မြောက်ကိုရီးယား တာတိုပစ် ဒုံးကျည်စမ်းသပ်

မြောက်ကိုရီးယား သတင်းကို ဂျပန်နိုင်ငံ Tokyo မြို့ရှိ တီဗီဖန်သားပြင်ကနေ အမျိုးသားတဦး ကြည့်နေစဉ် (မေ၊ ၀၄၊ ၂၀၁၉)

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျည်တချို့ကို ကိုးရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ထဲ ဒီကနေ့ပဲ စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံရဲ့ အရှေ့ပိုင်း Wonsan မြို့ကနေ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်လောက်မှာ ပစ်လိုက်တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် က ကြေညာချက်မှာ ပြောထားပါတယ်။

ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့အကြား နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲမှာ ဘာသဘောတူညီချက်မှမရပဲ ပျက်သွားပြီး အခုနောက်ဆုံး မြောက်ကိုရီးယားတို့ ရန်စတဲ့ပုံမျိုး လုပ်လိုက်တာလည်း ဖြစ်ပါတယ်။

တကယ်လို့သာ မြောက်ကိုရီးယားက ပစ်လွှတ်တာဟာ တာတိုပစ်ဒုံးကျည်ဆိုရင်တော့ နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုအတွက် သူတို့ပေးထားတဲ့ ကတိကဝတ်ကို ဖောက်ဖျက်ရာမရောက်ပါဘူး။

မြောက်ကိုရီးယားက တာဝေးဒုံးကျည် ဒါမှမဟုတ် နျူကလီးယားဒုံးကျည် မစမ်းသပ်ပါဘူးလို့ပဲ ပြောထားတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ဒုံးကျဉ် စမ်းသပ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ဘာမှ ပြောလာတာမျိုး မရှိသေးပါဘူး။

တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စစ်ရေးတင်းမာမှုတွေ တိုးလာအောင်မလုပ်ဖို့ တောင်းဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တော့ ဒီမြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သတ်ပြီး သမ္မတ Donald Trump ကို အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ပြည့်ပြည့်စုံစုံ ရှင်းပြထားတယ်လို့ ထိပ်တန်းအစိုးရ အရာရှိတဦးက ပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား တာတိုပစ် ဒုံးကျည်စမ်းသပ်