တနေ့ကြရင် တက္ကသိုလ်နဲ့ကောလိပ်တွေဟာ မိမိတို့ဘာသာစီမံခန့်ခွဲပြီး အုပ်ချုပ်နိုင်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်က အစိုးရသက်တမ်း တနှစ်မြောက်မိန့်ခွန်းမှာ ပြောပါတယ်။ လွန်ခဲ့တဲ့ မေလ (၁၂) ရက်နေ့ကတော့ ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အစိုးရရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးသယ်ပိုးရာမှာ ဗဟိုချုပ်ကိုင်မှုမရှိဘဲ ဥပဒေစည်းမျဉ်းနဲ့သာ ထိန်းကျောင်းရမယ်လို့ ဆိုပါတယ်။
တပတ်ကြာတော့ စီးပွားရေးရာသမ္မတအကြံပေး ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ကို အရင်ကရှိခဲ့တဲ့ ပညာဂုဏ်ရောင် ပြန်လည်ထွန်းပြောင်အောင် ကြိုးပမ်းကြဖို့ အိပ်ဖွင့်ပေးစာထုတ်ပြန်လိုက်ပါတယ်။ ၁၉၆၂ မှာ စစ်တပ်က ဗုံးခွဲဖျက်ဆီးလိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးကိုလည်း ဒေါက်တာဦးမြင့် က ဆွေးနွေးထားပါတယ်။ ဇူလိုင်လနှောင်းပိုင်းရောက်တော့ စစ်အစိုးရကြီးစိုးတဲ့ အနှစ် (၅၀) ကာလမှာ တက္ကသိုလ်ပညာရေးအဆင့်နှိမ့်ကျလာပုံကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြပြီး ၂၀၁၂ တက္ကသိုလ်ပညာရေးဥပဒေကြမ်းကို အတည်မပြုဘဲ ရပ်ဆိုင်းလိုက်ပါတယ်။
တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ (၃၁) ရက်နေ့က အတည်ပြုဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ မြောက်ဒဂုံက ဒေါ်တင်နွယ်ဦး၊ သူရဦးအောင်ကိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ကန့်ကွက်ကြပြီး သင်္ကန်းကျွန်း ဦးသိန်းညွှန့်က ရပ်ဆိုင်းဖို့ အဆိုတင်သွင်းတာကြောင့် တက္ကသိုလ်ပညာရေးဥပဒေကြမ်းကို ပြန်လည်ရေးဆွဲရပါလိမ့်မယ်။ ပညာရေးဝန်ကြီးဌာနကို ချုပ်ကိုင်ခွင့်ပေးတဲ့ ဥပဒေကြမ်းဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ လွတ်လပ်မှုမရှိတဲ့အတွက် လွှတ်တော်ကပယ်ချသင့်ကြောင်း ဒေါ်တင်နွယ်ဦးက ကန့်ကွက်ပြောဆိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင် သူရဦးအောင်ကိုကလည်း ဒီဥပဒေကြမ်းဟာ ၁၉၇၃ မဆလ ပညာရေးဥပဒေကို မွမ်းမံပြင်ဆင်ထားမှန်သိသာတယ်လို့ ဆိုပါတယ်။ လွတ်လပ်စွာစီမံအုပ်ချုပ်ခွင့်၊ သင်ကြားခွင့်နဲ့ ရန်ပုံငွေရှာခွင့်ရှိရမယ်လို့ သူရဦးအောင်ကို က ဆိုပါတယ်။
တက္ကသိုလ်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင်ကိုတို့ ကန့်ကွက်ပြောဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံဆွေးနွေးပြီး ဥပဒေကြမ်းတခုလုံးကို ပြန်လည်ရေးဆွဲဖို့ အကြံပြုလိုက်ပါတယ်။ စစ်အစိုးရကြီးစိုးစဉ်က တက္ကသိုလ်များ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ သင်ကြားရေး၊ စည်းကမ်းထိန်းသိမ်းရေး စတာတွေကို ပညာရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတာကြောင့် တက္ကသိုလ်ပညာရေး ပျက်စီးယိုယွင်းပြီး အဆင့်အတန်းနှိမ့်ကျသွားရတာကို ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မြင်ပါတယ်။ တက္ကသိုလ်ဥပဒေကြမ်းကို ရပ်ဆိုင်းဖို့ ဦးသိန်းညွှန့်အဆိုတင်သွင်းတာကို ကန့်ကွက်မယ့်သူ တယောက်မှမရှိတာကိုကြည့်ရင် ပညာရေးစနစ်ဟောင်းကို ပြည်သူ့လွှတ်တော်က လက်မခံနိုင်တာ သိသာပါတယ်။ ဒါကြောင့် တက္ကသိုလ်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်ကော်မတီ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနနဲ့ စိတ်ဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲပြီး လွှတ်တော်ဆန္ဒရယူဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာနအောက်မှာ တက္ကသိုလ် (၆၄) ခုရှိပြီး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနအောက်မှာ (၆၁) ခု ရှိပါတယ်။ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ၁၉၉၇ မှာ ဖွဲ့စည်းတာဖြစ်လို့ တနှစ်မှာ တက္ကသိုလ် (၄) ခုနှုန်းနဲ့ တည်ထောင်လာခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ တက္ကသိုလ် (၁၅) ခုရှိပြီး ကာကွယ်ရေးနဲ့ သမဝါယမဝန်ကြီးဌာနမှာလည်း တက္ကသိုလ် (၅) ခုထက် မနည်းရှိကြပါတယ်။ ဝန်ကြီးဌာနတခုနဲ့တခု ငွေကြေးသုံးနိုင်တဲ့ အင်အားချင်တူတာမဟုတ်လို့ တက္ကသိုလ်တွေရဲ့ အခြေအနေဟာလည်း ကွဲပြားခြားနားကြပါတယ်။ ကာကွယ်ရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်တွေမှာ ငွေအင်အား၊ ဆရာအင်အားတောင့်ပြီး သင်ကြားရေးပစ္စည်း ကိရိယာ အလုံအလောက်ရှိပါတယ်။ ပညာရေးနဲ့ အခြားဝန်ကြီးဌာနလက်အောက်ခံ တက္ကသိုလ်တွေမှာတော့ ငွေကြေးအကန့်အသတ် ရှိပါတယ်။
သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနမှာ တက္ကသိုလ် (၆၀) ကျော်ရှိပေမယ့် နာမည်ကျော် RIT ရန်ကုန်စက်မှုတက္ကသိုလ်ကို ပြန်ဖွင့်ဖို့ကိစ္စမှာ ရန်ပုံငွေမရှိဘဲ ဖြစ်နေပါတယ်။ ၁၉၈၈ အရေးတော်ပုံကြောင့် ပိတ်ထားခဲ့တဲ့ RIT ရန်ကုန်စက်မှုတက္ကသိုလ်ကို နည်းပညာတက္ကသိုလ်အဖြစ် ပြန်ဖွင့်ဖို့ ကြိုးပမ်းရာမှာ ဘတ်ဂျက်မရှိတဲ့အတွက် အငြိမ်းစားပါမောက္ခချုပ် အလှူခံထွက်နေရပုံကို 7 Day News Journal မှာ စက်တင်ဘာလ (၁၃) ရက်နေ့က ဖော်ပြပါတယ်။ အစိုးရအကူအညီမပါဘဲ သူများလှူတာနဲ့ RIT ပြန်ဖွင့်ဖို့ ကြိုးပမ်းတာဟာ ပုဂ္ဂလိကကဏ္ဍရဲ့ အထောက်အပံ့ကို ရယူတာဖြစ်လို့ အစဉ်အလာကောင်းတခု ဖြစ်နိုင်ပါတယ်။ တိုးတက်ဖွံ့ဖြိုးရေး မရှိနိုင်ကြောင်း ပြသလိုက်တဲ့ သာဓကတခု ဖြစ်ပါတယ်။
တက္ကသိုလ်တွေကို လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့်ပေးလိုက်ရင် တဖြည်းဖြည်း ပြန်လည်တိုးတက်ဖို့ အလားအလာရှိပါတယ်။ နိုင်ငံခြားနဲ့ လွတ်လပ်စွာ ဆက်သွယ်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်အရေအတွက်များကြီး အရည်အသွေးနိမ့်ကျနေတာဟာ ဝါဒဖြန့်မှုပဲ ဖြစ်ပါတယ်။ လွတ်လပ်မှ တက္ကသိုလ်ပညာအဆင့်အတန်း တိုးတက်နိုင်တာကို မြန်မာအာဏာပိုင်တွေ သဘောပေါက်ဖို့ လိုပါတယ်။