆိုရင် လိုအပ်သလို အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒမ်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တနင်္လာနေ့နှောင်းပိုင်းမှာ ထွက်ခွာမယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။ သမ္မတကိုယ်တိုင်ကလည်း ဥရောပကို နောက်သီတင်းပတ်မှာ သွားရောက်မှာဖြစ်ပါတယ်။
ယူကရိန်းကနေ ခရိုင်မီးယားဒေသ ခွဲထွက်ရေး၊ ရုရှားနိုင်ငံနဲ့ သွား ပူးပေါင်းရေးတို့အတွက် နိုင်ငံရေးအရ ဖိအားပေးခဲ့တဲ့ ရုရှားအရာရှိ ၁၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ကြောင်း အိမ်ဖြူတော်က ကြေညာသွားပါတယ်။
ရုရှားနဲ့ ယူကရိန်းက အရာရှိ ၁၁ ဦးကို ခရီးသွားလာခွင့်နဲ့ ကုန်သွယ်ရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်ကြောင်း တနင်္လာနေ့ အစောပိုင်းမှာ EU ဥရောပသမဂ္ဂက ကြေညာသွားပြီးနောက် အခုလို အမေရိကန်ဘက်က အလားတူ ကြေညာချက်ထွက်လာတာပါ။
ယူကရိန်းကနေ ခရိုင်းမီးယားကျွန်းဆွယ် ခွဲထွက်ဖို့ လူထုဆန္ဒခံယူပွဲကျင်းပပြီး ရုရှားနိုင်ငံနဲ့ပေါင်းဖို့ ထောက်ခံမဲပေးတာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာတာပါ။
ရုရှားနိုင်ငံရဲ့ တစိတ်တဒေသအဖြစ်တည်ရှိဖို့ ခရိုင်းမီးယားဒေသကို ယူကရိန်းနဲ့ မသက်ဆိုင်တော့ဘဲ လွတ်လပ်တဲ့ဒေသအဖြစ် ရပ်တည်ဖို့ မဲဆန္ဒရှင်တွေက တခဲနက်ထောက်ခံခဲ့ကြတဲ့ ဆန္ဒမဲခံယူပွဲအပြီးမှာ ခရိုင်းမီးယား ဒေသအရေးကို ဒေသန္တရလွှတ်တော်က တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။
အခုလို အမေရိကန်နဲ့ ဥရောပသမဂ္ဂက တုံ့ပြန်လိုက်တာအပြင် နေတိုးအဖွဲ့ကလည်း ဒီတနင်္ဂနွေနေ့ ခရိုင်းမီးယား ဆန္ဒမဲခံယူတာဟာ တရားမဝင်ဘူး၊ ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖေါက်နေပါတယ်လို့ တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဆန္ဒခံယူပွဲကျင်းပပုံကလည်း ထောက်ပြစရာ ပြစ်ချက်တွေ အများကြီးဖြစ်လို့ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံတကာက အခုလို ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက ရုရှားဖယ်ဒရေးရှင်းရဲ့ တစိတ်တဒေသဖြစ်ဖို့ လုပ်ဆောင်ရမယ့် နောက်ထပ် လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီးဆွေးနွေးရေးအတွက် ခရိုင်းမီးယား ဥပဒေပြုအမတ်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ တနင်္လာနေ့မှာပဲ မော်စကို မြို့်တော်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဒီအတောအတွင်းမှာပဲ ယူကရိန်း လွှတ်တော်က ဒီပဋိပက္ခကို ကိုင်တွယ်တဲ့အနေနဲ့ အရန်တပ်ဖွဲ့ တချို့တဝက်ကို ခေါ်ယူထားဖို့ ခွင့်ပြုလိုက်ပါတယ်။