ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ ဘိန်းဖြူစားသုံးသူများပြားလာကြောင်း ဒီဇင်ဘာ (၅) ရက်နေ့က သျှမ်းသံတော်ဆင့် စာစောင်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာလ (၆) ရက်နေ့ကတော့ မူးယစ်ဆေးရာဇာ ရှမ်းအမျိုးသား နော်ခမ်းနဲ့ အပေါင်းပါတစုကို မဲဂေါင်မြစ်ပေါ်မှာ တရုတ်သင်္ဘောသား (၁၃) ဦးကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ယူနန်ပြည်နယ် ကုမင်တရားရုံးက သေဒဏ်ပေးလိုက်တာကို သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။ နော်ခမ်းဟာ ဘိန်းဘုရင်ခွန်ဆာရဲ့ တပ်ဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၆ ကစပြီး တာချီလိတ်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ တကယ်တော့ နော်ခမ်းဟာ လူသတ်မှုနဲ့ ပတ်သက်တဲ့ အထောက်အထား မခိုင်လုံဘူးလို့ ထိုင်းရဲက ယူဆတာမို့ ထိုင်းတရားရုံးမှာဆိုရင် လွတ်နိုင်တယ်လို့ ဆိုပါတယ်။
အခု Asia World ကုမ္မဏီပိုင်ရှင် ကုဋေကြွယ်သူဋ္ဌေးကြီးဖြစ်နေတဲ့ လော်စစ်ဟန်ကို ၁၉၇၃ က ဘန်ကောက်မှာဖမ်းပြီး ရန်ကုန်ကို ပို့ပေးတဲ့အတွက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အဓိက အခန်းကပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ ၁၉၈၀ မှာ ထောင်ကလွတ်လာပြီး ကာကွယ်ရေးတပ်ဖွဲ့အမည်ခံတဲ့ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ဘိန်းမှောင်ခို ပြန်လုပ်ပါတယ်။ ဖုန်ကြာရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ ဗကပ က ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲအောင် ကူညီနိုင်တဲ့ လော်စစ်ဟန်ဟာ အခွင့်ထူးခံ ဖြစ်လာပါတယ်။
အခုခေတ်မှာလည်း လော်စစ်ဟန်လို နိုင်ငံရေးလုပ်ခွင့်ရသူတွေ ရှိပါတယ်။ မူးယစ်ဆေးလုပ်ငန်းရှင် (၇) ဦး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပုံကို ၂၀၁၀ အောက်တိုဘာလထုတ် ရှမ်းမူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကိုးကန့်တရုတ်ဖြစ်တဲ့ ဘိုင်ဆုံချိန် (ခေါ်) ဘိုင်ဆောင်ကျင်း၊ လူဂိုရှီ၊ ဟိုရှောင်ချန် (ဖေါ်) ဦးဟော်၊ ကွတ်ခိုင်တရုတ် ဝမ်ဂိုဒါ (ခေါ်) ဦးမြင့်လွင်၊ လီစူးတရုတ် ဦးကျော်မြင့် (ခေါ်) ဦးဝင်းမောင် (ခေါ်) ဂီယောင်ကျင်း၊ ကွတ်ခိုင်အမတ် ဦးခွန်မြတ်နဲ့ မူဆယ်အမတ် ဦးကင်မိုင်းဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ကိုးကန့်တရုတ် လူဂိုရှီဟာ ကိုးကန့်ပြည်သူ့စစ်နဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းပြည်သူ့စစ်ခေါင်းဆောင် သုံးမည်ရ ပန်းဆေးဦးကျော်မြင့်ဟာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
