[Zawgyi/Unicode]
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တိုးနေပေမဲ့ နိုင်ငံထဲမှာ lockdown ကန့်သတ်ချက်တွေချဖို့ မလိုအပ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ကိုဗစ်ရောဂါ ထိန်းချုပ်တိုက်ဖျက်ရေး အထူးအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် Lockdown ကန့်သတ်ချက်တွေ ထုတ်စရာမလိုဘူးလို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ရောဂါထိန်းချုပ်ရေးကို အစိုးရက အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်ဆိုတာ အခိုင်အမာပြောနိုင်ပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ရင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မယ်ဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက သူ့ကို အသေအချာပြောထားပါတယ်။" လို့ ဝန်ကြီးချုပ် Prayuth Chan-ocha ကပြောပါတယ်။
ရောဂါကူးစက်ပျံ့နှံ့နေတဲ့ ခရိုင်တွေမှာ အတည်ပြုလူနာအရေအတွက်အလိုက် အဆင့်ခွဲသတ်မှတ်ပြီး လိုအပ်တဲ့ ကန့်သတ်ဆောင်ရွက်ချက်တွေ ချမှတ်သွားမယ်ဆိုတဲ့ ရောဂါထိန်းချုပ်ရေးအစီအစဉ်တွေကို ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေကလည်း ကြေညာခဲ့ပါတယ်။ ဘန်ကောက်မြို့တော်ကနေ ၁ နာရီကျော်လောက်သာ ကားနဲ့သွားရတဲ့ စမွတ်ဆာခွန်းခရိုင်ထဲက မြန်မာ ရွှေ့ပြောင်းလုပ်သားအများစု အလုပ်လုပ်ကြတဲ့ ပင်လယ်စာဈေးကနေ ကိုဗစ်ကပ်ရောဂါ စတင်ပြန့်ခဲ့တာဖြစ်ပြီး အခုအနားတဝိုက်က ခရိုင် ၃၀ နီးပါးမှာ ကိုဗစ်ရောဂါ မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နေပါတယ်။
SEE ALSO: ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေပေါ် အသွားအလာကန့်သတ်စမွတ်ဆာခွန်းခရိုင်ကို အဆင့်မြင့် ထိန်းချုပ်ကန့်သတ်နေရာအဖြစ် ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက သတ်မှတ်ထားပါတယ်။ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကိုလည်း ကိုဗစ် စမ်းသပ် စစ်ဆေးမှုတွေ လုပ်နေပြီး ပင်လယ်စာဈေးကို ပုံမှန်အဝင်အထွက်ရှိတဲ့ နိုင်ငံတဝန်းက ဈေးသည်တွေ ကုန်သည်တွေနောက်ကိုလည်း ခြေရာခံ ဆေးစစ်မှုတွေ လုပ်နေပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ကြတဲ့ နေရာတွေမှာတော့ အဝင်အထွက်တွေကို တားမြစ်ကန့်သတ်ထားပါတယ်။ လက်ရှိအထိ ကိုဗစ်အတည်ပြုလူနာ ၁,၀၀၀ ကျော်မှာ အားလုံးနီးပါးက ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ခရိုင် ၂၇ ခုက ဈေးတွေမှာ ကူးစက်ပျံ့နှံ့နေမှုဟာလည်း ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဖြစ်တယ်လို့ ထိုင်းအစိုးရပြောခွင့်ရသူက ပြောပါတယ်။
ဘန်ကောက်မြို့တော်ကို ဒုတိယအဆင့်အမြင့်ဆုံး ထိန်းချုပ်နေရာအဖြစ် သတ်မှတ်လိုက်တဲ့အတွက် နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွဲှခွင့် မရှိတော့ပါဘူး။ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကိုလည်း အချိန်သတ်မှတ်ချက်နဲ့သာ ဖွင့်ရတော့မှာဖြစ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေကိုတော့ ဆက်လက် ဖွင့်ခွင့်ပြုထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]