အစိုးရက ပုဂ္ဂလိကပိုင်းသတင်းစာ ထုတ်ဝေခွင့်ပေးလိုက်တဲ့အတွက် မြန်မာပြည်မှာ ပုဂ္ဂလိကသတင်းစာနဲ့ ပါတီသတင်းစာ ပေါ်ထွက်လာပါတယ်။ အစိုးရသတင်းစာပါ ထည့်တွက်ရင် သတင်းစာ (၃) မျိုး ရှိနေပါတယ်။ အစိုးရနဲ့ ပါတီသတင်းစာကို ပြိုင်ဆိုင်ထုတ်ဝေရတဲ့ ပုဂ္ဂလိကသတင်းစာတွေ ရေရှည်မှာ စီးပွားရေးတွက်ချေ ကိုက်ပါ့မလားလို့ စဉ်းစားလာကြပါတယ်။ အစိုးရသတင်းစာဟာ အရှုံးအမြတ်ကို အဓိကမထားဘဲ ထုတ်ဝေနိုင်ပါတယ်။ ပါတီသတင်းစာကလည်း မိမိပါတီကို အများပြည်သူ ထောက်ခံအောင်ရည်ရွယ်ပြီး ထုတ်ဝေတာဖြစ်လို့ အမြတ်မရလည်း ထုတ်ဝေနိုင်မယ့် သဘောရှိပါတယ်။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်ခေတ်မြန်မာသတင်းစာဟာ ဂျပန်စစ်တပ်ရဲ့ ဆင်ဆာရုံးက စစ်ဆေးပြီးမှ ထုတ်ဝေရပါတယ်။ အဲဒါကြောင့် ဂျပန်တခေတ်လုံး အောင့်ထားရသူတွေဟာ စစ်ပြီးခေတ်မှာ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ တသီးချည်းထုတ်ဝေလာပါတယ်။ စစ်ပြီးခေတ်နဲ့ လွတ်လပ်ရေးရချိန်က အတွေ့အကြုံတွေဟာ အခုခေတ် တသီးပုဂ္ဂလိက သတင်းစာတွေအတွက် သင်ခန်းစာဖြစ်နိုင်ပါတယ်။
ပုဂ္ဂလိကသတင်းစာအကြောင်း လေ့လာစရာ အနည်းငယ်ရှိတဲ့အထဲမှာ ကြေးမုံသတင်းစာ တည်ထောင်ခဲ့သူ သတင်းစာဆရာဦးသောင်း ရေးသားပြီး ရန်ကုန်နဲ့ အမေရိကန်မှာ ထုတ်ဝေတဲ့ 'သတင်းစာတို့ လွတ်လပ်သောခေတ်' ဆိုတဲ့စာအုပ်ဟာ ရှေ့တန်းကပါဝင်ပါတယ်။ သတင်းသမားကောင်း သတင်းစာပညာ မဟာဝိဇ္ဖာဘွဲ့ရသူ အိုးဝေဦးညိုမြက နိဒါန်းရေးထားပါတယ်။ သတင်းသမားကောင်းဖြစ်ဖို့ နိုင်ငံခြားပညာသင်စရာမလိုဘဲ စိတ်ဝင်စားမှုနဲ့ လေ့လာမှုကသာ အရေးကြီးပုံကို ဦးညိုမြက ရှင်းပြထားပါတယ်။ သတင်းစာမှာ အယ်ဒီတာပိုင်းနဲ့ မန်နေဂျာပိုင်းဆိုပြီး နှစ်ပိုင်းရှိတဲ့အနက် မန်နေဂျာပိုင်းကတော်မှ အောင်မြင်နိုင်တယ်လို့ ဆိုပါတယ်။ မန်နေဂျာတော်ပြီး အယ်ဒီတာညံ့ရင် လူပြောင်းလဲနိုင်ပေမယ့် မန်နေဂျာပိုင်းမှာညံ့တဲ့ သတင်းစာကတော့ သက်ဆိုးမရှည်ဘူးလို့ ဦးညိုမြက ဆိုပါတယ်။
အယ်ဒီတာပိုင်းရော မန်နေဂျာပိုင်းရော အားကောင်းတဲ့အတွက် သူရိယ၊ ဗမာ့ခေတ်နဲ့ ကြေးမုံသတင်းစာတွေ အောင်မြင်တာဖြစ်တယ်လို့ ဦးညိုမြက ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း စီမံကွပ်ကဲတဲ့ မန်နေဂျာပိုင်းကို စိတ်မဝင်စားဘဲ အယ်ဒီတာပိုင်းကိုသာ စိတ်ဝင်စားတဲ့အတွက် အိုးဝေသတင်းစာဟာ လုံးလည်လိုက်ပြီး မအောင်မမြင် ဖြစ်ရတယ်လို့ ဝန်ခံထားပါတယ်။ အယ်ဒီတာတွေ ဘယ်လောက်တော်တော် စီမံခန့်ခွဲတဲ့ မန်နေဂျာ ပရမ်းပတားဖြစ်နေတဲ့ သတင်းစာဟာ သက်ဆိုးမရှည်နိုင်ဘူးလို့ ဆိုပါတယ်။ ပုဂ္ဂလိကသတင်းစာဘဝမှာ မြန်မာ့အလင်းနဲ့ ဟံသာဝတီ ဟာ အုပ်ချုပ်ပိုင်းကို အဓိကထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဗမာ့ခေတ်သတင်းစာဟာ အုပ်ချုပ်ပိုင်းမှာ အခြေခိုင်အောင်လုပ်ပြီးမှ အယ်ဒီတာကောင်းတွေကို ရှာဖွေခန့်အပ်နိုင်တဲ့အတွက် ကြီးပွားတာဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းသူပြည်သားဟာ သူတို့နေ့စဉ် ထိတွေ့နေတဲ့ စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားစတဲ့ မီဒီယာတွေရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများခံကြရပါတယ်။ ဒါကြောင့်မို့ ပြည်သူနဲ့ဆက်ဆံတဲ့ မီဒီယာလောကကို လွှမ်းမိုးနိုင်သူဟာ ပြည်သူ့သဘောထားကို လိုချင်သလို ပုံသွင်းနိုင်တယ်လို့ ဆိုရိုးရှိပါတယ်။ စစ်အစိုးရမတိုင်မီ စာနယ်ဇင်းသမိုင်းမှာ ဦးသောင်း (ခေါ်) အောင်ဗလရဲ့ ကြေးမုံဟာ စောင်ရေအများဆုံး ထုတ်ဝေတဲ့သတင်းစာ ဖြစ်ပါတယ်။ စောင်ရေအများဆုံးသတင်းစာက လက်ဝဲကိုအသားပေးတဲ့အတွက် မြန်မာပြည်သူတွေ လက်ဝဲမှိုင်းမိခဲ့ရတယ်လို့ ဦးညိုမြက မှတ်ချက်ချပါတယ်။ သတင်းစာဆိုတာ စောင်ရေများလေ တာဝန်ကြီးလေလို့ ဆိုပါတယ်။ ဒီမိုကရေစီခေတ်ဟောင်းမှာ မဏ္ဍိုင်သတင်းစာကို အာဏာရပါတီက ထုတ်ဝေပြီး ကွန်မြူနစ်နေစဉ်နဲ့ ပြည်သူ့ဂျာနယ်ဟာ အတိုက်အခံသတင်းစာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပါတီလိုင်းကို ဦးစားပေးတဲ့သတင်းစာဟာ ပုဂ္ဂလိကသတင်းစာလို အောင်မြင်မှုမရှိတာ တွေ့ရပါတယ်။
စာနယ်ဇင်းသတင်းမီဒီယာကို လက်ဝါးကြီးအုပ်ပြီး အစိုးရလုပ်သမျှကောင်းကြောင်း ဝါဒဖြန့်တဲ့ အစိုးရသတင်းမီဒီယာတွေ ပြည်သူ့ထောက်ခံမှုမရနိုင်တာကို ၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံက သက်သေပြနေပါတယ်။ သတင်းမရှိရင် မရောင်းရမှာ စိုးရိမ်တဲ့အတွက် ပရိသတ်စိတ်ဝင်စားလာအောင် လိမ်လည်လုပ်ကြံပြီး သတင်းရေးတတ်ပုံကိုလည်း ကြေးမုံဦးသောင်းက ဖော်ပြထားပါတယ်။ သံတမန်ဟာ မိမိ တိုင်းပြည်အတွက် လိမ်လည်တတ်သလို သတင်းစာဆရာဟာလည်း မိမိထမင်းအိုးအတွက် လိမ်တတ်တယ် ဆိုတဲ့ ဆိုရိုးစကားကို ဂရုပြုသင့်ကြောင်း ကြေးမုံဦးသောင်းက သတိပေးထားပါတယ်။
သတင်းစာအများစုဟာ အစိုးရမကြိုက်မယ့်သတင်းကို ရှောင့်လေ့ရှိပေမယ့် ကြေးမုံနဲ့ ဗမာခေတ်ကတော့ ပြည်သူလူထုသိသင့်တဲ့သတင်းကို မကြောက်မရွံ့ ဖော်ပြတဲ့အတွက် လူကြိုက်များတာ ဖြစ်တယ်လို့ဆိုပါတယ်။ သတင်းအမှန်ရဖို့ မရမကလိုက်ပြီး ရဲရဲဝံ့ဝံ့ဖော်ပြတဲ့အတွက် ကြေးမုံ]သတင်းစာဟာ သတင်းဘက်မှာ သြဇာအရှိန်အဝါ ကြီးမားတာမို့ ဗိုလ်နေဝင်းစစ်အစိုးရက အရင်ဆုံးသိမ်းလိုက်တာ ဖြစ်ပါတယ်။ သတင်းမှန်ကန်မှု၊ ဘက်မလိုက်မှုနဲ့ မျှတစွာဝေဖန်မှု စတာတွေကို အဓိကထားတဲ့ သတင်းစာကသာ အောင်မြင်နိုင်ကြောင်း လွတ်လပ်တဲ့ မြန်မာစာနယ်ဇင်းသမိုင်းက သင်ခန်းစာပေးထားပါတယ်။