အမေရိကန်ပြည်ထောင်စုအထိ ဒုံး ပစ်ခတ်နိုင်ပြီဟု မြောက်ကိုရီးယားပြောဆို

ု မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးကျဉ်

အမေရိကန်ပြည်ထောင်စုအထိ ရောက်အောင်ပစ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျဉ်တစင်းကို မြောက်ကိုးရီးယားနိုင်ငံက မနေ့ အင်္ဂါနေ့မှာ အောင်အောင်မြင်မြင် ပစ်လွှတ်လိုက်တယ်လို့ မြောက်ကိုးရီးယားကပြောပါတယ်။ မြောက်ကိုးရီးယားနိုင်ငံပိုင်သတင်းစာက ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ ခုလိုကြေညာလိုက်တာပါ။

Hwasong-15 မစ်ဇိုင်းဒုံးကျဉ်ကို အောင်မြင်စွာပစ်လွှတ်ခဲ့တာကို စောင့်ကြည့်ခဲ့တဲ့ မြောက်ကိုးရီးယားခေါင်းဆောင်ကင်မ်ဂျွန်အွန်းက နိုင်ငံပိုင်အနျူမြူစွမ်းအားကို သမိုင်းဝင်ရရှိလိုက်ပြီဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ကြေငြာလိုက်တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။Hwasong-15ဒုံးကျဉ်ကို မြို့တော်ပြုံယမ်းရဲ့ မြောက်ဘက်က Sang Ni ကွင်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ပျံသန်းချိန် ၅၃ မိနစ်ကြာမြင့်ခဲ့ပါတယ်။

အဲဒီ ဒုံးကျဉ်ဟာ ဂျပန်ပင်လယ်ထဲကျမသွားခင် ကီလိုမီတာ ၉၅၀ အကွာထိရောက်ခဲ့ပြီး၄၄၇၅ ကီလိုမီတာအမြင့်ထိ ရောက်အောင် ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုးရီးယားက ပြောပါတယ်။ ဒုံးကျဉ်ကျခဲ့တဲ့နေရာဟာ ဂျပန်တို့ရဲ့ သီးသန့် စီးပွါးရေးဇုံပိုင်နက်နယ်မြေတွင်းဖြစ်ပါတယ်။

မြောက်ကိုးရီးယားရဲ့ ICBM ဒုံးပစ်လွှတ်လိုက်ပြီးနာရီ ပိုင်းအကြာမှာတော့ အမေရိကန်သမ္မတ Donald Trumpအဲဒီ အခြေအနေတွေကို ကိုင်တွယ်သွားမယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။ဒါပေမယ့်လည်း မြောက်ကိုးရီးယားအပေါ် အမေရိကန်တို့ရဲ့ ချည်းကပ်ကိုင်တွယ်ဆောင်ရွက်ပုံတွေ ပြောင်းလဲမသွားသေးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုအထိ ဒုံး ပစ်ခတ်နိုင်ပြီဟု မြောက်ကိုရီးယားပြောဆို