အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရကို စစ်အာဏာရှင်စနစ်က ပေးလိုက်တဲ့ အမွေးဆိုးတွေထဲက မူးယစ်ဆေးပြဿနာလည်း ပါဝင်ပါတယ်။ ဘိန်းနဲ့စိတ်ကြွဆေး အထွက်တိုးလာတာကြောင့် မူးယစ်ဆေးတားဆီးနှိမ်နင်းရေး၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နဲ့ ဘိန်းအစားထိုးစိုက်ပျိုးရေးဟာ အစိုးရသစ်ရဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ် ဦးသိန်းစိန်က စက်တင်ဘာ (၇) ရက်နေ့က နေပြည်တော်မှာ ပြောသွားပါတယ်။ အစိုးရပြုပြင်ရေးနဲ့အတူ မူးယစ်ဆေးတိုးပွားနေတာဟာ စိုးရိမ်စရာ ဖြစ်နေပါတယ်။
၂၀၁၄ မှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗမာစစ်အစိုးရဟာ ၁၉၉၉ မှာ (၁၅) နှစ် စီမံကိန်းကို စတင် အကောင်အထည် ဖော်ပါတယ်။ ၂၀၁၄ ရောက်ရင် ရှမ်းပြည်က မြို့နယ်အများစုမှာ ဘိန်းစိုက်ပျိုးမှု နိဂုံးချုပ်ရမယ်လို့ စစ်အစိုးရ ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်းလေ့လာရေးအဖွဲ့ မကြာမီက စစ်တမ်းကောက်တဲ့အခါ ရှမ်းမြို့နယ် (၅၅) ခုမှာ ဘိန်းစိုက်တဲ့မြို့နယ်က (၄၉) ခု ဖြစ်နေကြောင်း လွန်ခဲ့တဲ့ ဇွန်လထုတ် ရှမ်းမူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေးဌာနနဲ့ သစ်တောဌာနရဲ့ အကူအညီယူပြီး စစ်တမ်းကောက်ယူရေးသားတဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရေးရာရုံးရဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာလည်း ဒီနှစ်ထဲမှာ ဘိန်းစိုက်ခင်း (၂၀) ရာခိုင်နှုန်းနီးပါး တိုးပွားလာတယ်လို့ ဖော်ပြပါတယ်။ ဒေသခံအမှုထမ်း (၁၃၅) ဦးရဲ့ ကွင်းဆင်းလေ့လာချက်နဲ့ ဂြိုဟ်တုက ရိုက်ကူးတဲ့ဓါတ်ပုံကို အခြေခံပြီး ရေးသားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှု ဆက်တိုက်တိုးပွားနေတာ (၆) နှစ်ရှိပြီလို့ ဆိုပါတယ်။ ၁၉၉၆ က ၂၀၀၆ အထိ ဆယ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ဆက်တိုက်ကျဆင်းလာပြီးမှ ၂၀၀၆ ကစပြီး နှစ်စဉ်ဘိန်းခင်းတွေ တိုးပွားလာတာဖြစ်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာမှာ စာရင်းဇယားနဲ့အတူ ဖော်ပြပါတယ်။ ဒီနှစ်ထဲမှာ ဘိန်းခင်းဧက (၃) သောင်းလောက် တိုးပွားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဘိန်းစိုက်ခင်း (၅၀) ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိပြီး ရှမ်းပြည်အရှေ့ပိုင်းမှာ (၂၈) ရာခိုင်နှုန်း ရှမ်းပြည်မြောက်ပိုင်းမှာ (၁၂) ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ (၁၀) ရာခိုင်နှုန်း ရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ကိုးကန့်၊ ဝ နဲ့ မိုင်းလားဒေသမှာ ဘိန်းစိုက်ပျိုးမှု မရှိကြောင်း သိရပါတယ်။ ဘိန်းစိုက်ပျိုး၇တဲ့အကြောင်းရင်းဟာ ရိက္ခာဝယ်နိုင်ဖို့ ဖြစ်တယ်လို့ စိုက်ပျိုးသူတွေက ပြောပါတယ်။ ဘိန်းရောင်းလို့ ငွေရလွယ်တာဟာလည်း စိုက်ပျိုးရေးကို အားပေးသလို ဖြစ်နေပါတယ်။ ဒီနှစ်မှာ ဘိန်းတန်ချိန် (၇၀၀) နီးပါးထွက်နိုင်တယ်လို့ ခန့်မှန်းတာမို့ မနှစ်ကထက် (၁၃) ရာခိုင်နှုန်း ပိုများလာပါတယ်။ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တန်ချိန်နှစ်ရာကျော်စီထွက်ပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တန်တရာဝန်းကျင်လောက် ထွက်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အစိုးရကတော့ ဧက (၅) သောင်းကျော် ဖျက်ဆီးနိုင်တယ်လို့ ဆိုပါတယ်။
ဗမာအစိုးရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗဟိုကော်မတီနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရေးရာရုံးတို့ ပူးတွဲပြီး ဘိန်းစစ်တမ်းကောက်ယူလာတာ ဒီနှစ်ပါဆိုရင် (၁၀) နှစ်ရှိသွားပါပြီ။ ဒီနှစ်လေ့လာချက်မှာ ရှမ်းပြည်နယ်မှာ ကျေးရွာ (၈၀၀) ကျော်ကို စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။ တရားမဝင် ဘိန်းစိုက်ပျိုးမှု မြေပြင်စာရင်းကောက်ယူရေး သင်တန်းပေးပြီး စနစ်တကျ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အထူးဒေသတွေဖြစ်တဲ့ ကိုးကန့်၊ ဝ နဲ့ မိုင်းလားဒေသမှာ စစ်ဆေးတဲ့အခါ ဘိန်းစိုက်ပျိုးတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်-မြန်မာနယ်စပ်ဒေသမှာ ဘိန်းပပျောက်ရေး စီမံကိန်း အောင်မြင်နေပုံရပါတယ်။ ကယားနဲ့ ချင်းပြည်နယ်မှာ ကျေးရွာ (၂၀) စီ စစ်တမ်းကောက်ယူနိုင်တဲ့အတွက် ဘိန်းစိုက်ပျိုးမှုရှိကြောင်း သိရပါတယ်။ ဂြိုဟ်တုမှ ရိုက်ကူးတဲ့ဓါတ်ပုံတွေအရ အမြင့်မီတာ (၈၀၀) နဲ့ (၁၈၀၀) အကြားက ကုန်းမြင့်ဒေသမှာသာ ဘိန်းစိုက်ခင်း (၉၅) ရာခိုင်နှုန်းကို တွေ့နိုင်ကြောင်း သိရပါတယ်။
ယူနန်ပြည်နယ်အစိုးရက ဘိန်းအစား ရာဘာစိုက်ပျိုးတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နေတုန်း ဘိန်းခင်းတွေ တိုးပွားလာတာဟာ မြေအနိမ့်အမြင့် ကွာခြားမှုကြောင့် ဖြစ်တယ်လို့ နယ်သလာန် အခြေစိုက် Transnational Institute ရဲ့ ဖေဖေါ်ဝါရီလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဘိန်းပင်ဟာ အမြင့်မီတာ တထောင်အထက်မှာ ရှင်သန်ပြီး ရာဘာပင်က မီတာတထောင်လောက်အောက်မှာသာ ရှင်သန်နိုင်တာကြောင့် ရာဘာခြံတွေများလာပေမယ့် ဘိန်းခင်းမပျောက်တာ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်အစိုးရဟာ ဒေါ်လာသန်းနှစ်ရာ ရင်းနှီးမြုပ်နံှပြီး ၂၀၀၅ မှ ၂၀၀၈ အထိ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဘိန်းအစား ရာဘာစိုက်ပျိုးရေးလုပ်ဖို့ အားပေးအားမြောက် လုပ်ခဲ့ပါတယ်။ တရုတ်ကုမ္မဏီ (၂၀၀) ကျော် ရာဘာလုပ်ငန်းမှာ ရင်းနှီးကြပြီး ထွက်သမျှ ရာဘာကို ယူနန်ပြည်နယ်ကို တင်ပို့ကြပါတယ်။ ဘိန်းအစားထိုးစိုက်ပျိုးရေး တရုတ်စီမံကိန်းကြောင့် ရာဘာခြံတွေ ပေါ်လာတာဟာ တရုတ်အတွက် စီးပွားဖြစ်ပြီး ဒေသခံအာဏာပိုင်တွေ အကျိုုးအမြတ် ခံစားရပေမယ့် ဘိန်းခင်းတွေ တိုးလာတာဟာ ရည်ရွယ်ချက်မအောင်မြင်ကြောင်း သက်သေပြသလို ဖြစ်နေပါတယ်။
ဘိန်းအစားထိုး ဖွံ့ဖြိုးရေး (၁၅) နှစ် စီမံချက် မအောင်မြင်မှန်းသိတဲ့အတွက် ၂၀၁၈ အထိ နောက်ထပ် (၅) နှစ် သက်တမ်းတိုးကြောင်း ပြည်ထဲရေးဝန်ကြီးက နေပြည်တော်မှာ ပြောသွားပါတယ်။ ဘိန်းကိုရာဘာနဲ့ အစားထိုးလို့မရတာဟာ ဦးဘိန်းစိန်အစိုးရအတွက် သင်ခန်းစာကောင်းတခု ဖြစ်နိုင်ပါတယ်။