အနှစ် (၂၀) ကျော် ဖိနှိပ်ညှဉ်းပမ်းပြီး စစ်တပ်ကထင်သလို ကြီးစိုးခဲ့တဲ့ မြန်မာပြည်မှာ စစ်အစိုးရတဖြစ်လည်း အရပ်ဝတ်အစိုးရက ပြုပြင်ရေးလုပ်နေတာကို လက်ခံသူတွေရှိသလို သံသယဖြစ်သူတွေလည်း ရှိပါတယ်။ ဒီမိုကရေစီသဘောတရားကို လျစ်လျုရှုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကြည့်ပြီး အခွင့်ထူးခံစစ်အုပ်စု သက်ဆိုးရှည်အောင် လုပ်တာလားလို့ သံသယဖြစ်တာတွေလည်း ရှိပါတယ်။ အဂတိလိုက်စားမှုတွေ ပျံ့နံှနေပါတယ်။ ဆင်းရဲဒုက္ခနဲ့ ရောဂါဘယပွားများနေဆဲ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အမွေးဆိုးတွေကို ဖြေရှင်းဖို့ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးလုပ်နေတာကို အလားအလာရှိမရှိ ဝေဖန်သုံးသပ်နေကြပါတယ်။
ကမ္ဘာမှာ လက်ခံထားတဲ့ တရားဥပဒေစိုးမိုးရေးသဘောတရားကို မြန်မာပြည်မှာ ဘယ်လောက်ကျင့်သုံးနိုင်တယ်ဆိုတာကို အကဲဖြတ်တဲ့ စာတမ်းတစောင်ကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း International Bar Association ရဲ့ လူ့အခွင့်အရေးဌာနခွဲက ထုတ်ဝေပါတယ်။ လွန်ခဲ့နှစ် သြဂုတ်လက မြန်မာပြည်မှာ တပတ်လေ့လာပြီး ဒီဇင်ဘာလမှာ ထုတ်ဝေပါတယ်။ ဒီ ရှေ့နေအသင်းမှာ ကမ္ဘာအရပ်ရပ်က ရှေ့နေအဖွဲ့အစည်းပေါင်း နှစ်ရာနီးပါး ပါဝင်ပါတယ်။
နေပြည်တော်မှာ ဥပဒေတွေကို ပြဌာန်းပြီး အဖွဲ့အစည်းနဲ့ဌာနဆိုင်ရာ အပြောင်းအလဲတွေ လုပ်နေပေမယ့် တိုင်းသူပြည်သားရဲ့ စားဝတ်နေရေးအခြေအနေ ကောင်းမွန်လာအောင် မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ပြုပြင်ရေးအောင်မြင်ဖို့အတွက် တရားဥပဒေအခြေခံကောင်းဖို့ လိုပါတယ်။ အများအကျိုးပြုတဲ့ အပြောင်းအလဲတွေ ရေရှည်ခံအောင် ဥပဒေက ကာကွယ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ အပြည်ပြည်တဲ့ အပြောင်းအလဲတွေ ရေရှည်ခံအောင် ဥပဒေက ကာကွယ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးနဲ့လည်း ပြည်သူပြည်သားရဲ့ အခွင့်အရေးကို သင်ကြားပြသ ပေးရပါလိမ့်မယ်။ ဖိနှိပ်တဲ့အမိန့် ဥပဒေတွေကို ရုတ်သိမ်းဖို့လိုပါတယ်။ ရိုဟင်ဂျာရှစ်သိန်းနဲ့ အခြားလူမျိုးတွေကို နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ထားတဲ့ လက်ရှိဥပဒေကို ကျယ်ဝန်းလာအောင် ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။
အခြေခံဥပဒခေုံရုံးနဲ့ ဥပဒေပြုလွှတ်တော် ထိပ်တိုက်တွေပြီးအငြင်းပွားရတာဟာ အပြန်အလှန် ထိန်းချုပ်မှု အခြေမခိုင်တာကို ပြသရာရောက်ပါတယ်။ တကယ်လွတ်လပ်ပြီး သီးခြားတည်ရှိတဲ့ ခုံရုံးကို တည်ထောင်နိုင်ဖို့ အရေးကြီးပါတယ်။ Civil Society (ခေါ်) အရပ်သားအဖွဲ့အစည်းက ပုဂ္ဂိုလ်နဲ့ သတင်းစာဆရာကို ဥပဒေအရ အကာအကွယ်ပေးပြီး အစိုးရလုပ်တာ တရားဝင်မဝင် လေ့လာဆန်းစစ်နိုင်အောင် ကူညီသင့်တယ်လို့ ဆိုပါတယ်။ အစိုးရကိုယ်တိုင်က တရားဥပဒေကို ရိုသေလေးစားကြောင်း ပြတာဟာတိုင်းပြည်အတွက် အများကြီးအကျိုးရှိပါတယ်။ တရားစွဲခံနိုင်တဲ့ အစိုးရဖြစ်ရပါလိမ့်မယ်။ ဥပဒေပြုရာမှာ ပြည်သူ့လိုအပ်ချက်နဲ့အညီ မြင်သာပွင့်လင်းစွာ ဥပဒေပြုနိုင်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်ဟာ အတော်လေး လုပ်ကိုင်နိုင်တာတွေ့ရပေမယ့် လုပ်ပုံကိုင်ပုံ လျှို့ဝှက်ပြီး မနိုင်မနင်း ဖြစ်နေပါတယ်။
