ရခိုင်တိုင်းရင်းသူ မနွယ်ဦးဟာ ထိုင်းမြန်မာနယ်စပ်ကတဆင့် ဒုက္ခသည်အဖြစ် အမေရိကန်ပြည်ထောင်စု California ပြည်နယ်ကို မိသားစုနှင့်အတူ ၂၀၀၆ ခုနှစ်က လာရောက်အခြေချနေထိုင်ခဲ့သူဖြစ်ပါတယ်။ သား ၃ ယောက်မိခင်ဖြစ်သူ မနွယ်ဦးဟာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကရုန်းထွက်ပြီး ကိုယ့်အားကိုယ်ကိုးရင်း ခိုင်မာတဲ့ ဘဝကို ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ “Weaving through Change” ဆိုတဲ့ “ယက္ကန်းသည်ဘဝမှ ဖွံ့ဖြိုးရေးဆီသို့”ဆိုတဲ့ လုပ်ငန်းကိုလည်း တည်ထောင်ခဲ့ပြီး မြန်မာအမျိုးသမီးဒုက္ခသည်တွေကို အကူအညီပေးလျက် ရှိပါတယ်။ ဘဝကိုသတ္တိရှိရှိ ရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေအကြောင်း မနွယ်ဦးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5