အဂတိလိုက်စားမှု များပြားပြီး တိုးတက်ဖွံ့ဖြိုးဖို့ အခက်အခဲရှိနေတဲ့ တယ်လီကွမ်း (Telecom) ဆက်သွယ်ရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲဖို့ ဦးသိန်းစိန်အစိုးရက ကြိုးပမ်းနေပါတယ်။ ပြည်တွင်းကုမ္မဏီ နှစ်ခုနဲ့ ပြည်ပကုမ္မဏီ နှစ်ခုပါဝင်တဲ့ တယ်လီကွမ်းအော်ပရေတာ (Telecom Operator) (၄) ခုကို လွတ်လွတ်လပ်လပ် မျှမျှတတ ယှဉ်ပြိုင်ခွင့်ပေးလိုက်ရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုလုပ်မယ်လို့ အစိုးရကဆိုပါတယ်။ စစ်အုပ်စုနဲ့ ခရိုနီ (crony) ပိုင် ရတနာပုံ တယ်လီပို့နဲ့ မြန်မာ့တယ်လီကွမ်းဟာ ပြည်တွင်းကုမ္မဏီတွေ ဖြစ်ပါတယ်။ အစိုးရဆက်သွယ်ရေးလုပ်ငန်းနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ပူးပေါင်းပြီး မြန်မာ့တယ်လီကွမ်း ဖြစ်လာတာပါ။ စိတ်ဝင်စားတဲ့ နိုင်ငံခြားကုမ္မဏီ (၉၀) ကျော်ရှိပြီး ဆန်ခါတင်ကုမ္မဏီ (၁၁) ခုထဲက တရုတ်မပါပါဘူး။
ပြည်တွင်းနဲ့ ဖက်စပ်မလုပ်တဲ့ Telenor နော်ဝေကုမ္မဏီနဲ့ Ooredoo ကာတာကုမ္မဏီကို လိုင်စင်ပေးဖို့ ရွေးချယ်ကြောင်း ဇွန်လ (၂၇) ရက်နေ့က ကြေညာပါတယ်။ ဆက်သွယ်ရေးဥပဒေ ပြဌာန်းပြီးမှ လိုင်စင်ချပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မေလ (၁၃) ရက်မှာ သမ္မတကို သဝဏ်လွှာပို့ထားပေမယ့် ပြန်ကြားမှုမရှိတဲ့အတွက် ဇွန်လ (၂၆) ရက်နေ့က အရေးတကြီးအဆိုတင်ပြီး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပါတယ်။
မြန်မာနဲ့ ပိန်မသာလိမ်မသာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအိုမှာ လူဦးရေ (၆၀) ရာခိုင်နှုန်း တယ်လီဖုန်းသုံးပြီး ကမ္ဘောဒီးယားမှာ (၅၀) ရာခိုင်နှုန်းကျော် သုံးပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ (၇) ရာခိုင်နှုန်းကသာ သုံးနိုင်တာမို့ မြန်မာ့မိုဘိုင်းဖုန်းဈေးကွက်ကို စိတ်ဝင်စားသူများပါတယ်။ Ericsson-Deloiite (ဒလျွိုက်)၊ Nomura, Webb Henderson စတဲ့ ကုမ္မဏီတွေနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဌာနဟာ တယ်လီဖုန်းသုံးစွဲမှု အခြေအနေကို သုံးသပ်တဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ထားပါတယ်။ မိုဘိုင်းဖုန်းအသုံးများလို့ တက်ကြွနိုးကြားလာတဲ့အတွက် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမယ်လို့ အစီရင်ခံစာတွေက ခန့်မှန်းပါတယ်။ ဒါပေမဲ့ လူဦးရေ (၇) ရာခိုင်းနှုန်းက (၅၀) ရာခိုင်နှုန်းအထိ တယ်လီဖုန်းသုံးနိုင်အောင် ကြိုးပမ်းရာမှာ လက်ရှိ ဖုန်း၊ တာဝါတိုင်း (၁၈၀၀) ကနေ (၁၅၀၀၀) အထိ တိုးနိုင်ဖို့ လိုပါတယ်။
စစ်အစိုးရကို အနောက်တိုင်းက ဒဏ်ခတ်အရေးယူစဉ်မှာ မြန်မာ့တယ်လီကွမ်းလောကကို တရုတ်ကြီးစိုးပါတယ်။ လာဘ်စားမှုနဲ့ နုတ်ထွက်လိုကရတဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်သိန်းထွန်းအုပ်စု ခေတ်ကောင်းတုန်းက ဟွာဝေး (华为) နဲ့ ZTE ဂျုံ့ရှင်း (中兴) တယ်လီကွမ်းတို့ဟာ အဓိကအခန်းပါဝင်ကြောင်း သိရပါတယ်။ ဖုန်းလိုင်း (၃) သိန်းတတ်ဆင်ဖို့ ဂျုံ့ရှင်းက ဆက်သွယ်ရေးဝန်ကြီးဌာနကို ဒေါ်လာသန်း (၁၅၀) ၂၀၀၄ မှာ ထုတ်ချေးတာဟာ ကုန်ကျစရိတ်ထက် (၁၀) ဆကျော် ပိုများနေပါတယ်။ ဟွာဝေး နဲ့ ဂျုံ့ရှင်း တယ်လီကွမ်းကုမ္မဏီတွေရဲ့ လုပ်ပုံကိုင်ပုံဟာ အမေရိကန်နိုင်ငံလုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ မနှစ်ကထုတ်ပြန်တဲ့ ကွန်ဂရက်လွှတ်တော် စုံစမ်းရေးကော်မတီအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဟွာဝေးရဲ့ဝင်ငွေ (၇၀) ရာခိုင်နှုန်းဟာ အပြင်ကလာတာဖြစ်လို့ နိုင်ငံခြားဈေးကွက်ဟာ အလွန်အရေးကြီးပါတယ်။
မြန်မာပြည်မှာ တယ်လီကွမ်းပစ္စည်းနဲ့ မိုဘိုင်းဖုန်း ရောင်းချနိုင်ဖို့အတွက် ဟွာဝေး အရောင်းဆိုင် (၆၀) ကျော်ကို နိုင်ငံအနှံမှာဖွင့်လှစ်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ အမေရိကန်နဲ့ ဥရောပလုပ်ပစ္စည်းနဲ့ ယှဉ်ပြိုင်ရမှာမို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ရွေးချယ်စရာ ပိုများလာပါတယ်။ ဒါပေမဲ့ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးတဲ့ အလေ့အကျင့်နည်းတာကြောင့် ဒီအတတ်ပညာကို ထိထိရောက်ရောက် သုံးနိုင်ဖို့ ပညာပေးလုပ်ငန်းတွေ လုပ်ဖို့လိုတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ ဝင်ငွေနည်းလွန်းတဲ့ မြန်မာပြည်သားအများစုဟာ မိုဘိုင်းဖုန်းကို လက်လှမ်းမီနိုင်ပါ့မလားလို့ သံသယဖြစ်တာမျိုးလည်း ရှိပါတယ်။ အခုအချိန်အထိ မြန်မာပြည်မှာ လူသုံးအများဆုံး မိုဘိုင်းဖုန်းဟာ ဟွာဝေးဖြစ်ပြီး၊ ကိုရီးယားကုမ္မဏီ စမ်ဆမ်း (삼성) က ဒုတိယနေရာက လိုက်နေကြောင်း သိရပါတယ်။
ပြုပြင်ရေးစီမံကိန်းနဲ့အတူ ဆက်သွယ်ရေးဥပဒေမူကြမ်းရေးပြီး လွှတ်တော်ကို တင်ပြထားပေမယ့် ပြုပြင်ရေးသဘောကို ဆန့်ကျင်တဲ့ ၁၉၉၆ ကွန်ပြူတာပညာ ဖွံ့ဖြိုးရေးဥပဒေနဲ့ (၂၀၀၄) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဟာ တည်ရှိနေဆဲ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ကွန်ပြူတာကိုင်ဆောင်မှု၊ ခွင့်ပြုချက်မရဘဲ ကွန်ပြူတာကွန်ရက်ထဲ ဝင်ရောက်ချိတ်ဆက်မှု၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ နိုင်ငံတော်စီးပွားရေးနဲ့ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်အောင် အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာသုံးတယ်လို့ အစိုးရကယူဆရင် ထောင်ဒဏ်အနည်းဆုံး (၇) နှစ်ကနေ (၁၅) နှစ်အထိ ချမှတ်နိုင်တယ်လို့ ကွန်ပြူတာနည်းပညာ ဖွံ့ဖြိုးရေးဥပဒေမှာရော၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတို့မှာ ဖော်ပြထားပါတယ်။
စစ်အစိုးရပြဌာန်းထားတဲ့ ဥပဒေ နှစ်ရပ်စလုံး ဆက်သွယ်ရေးနဲ့ သတင်းဆိုင်ရာ နည်းပညာကို ချုပ်ချယ်ကန့်သတ်ပြီး အစိုးရမကြိုက်ရင် အချိန်မရွေး ဖမ်းဆီးအပြစ်ပေးနိုင်အောင် ရေးဆွဲပြဌာန်းခဲ့တဲ့ ဖိနှိပ်ရေး ဥပဒေ ဖြစ်ပါတယ်။ ပြုပြင်ရေးနဲ့ ဆီလျှော်တဲ့ ဥပဒေပြဌာန်းဖို့ လိုပါတယ်။ တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆက်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အစိုးရက ကြိုးပမ်းနေပေမယ့် အာဏာရှင်စနစ်ကို ကာကွယ်ဖို့ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ရုတ်သိမ်းဖို့ကိစ္စမှာ အခက်အခဲတွေ့နေပုံ ရပါတယ်။