အစိုးရသစ်တက်လာပြီး မကြာမီဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ ဥပဒေအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် ကင်းမဲ့နေတာကြောင့် ရည်ရွယ်ချက်အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေပါတယ်။ အဓိကကျတဲ့ အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေမှာ စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးတုန်း ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက စစ်တပ်ကို အရေးပေါ်လုပ်ပိုင်ခွင့် အာဏာပေးအပ်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းဟာ စစ်ဦးစီးချုပ် ခန့်ထားတဲ့ စစ်ဗိုလ်တွေဖြစ်ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍအရေးကြီးပေမယ့် ပြုပြင်ရေးသဘောနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က မတရားလုပ်ထားတာတွေကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ မတရားစွပ်စွဲခံရသူတွေဟာ မိမိတို့မှာ အပြစ်မရှိဘဲ အကြောင်းမဲ့ အပြစ်ပေးခံရတာကို ရှင်းလင်းပိုင်ခွင့် ရှိရပါလိမ့်မယ်။
အုပ်ချုပ်ရေးနဲ့ စစ်တပ်ရဲ့ သြဇာခံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ တရားရေးဌာနကို တိုင်းသူပြည်သားက ရိုသေလေးစားတာ မဟုတ်ပါဘူး။ ဒါကြောင့် တရားရေးဌာနဟာ ဘက်မလိုက်ဘဲ သမာသမတ်ကြပြီး သီးခြားလွတ်လပ်တဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း ပြသဖို့ လိုအပ်ပါတယ်။ တရားသူကြီးတွေကို ဘယ်လို ခန့်အပ်တယ်၊ ဘယ်လိုလခပေးတယ်၊ ဘယ်လိုရာထူးတိုးတယ်၊ ဘယ်လို ဖြုတ်ပစ်နိုင်တယ် စတာတွေကို ရှင်းပြဖို့ လိုပါတယ်။ အကျိုးဆောင်ရှေ့နေလုပ်ငန်းဟာလည်း စစ်အစိုးရ ဖိနှိပ်တဲ့ဒဏ်ကို ခံရတာမို့ ချို့တဲ့နေပါတယ်။ ဒါကြောင့် ဥပဒေအကျိုးဆောင် ရှေ့နေလောက ပြန်လည်အားကောင်းလာအောင် လုပ်ဖို့လိုပါတယ်။
ဥပဒေ ချိုးဖောက်သူတိုင်းကို တရားရုံးက အရေးယူပြီး လူတိုင်းကို တန်တူရည်တူ ဆက်ဆံမှသာ တရားဥပဒေ စိုးမိုးရာ ရောက်ပါတယ်။ တရားရုံးက သမာသမတ်မလုပ်ဘဲ ထင်သလို လုပ်နေတာဟာ တရားဥပဒေ စိုးမိုးတာ မဟုတ်ပါဘူး။ ဒါကြောင့် အခြေခံဥပဒေကစပြီး စနစ်ကြီးတခုလုံး ပြုပြင်ပြောင်းလဲဖို့ စဉ်းစားရပါလိမ့်မယ်။ ရှေ့နှစ်မှာ အာဆီယံအသင်း ဥက္ကဌ ဖြစ်လာမယ့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး ဥပဒေတွေ ခိုင်မာမှသာ အသင်းတာဝန်ကို ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်းက သုံးသပ်ထားပါတယ်။