[Zawgyi/Unicode]
NUG အမျိုးသားညီညွှတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) ကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကို ကာကွယ်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနဲ့အညီ ဖွဲ့စည်းကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ဖျက်ဆီးနေပြီး မြန်မာ့နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိုပါ အဟန့်အတားပြုနေတယ်လို့လည်း ဖော်ပြပါတယ်။
SEE ALSO: မြန်မာကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဌာနတွေကို အကာအကွယ်ပေးဖို့ ကုလတိုက်တွန်းနှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်နိုင်ဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ရှေ့ပြေးအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့လည်း ဒီကနေ့ထုတ်ကြငြာချက်မှာဖော်ပြပါရှိပါတယ်။
ခုဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရည်ရွယ်ချက်ပြည့်မီအောင် ဆောင်ရွက်ရေးနဲ့ လက်နက်တပ်ဆင်ရေးကိစ္စကိုတော့ NUG က အသေးစိတ်ပြောမထားပါဘူး။ NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရသူကို မေးမြန်းခဲ့ပေမဲ့ ဖုန်းဖြေဆိုခြင်းမရှိဘူးလို့ ရိုက်တာသတင်းတရပ်မှာ ရေးထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
SEE ALSO: ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆိုစဈကောငျစီတပျတှဟောပွညျသူလူထုရဲ့ အသကျအိုးအိမျစညျးစိမျကို ထိပါးနှောင့ျယှကျဖကြျဆီးနပွေီး မွနျမာ့နိုငျငံရေးဦးတညျခကြျဖွဈတဲ့ ဖယျဒရယျဒီမိုကရစေီပွညျထောငျစုတညျဆောကျရေးကိုပါ အဟန့ျအတားပွုနတေယျလို့လညျး ဖောျပွပါတယျ။