မြောက်ကိုရီးယား ရွေးကောက်ပွဲ ကျင်းပ 

ဒေသန္တရ ရွေးကောက်ပွဲကျင်းပနေ

မြောက်ကိုရီးယား ပြည်သူတွေ တနင်္ဂနွေနေ့က ဒေသန္တရ ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့ကြပါတယ်။ ပြည်နယ်၊ မြို့နဲ့ ခရိုင် ဆိုင်ရာ လူထု လွှတ်တော်တွေ အတွက် ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပေးတဲ့ ရွေးကောက်ပွဲတွေကို လေးနှစ် တကြိမ် ကျင်းပတာပါ။

မဲရုံတွေ အပြင်မှာ အဆို အက ဖျော်ဖြေရေးတွေကို အာဏာပိုင်တွေက စီစဉ်ပေးထားပြီး ရွေးကောက်ပွဲတွေကို ကျင်းပကြတာပါ။ ကိုယ်စားလှယ်လောင်းတွေကို ပါတီက ရွေးချယ်ပြီး မဲဆန္ဒနယ် တခုချင်းစီ အတွက် ကိုယ်စားလှယ် တဦးသာရှိပြီး မဲဆန္ဒရှင်တွေက မဲပေးကြတာပါ။ သဘောတရား အရတော့ မဲဆန္ဒရှင်တွေ အနေနဲ့ ထောက်ခံမဲ မထည့်ဘူးလို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို လုပ်ဖို့ အားတော့ မပေးပါဘူး။

မြို့တော် ပြုံယမ်းမှာတော့ မဲဆန္ဒရှင်တွေက ပြုံယမ်း မြို့တော် လူထု လွှတ်တော် အတွက် ကိုယ်စားလှယ် တဦးနဲ့ သူတို့ နေထိုင်ရာ ရပ်ကွက် အတွက်လည်း ကိုယ်စားလှယ် တဦး ရွေးရပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်တုန်းက ကျင်းပခဲ့တဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာတော့ မဲဆန္ဒရှင် စာရင်းသွင်းထားသူတွေရဲ့ ၉၉ ဒသမ ၉၇ ရာခိုင်နှုန်း မဲပေးခဲ့ကြကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား ရွေးကောက်ပွဲ ကျင်းပ