စာနယ်ဇင်းသတင်းမီဒီယာဟာ ပြည်သူ့သဘောထားကို လွှမ်းမိုးနိုင်တာကြောင့် ဒီလုပ်ငန်းရှင်ဟာ အခြားလုပ်ငန်းရှင်ထက် သြဇာအရှိန်အဝါ ကြီးမားတယ်လို့ ယူဆကြပါတယ်။ ဥပမာ သန်းကြွယ်သူဌေး ခရိုနီတဦးဟာ သတင်းစာထုတ်ဝေလိုက်တာနဲ့ ပြည်သူလူထုကို သြဇာလွှမ်းမို့နိုင်မယ့် အခြေအနေကို ရောက်လာပါတယ်။ ဒါကြောင့်လည်း အာဏာရှင်ဆန်တဲ့ အစိုးရတွေဟာ သတင်းမီဒီယာကို ကိုယ်ပိုင်ဝါဒ ဖြန့်လုပ်ငန်းအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ အခုတော့ သတင်းမီဒီယာဥပဒေ ပြဌာန်းပြီး အစိုးရရဲ့ ကိုယ်ပိုင်မီဒီယာအခန်းကဏ္ဍကို အခြေခိုင်လာအောင် စီစဉ်နေပါတယ်။
ထူးခြားတာက ပုဂ္ဂလိပိုင်သတင်းစာ ရှိလာတာ ဖြစ်ပါတယ်။ ဒီထဲမှာ ပါတီပိုင်၊ ခရိုနီပိုင်နဲ့ မိသားစုပိုင်ဆိုပြီး (၃) မျိုး ရှိပါတယ်။ ပြိုင်ဆိုင်မှုလည်း အနည်းနဲ့အများ ရှိလာပါတယ်။ ပုဂ္ဂလိကပိုင် မီဒီယာများလေလေ အမြင်အမျိုးမျိုးကို သိနိုင်လေလေလို့ ဆိုပေမယ့် စာနယ်ဇင်းများလာတိုင်း အမြင်တွေများလာမယ်လို့ မပြောနိုင်ပါဘူး။ သတင်းလိုက်နိုင်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာမှာ အားနည်းမှုနဲ့ ငွေကြေးအကန့်အသတ်ရှိမှုကြောင့် သတင်းစာစောင်အများစုဟာ ကြောင်းတူသံကွဲ ဖြစ်နေပါတယ်။
မြန်မာပြည်မှာ ရုပ်မြင်သံကြားအစီအစဉ်တွေကို အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆိုပြီး ခွဲနိုင်ပါတယ်။ နိုင်ငံခြားက ထုတ်လွှင့်တဲ့ တီဗွီအစီအစဉ်အချို့လည်း ပြသခွင့်ပေးထားပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ တီဗွီကြည့်သူအများဆုံး ရှိပါတယ်။ မြို့ပြအခြေအနေကိုလိုက်ပြီး တီဗွီကြည့်သူရှိပေမယ့် FM ရေဒီယိုတွေ ပေါ်လာတဲ့အခါ တီဗွီကြည့်သူနည်းသွားတယ်လို့ ဒိန်းမက်နိုင်ငံမှာ ၂၀၁၂ က ထုတ်ဝေတဲ့ မြန်မာမီဒီယသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရေဒီယိုအသံလွှင့်လုပ်ငန်းမှာတော့ အစိုးရပိုင် (၁) ခုနဲ့ ပုဂ္ဂလိပိုင် (၇) ခုရှိပြီး စာနယ်ဇင်းသုံးရာလောက် ရှိပါတယ်။ FM ရေဒီယိုလွှင့်ခွင့်ရသူ အများစုဟာ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီနဲ့ ဗိုလ်ချုပ်သားသမီးတွေ ဖြစ်ပါတယ်။ ဥပမာ ချယ်ရီ FM ကို ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးက တည်ထောင်ပြီး ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်သူက မန္တလေး FM ကို တည်ထောင်ပါတယ်။
