Australian Open အမျိုးသားတင်းနစ် Djokovic အနိုင်ရ

Australian Open အမျိုးသား tennis မှာ အနိုင်ရသွားသူ ဆာဗီးယားနိုင်ငံကိုယ်စားပြု Novak Djokovic

Australia နိုင်ငံ Melbourne မြို့မှာ ဒီကနေ့ ကစားခဲ့ကြတဲ့ Australian Open Tennis အမျိုးသားဖိုင်နယ်မှာ Serbia က Novak Djokovic က ၅
ကြိမ်မြောက် Australian Open ဆုဖလားကို ရရှိသွားပါတယ်။ ကမ္ဘာ့အဆင့် ၁ Djokovic က အဆင့် ၆ ၊ စကော့တလန်က Andy Murray ကို (၇-၆) ၊ (၆-၇)၊ (၆-၃) ၊ (၆-ဝ) နဲ့ အနိုင်ရသွားတာပါ။

ပထမ ၂ ပွဲက Tiebreak ကစားခဲ့ကြရတာမှာ ပထမဆုံး ပွဲကို Djokovic ကနိုင်ခဲ့ပြီး ဒုတိယပွဲကို Murray က နိုင်ခဲ့ပါတယ်။ ဒုက္ခသည်အဖြစ် လျှောက်ထား သူတွေအပေါ် Australia အစိုးရထားတဲ့ မူဝါဒကို ဆန့်ကျင်ဆန္ဒပြသူတယောက် ကွင်းထဲဝင်လာခဲ့တဲ့အတွက် ဒုတိယပွဲကစားနေစဉ်မှာ ၅ မိနစ်လောက် အနှောင့်အယှက်ဖြစ်ခဲ့ပါသေးတယ်။ ဆန္ဒပြသူ ၂ ယောက် ဖမ်းဆီးခံရတယ်လို့ ပွဲတာဝန်ရှိသူတွေက ပြောပါတယ်။

အခု ၂၀၁၅ ခုနှစ် Australia Open ကို Djokovic နိုင်လိုက်တဲ့အတွက် အခုဆိုရင် သူပိုင်ဆိုင်တဲ့ Grand Slam ဆုကြီးပေါင်းက ၈ ဆုဖြစ်သွားပါပြီ။ စနေနေ့တုန်းက ကစားခဲ့ကြတဲ့ အမျိုးသမီးဖိုင်နယ်တုန်းကလည်း အမေရိကန်သူ Serena Williams က Australian Open ကို ၆ ကြိမ်မြောက်
အနိုင်ရရှိသွားခဲ့ပါတယ်ရှင်။