ကိုဗစ်ဗိုင်းရပ်စ် သံသယရှိသူ မြောက်ကိုရီးယား စတွေ့ရှိ

ပြုံယမ်းမြို့ မူလတန်းကျောင်းတခုမှာ ကလေးတွေကို ကိုယ်ပူချိန် တိုင်းတာစစ်ဆေးနေတဲ့မြင်ကွင်း။ (ဇွန် ၃၊ ၂၀၂၀)

(Zawgyi / Unicode)

မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ တယောက်ကို ပထမဆုံး တွေ့ရှိထားတယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တယောက်မှမရှိဘူးလို့ လပေါင်းများစွာ ငြင်းဆိုလာခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က အခုလို ပြောလိုက်တာဖြစ်ပြီး အဲဒီလူဟာ မြောက်ကိုရီးယားနိုင်ငံက ထွက်ပြေးပြီး မကြာသေးခင်ကမှ ပြန်ဝင်လာတဲ့သူဖြစ်တယ်လို့ ပြောပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူဟာ လွန်ခဲ့တဲ့ ၃ နှစ်က မြောက်ကိုရီးယားက တောင်ကိုရီးယားကို ထွက်ပြေးသွားသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကမှ ၂ နိုင်ငံနယ်စပ်ကို တရားမဝင်ဖြတ်ပြီး ရောက်လာသူဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်သတင်းက ပြောပါတယ်။

အဲဒီလူရဲ့ အသက်ရှူလမ်းကြောင်းနဲ့ သွေးတွေကို အကြိမ်ကြိမ် ဆေးစစ်ထားပြီး ဗိုင်းရပ်စ်ရှိမရှိ မသေချာသေးဘူးလို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA က ကြေညာပါတယ်။

SEE ALSO: Covid-19 တိုက်ဖျက်ရေး ကူညီဖို့ မြောက်ကိုရီးယားကို သမ္မတ Trump ကမ်းလှမ်း

ဒါပေမယ့် အဲဒီသံသယလူနာဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်ခဲ့တာလား ဆိုတာကို မပြောပေမယ့် ကနဦးခြေလှမ်းအနေနဲ့ အဲဒီလူကို အသွားအလာ ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ်ချမှတ်ပြီး သီးသန့်ခွဲထားကြောင်း၊ သူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ သူတွေနဲ့ Kaesong မြို့ကို ပြီးခဲ့တဲ့ ၅ ရက်အတွင်း သွားခဲ့တဲ့သူတွေကို သေချာ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး ဆေးစစ်တာတွေ သီးသန့်ခွဲပြီးတော့ အသွားအလာ ကန့်သတ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un လည်း မနေ့ စနေနေ့က ထိပ်တန်း ပေါ်လစ်ဗျူရို အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိကောင်း ရောက်ရှိနေပြီ ဆိုတာကို ဝန်ခံ အသိအမှတ် ပြုသွားတယ်လို့ KCNA က ပြောပါတယ်။

ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့သတင်း ထွက်လာပြီးနောက် Kaesong မြို့မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတော့ မြို့အဝင်အထွက်တွေကို လုံး၀ ပိတ်ဆု့ိလိုက်သလို ခရိုင်နဲ့ ဒေသတခုချင်းစီကိုလည်း ဇူလိုင် ၂၄ ရက်နေ့ နေ့လယ်ကစပြီး အသွားအလာ ကန့်သတ်မှုတွေလုပ်ပြီး တနေရာနဲ့ တနေရာ မသွားဖို့ အမိန့်ထုတ်လိုက်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ဗိုင်းရပ်စ် သံသယရှိသူ မြောက်ကိုရီးယား စတွေ့ရှိ

--------------------------------

(Unicode)






SEE ALSO: Coronavirus ပြဿနာ မြောက်ကိုရီးယားကို ကန် ကူညီရန် အသင့်