တေးဂီတနဲ့ စီးပွားရေးကြော်ငြာကို အဓိကထားတဲ့ ရေဒီယိုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ရေဒီယိုနဲ့ ရုပ်မြင်သံကြား တီဗွီတွေ များလာပေမယ့် ဖျော်ဖြေရေးနဲ့ စီးပွားရေးကိုသာ ဦးစားပေးတဲ့အတွက် သတင်းနားထောင်သူတွေ များပြားပေမယ့် ပုဂ္ဂလိကပိုင် FM ရေဒီယိုတွေဟာ အစိုးရရဲ့ဟာကွက်ကို ဖြည့်စွမ်းနိုင်တဲ့ အရည်အသွေး ကင်းမဲ့နေတာတွေ့ရတယ်လို့ ဒိန်းမက်နိုင်ငံထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နှစ်ပေါင်းများစွာ သတင်းထိမ်ချန်ခဲ့တာဟာ အစိုးရရဲ့ဟာကွက် ဖြစ်ပါတယ်။ ခရိုနီပိုင်သတင်းမီဒီယာဟာ သတင်းမှန်ကို ဖော်ပြဖို့ စိတ်မဝင်စားဘဲ စီးပွားရေးအကျိုးအမြတ်ကို ဦးစားပေးတာ ထင်ရှားပါတယ်။
အစိုးရအနှစ် (၅၀) ကြီးစိုးခဲ့တဲ့ သတင်းမီဒီယာမှာ ပုဂ္ဂလိကလုပ်ငန်းတွေကို ပါဝင်ခွင့်ပေးတာဟာ အသွင်ကူးပြောင်းရေးမှာ လိုအပ်ပါတယ်။ ဒါပေမဲ့ ပြည်သူ့အကျိုးစီးပွားကို မြှင့်တင်နိုင်ပါမလား။ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါ့မလားစတဲ့ သံသယတွေ ပေါ်ထွက်လာပါတယ်။ အစိုးရပိုင် စာနယ်ဇင်း၊ ရေဒီယိုရုပ်မြင်သံကြားနဲ့ ယှဉ်တွဲပြီး ဘယ်လိုစခန်းသွားမလဲဆိုတဲ့ ပြဿနာရှိပါတယ်။ ကြော်ငြာလုပ်ငန်းအားကောင်းလို့ စာနယ်ဇင်း အများအပြားပေါ်ထွက်လာတာ ဖြစ်တာမို့ မြို့ပြအခြေခံတဲ့ သတင်းမီဒီယာသာ ဖြစ်နေပါတယ်။ မြန်မာသတင်းမီဒီယာလောကမှာ (၈၀) ရာခိုင်နှုန်းဟာ အတွေ့အကြုံ နုသေးတဲ့ လူငယ်တွေ ဖြစ်နေပါတယ်။ သတင်းမီဒီယာ သင်တန်းတခါတရံ လုပ်ပေးတာမျိုး ရှိပေမယ့် အများစုကတော့ ကိုယ်ထူကိုယ်ထနည်းနဲ့ ကြိုးစားလုပ်ကိုင်နေကြရပါတယ်။
မြန်မာသတင်းသမားတွေ စွမ်းရည်ထက်မြက်လာအောင် သင်တန်းတွေပေးဖို့နဲ့ သတင်းပညာဘွဲ့ ပေးနိုင်တဲ့အထိ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့နှစ်မတ်လ ရန်ကုန်မှာကျင်းပတဲ့ မီဒီယာညီလာခံမှာ ဆွေးနွေးသွားကြပါတယ်။ တဖက်သတ်ဝါဒ ဖြန့်လာတဲ့ အစိုးရသတင်းမီဒီယာကို ပြည်သူ့မီဒီယာအဖြစ် အသွင်ပြောင်းဖို့ကိစ္စကိုလည်း ဆွေးနွေးတာတွေ့ရပါတယ်။ ညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာန UNESCO ဒိန်းမက်နဲ့ ပြင်သစ်မီဒီယာအဖွဲ့အစည်းတို့က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။
သတင်းပညာ အရည်အသွေး ရှိမရှိဆိုတာက လွတ်လပ်တဲ့အချိန်ကာလ အနည်းအများပေါ်မှာ မူတည်ပါတယ်။ လွတ်လပ်တဲ့အချိန်ကာလ ကြာရှည်လာတဲ့အခါမှာ အရည်အသွေးရှိတဲ့ စာနယ်ဇင်းကိုသာ ပရိသတ်က လက်ခံလာပါလိမ့်မယ်။ အလုပ်လုပ်ရင်း ပညာရှာကြရတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အနှစ် ၅၀ လွတ်လပ်မှုဆိတ်သုဉ်းခဲ့ပြီး အခုမှ လွတ်လပ်မှုအရသာ စတင်ခံစားရတဲ့ တိုင်းပြည်မှာ စာနယ်ဇင်း အရည်အသွေးထက်မြက်ဖို့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် စီးပွားရေးကြော်ငြာကို အဓိက အားကိုးနေတဲ့ စာနယ်ဇင်းဟာ သတင်းပညာ တိုးတက်ရေးကို အာရုံစိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။