မူးယစ်ဆေး လုပ်ကိုင်သူအများစုဟာ ပြည်သူ့စစ်တွေဖြစ်ကြောင်း ရှမ်းမူးယစ်ဆေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မဆလ စစ်အစိုးရခေတ် အစောပိုင်းကာလမှာ ပြည်သူ့စစ်ကို ကာကွယ်ရေးတပ်ဖွဲ့လို့ ခေါ်ပါတယ်။ လောစစ်ဟန်နဲ့ ခွန်ဆာဟာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဘဝက ဘိန်းမှောင်ခိုတွေ ဖြစ်လာပြီးမှ စစ်အစိုးရရဲ့ ညာလက်ရုံး ဖြစ်သွားသူတွေပါ။ ခွန်ဆာနဲ့ နောက်လိုက်တွေသတ်လို့ သေဆုံးတဲ့ ဒေသခံတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်လက်ထဲ မရောက်တဲ့အတွက် သေဒဏ်မခံရဘဲ စီးပွားရေးလုပ်ခွင့် ရကြပါတယ်။ ယူနန်မှာ သေဒဏ်ကျခံရတဲ့ နော်ခမ်းဟာလည်း ခွန်ဆာနဲ့ လောစစ်ဟန်တို့လို ပြည်သူ့စစ်ဘဝက မူးယစ်ရာဇာ ဖြစ်လာသူပါ။ ဒါကြောင့် ပြည်သူ့စစ်နဲ့ မူးယစ်ဆေးဟာ ဆွေးမျိုးလို ဖြစ်နေပါတယ်။
အရပ်သားတပိုင်းအစိုးရရဲ့ စစ်သဘောတရားမှာ ပြည်သူစစ် မဟာဗျူဟာကို အဓိကထားတာ တွေ့ရပါတယ်။ ပြည်တွင်းပြည်ပ အန္တရာယ်ကာကွယ်ရေးမှာ ပြည်သူတရပ်လုံး ပါဝင်ရေးအတွက် စစ်တပ်မှာ ပြည်သူ့စစ်ဖွဲ့စည်းခွင့် ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၄၀) မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ပြည်သူ့စစ်ဖွဲ့စည်းရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်ကို ရယူဖို့ ညွှန်းကြားထားပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အစိုးရတပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်လို့လည်း အခြေခံဥပဒေက ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ အစိုးရတပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဘိန်းစိုက်ပျိုးမှုကို အားပေးအားမြောက်လုပ်ပြီး အခွန်ကောက်နေကြောင်း ပလောင်အမျိုးသမီးအဖွဲ့ရဲ့ ၂၀၁၀ မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ မူးယစ်ဆေး ရောထွေးယှက်တင်ဖြစ်တဲ့ အစဉ်အလာ ဆက်လက်ရှင်သန်နေပါတယ်။ ပြည်သူ့စစ်နဲ့ ဘိန်းမှောင်ခိုတဖြစ်လည်း လော်စစ်ဟန်ဟာ စစ်တပ်နိုင်ငံရေးကို အကျိုးပြုနိုင်တဲ့အတွက် စစ်အစိုးရ မြှောက်စားတာကို ခံရပြီး အချမ်းသာဆုံး ပုဂ္ဂိုလ်တဦး ဖြစ်လာပါတယ်။ လော်စစ်ဟန်ရဲ့ Asia World ကုမ္မဏီကို သားဖြစ်သူ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ကြီးကြပ်အုပ်ချုပ်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးမှာ စကားပြန်အဖြစ် ဦးထွန်းမြင့်နိုင် လိုက်ပါသွားတာကိုကြည့်ရင် အစိုးရနဲ့ လော်စစ်ဟန် မိသားစု ဆက်ဆံရေးကို အကဲခတ်နိုင်ပါတယ်။ ရေအားလျှပ်စစ် တည်ဆောက်မှု၊ ကားလမ်းဆောင်လုပ်မှု၊ နေပြည်တော်တည်ဆောက်မှု စတာတွေမှာ လော်စစ်ဟန်ရဲ့ Asia World ကုမ္မဏီ အဓိကပါဝင်ပြီး ရန်ကုန်က အလုံဆိပ်ကမ်းတခုလုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။
ဦးထွန်းမြင့်နိုင်ဟာ စီးပွားရေးလုပ်ငန်းရှင် စင်္ကာပူသူနဲ့ အိမ်ထောင်ကျတဲ့အတွက် စင်္ကာပူမှာရော မြန်မာပြည်မှာပါ ရင်းနှီးမြုပ်နံှနိုင်သူ ဖြစ်ပါတယ်။ မြန်မာပြည်က စင်္ကာပူ ရင်းနှီးမြုပ်နံှမှာ Asia World ကုမ္မဏီရဲ့ အစုရှယ်ယာ ဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒီပုံစံတွေကိုကြည့်ရင် မူးယစ်ဆေးလုပ်ငန်းရှင်တွေဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးတွေမှာ အတော်ကြာကြာ ပါဝင်ပတ်သက်နေဦးမယ်လို့ ပြောရမှာ ဖြစ်ပါတယ်။