မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည် ဒါမှမဟုတ် အာကာသကို လွှတ်တင်မှု တခုလုပ်ဖို့ ပြင်ဆင်နေနိုင်တယ်ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စုက NPR လူထုရေဒီယို သတင်းဌာနက ကြေငြာသွားပါတယ်။
Pyongyang မြို့တော်နားက Sanumdong နျူးကလီးယားစခန်းရဲ့ အာကာသဓါတ်ပုံက ရိုက်ယူမှု ပုံရိပ်တွေကို ကြည့်ပြီးတော့ သုံးသပ်ပြီးတော့ ပညာရှင်တဦး ပြောသွားခဲ့တာဖြစ်ပါတယ်။ ကုန်တင်ကားတွေ၊ ကားတွေ၊ မီးရထားနဲ့ ကရိန်း ဝန်ချီစက်တွေကို အဲ့ဒီမှာ အလုပ်များနေတာကို အာကာသ ဓါတ်ပုံမှာ တွေ့ရပါတယ်။
California ပြည်နယ် Middlebury က သိပ္ပံသုတေသီ Jeffery Lewis ရဲ့ သုံးသပ်ချက်ကို NPR မှာ တင်ပြသွားတာပါ။
မြောက်ကိုရီးယားဟာ နျူးကလီးယား စမ်းသပ်မှုတွေ ဆက်လုပ်နေတယ်ဆိုရင်တော့ ဒါဟာ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတ Donald Trump က သောကြာနေ့ကပဲ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5