ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးလုပ်နေကြောင်း ပြောနေတုန်း ကရင်နဲ့ မွန်ပြည်နယ်၊ ပဲခူး နဲ့ တနင်္သာရီတိုင်းတွေမှာ ဒေသခံတွေ အတင်းအဓမ္မရွှေ့ပြောင်းခံနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ရပ်တည်ရာပျောက်ဆုံးခြင်း ဆိုတဲ့ မတ်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၁ ဇန်နဝါရီမှ ၂၀၁၂ နိုဝင်ဘာလအထိ (၂) နှစ်နီးပါး ကွင်းဆင်းလေ့လာပြီး ရေးထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ သယံဇာတထုတ်ယူရေး၊ ရေအားလျှပ်စစ်၊ သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ မြေယာသိမ်းပိုက်ပြီး ဒေသခံတွေကို နည်းမျိုးစုံနဲ့ နှင်ထုတ်နေတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး အပစ်အခတ်ရပ်ထားပေမယ့် ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှုကို ကာကွယ်နိုင်တဲ့အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။ လက်နက်ကိုင်တွေ ကြီးစိုးခဲ့တဲ့ နယ်မြေဖြစ်တာမို့ အစိုးရတပ် (သို့) တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပုဂ္ဂလိကကုမ္မဏီတွေ ပူးတွဲလုပ်ကိုင်တဲ့ စီမံချက်ကို ဆန့်ကျင်ဖို့ မဝံ့မရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်အခါမှာ ဒေသခံတွေအတွက် အကျိုးရှိမယ့် မြေယာအသုံးပြုခွင့်စနစ်ကို ကျင့်သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
လယ်မြေအသိမ်းခံနေရတာကို ဒေသခံလယ်သမားတွေ ဘယ်လိုကာကွယ်ရမှန်းမသိ ဖြစ်နေပါတယ်။ အစိုးရထုတ်ပြန်တဲ့ ဥပဒေသစ်တွေအတိုင်း မှတ်ပုံတင်ဖို့ ကြိုးစားတော့လည်း ဌာနဆိုင်ရာတွေကို လာဘ်ပေးရတဲ့အတွက် ကုန်ကျစရိတ်များလွန်တယ်လို့ ဆိုပါတယ်။ တကယ်တော့ လယ်ယာဥပဒေသစ်ဟာ ဒေသခံတွေ ကြုံတွေ့နေရတဲ့ မြေယာပြဿနာကို ဖြေရှင်းနိုင်တာ မဟုတ်ဘူးလို့ဆိုပါတယ်။ အရပ်သားဟာ ဒေသခံတွေ ကြုံတွေနေတဲ့ မြေယာဥပဒေတွေမှာ ပုဂ္ဂလိပိုင်ဆိုင်မှုတွေကို ရှင်းပြတာမျိုး ရှိပေမယ့် အစိုးရပိုင်တာက အများဆုံးဖြစ်နေပါတယ်။ ဘိုးဘွားဘီဘင်ရိုးရာ အစဉ်အလာအရ မြေယာပိုင်ဆိုင်အသုံးပြုတဲ့ ဓလေ့ (သို့) ဘိုးဘွားပိုင်မြေကို အစိုးရမြေယာဥပဒေက အသိအမှတ်မပြုပါဘူး။ ဒါကြောင့်မို့ ရိုးရာအစဉ်အလာအရ လယ်ယာလုပ်ကိုင်လာသူကို မြေယာပိုင်ဆိုင်ခွင့် ပေးသင့်တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီးတဲ့ နောက်ပိုင်းမှာ မြေယာသိမ်းပိုက်မှု များပြားလာပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူတာဖြစ်ပါတယ်။ မြေယာသိမ်းယူမှုကို ကိုင်တွယ်ဖို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းထားပါတယ်။ ၂၀၁၂ နှောင်းပိုင်းမှာ ဖားအံ့နဲ့ သံတောင်မြို့နယ်ကို ဒီ ကော်မရှင်လာသွားပြီး မကျေနပ်ချက်တွေကို တိုင်းကြားဖို့ အားပေးစကားပြောပါတယ်။ ဒီလို အရေးယူဆောင်ရွက်တာကို ချီးမွှမ်းရမှာဖြစ်ပေမယ့် တိုင်းကြားတာကို ဖြေရှင်းနိုင်စွမ်း မရှိဖြစ်နေပါတယ်။ ဒါကြောင့် ကေအင်ယူ (သို့) စီးပွားရေးကုမ္မဏီကို တိုင်စာပေးပို့တာမျိုး လုပ်ကြပါတယ်။ အချို့နေရာမှာဆိုရင် လယ်သမားတွေစုပေါင်းဆွေးနွေးပြီး အဖွဲ့အစည်းအနေနဲ့ မြေယာသိမ်းပိုက်မှုကို ဆန့်ကျင်တာမျိုးတွေ လုပ်လာကြပါတယ်။
မြေယာနဲ့ ပတ်သက်တဲ့ မကျေနပ်မှုနဲ့ နစ်နာမှုတွေ တိုင်ကြားခွင့်ပေးထားတာကိုကြည့်ရင် အစိုးရဟာ မြေယာပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိတာကို ဖော်ပြရာရောက်ပါတယ်။ ဒါပေမဲ့ မြေယာပြုပြင်ရေးရဲ့ အမြင့်ဆုံးဦးတည်ချက်ဟာ တိုင်းသူပြည်သားတွေရဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ကို ကာကွယ်ဖို့သာ ဖြစ်ရပါလိမ့်မယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ ဒေသခံအဖွဲ့အစည်း ပါဝင်ဆောင်ရွက်တာဟာ အကောင်းဆုံးဖြစ်ပေမယ့် မိမိဒေသအကျိုးရှိအောင် လုပ်နိုင်ဖို့လည်းလိုပါတယ်။ ဥပဒေအရ စံသတ်မှတ်ချက်ထားဖို့ လိုအပ်ပါတယ်။ ဥပဒေအရ ကာကွယ်ထားတာကို ပြည်သူအသုံးပြုခွင့် မရဘူး၊ လက်တွေ့မကျင့်သုံးနိုင်ဘူး၊ ဒေသခံတွေနဲ့ မသင့်တော်ဘူးဆိုရင်လည်း ပြဿနာဖြစ်နိုင်ပါတယ်။ မတရားတဲ့ မြေယာကိစ္စ ဖြေရှင်းတဲ့အဆင့်ဆင့်မှာ ဒေသခံရွာသားတွေ ပါဝင်နိုင်လေ အကျိုးရှိလေဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာပြည်ထဲက မြေအားလုံးဟာ အစိုးရပိုင်များ ဖြစ်နေပါတယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို လယ်ယာစီးပွားရေးလုပ်ငန်းအတွက် အစိုးရက ခွဲတမ်းချပေးနိုင်ပါတယ်။ တကြိမ်မှာ ဧကငါးထောင်လုပ်ခွင့် ပေးနိုင်ပြီး ဧကငါးသောင်းအထိ ခွင့်ပြုနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံအကျိုးအတွက် မြေယာဝေငှတဲ့ကိစ္စမှာ ဒေသခံလယ်သမားတွေဟာ ပြောရေးဆိုခွင့် မရှိပါဘူး။
ဒါပေမဲ့ လယ်ယာထွက်ကုန်ကို တရားမျှတစွာ အကျိုးခံစားနိုင်ဖို့အတွက် လယ်သမားအခွင့်အရေးကို ကာကွယ်နိုင်တဲ့ ဥပဒေကို ပြဌာန်းရမယ်လို့ အခြေခံဥပဒေမှာ ညွှန်ကြားထားပါတယ်။ လယ်ယာကဏ္ဍဥပဒေတွေနဲ့အညီ တောင်သူလယ်သမားအဖွဲ့အစည်းကို တည်ထောင်နိုင်တယ်လို့ လယ်ယာမြေဥပဒေက ခွင့်ပြုထားတာကို အလားအလာကောင်းအဖြစ် သုံးသပ်ထားပါတယ်။ ဒါပေမဲ့ စုံစမ်းရေးကော်မရှင်မှာ ဒေသခံကို ဂရုမစိုက်ဘဲ တဖတ်သက်လုပ်တာများပါတယ်။ အစိုးရစီမံကိန်းတိုင်းလိုလိုမှာ ဒေသခံတွေ နစ်နာဆုံးရှုံးနေတာမို့ လူ့အဖွဲ့အစည်းကို ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာကို သိနိုင်ဖို့အတွက် ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။