ကြန့်ကြာနေတဲ့ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေးကို အိန္ဒိယစာနယ်ဇင်းက မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ အိန္ဒိယအောက်လွှတ်တော်ဥက္ကဋ္ဌ မေရာကူးမား ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက နေပြည်တော်သွားတုန်းကလည်း ကုလားတန်စီမံကိန်းကို မနှေးအမြန် အကောင်အထည်ဖော်ရေးကို ဆွေးနွေးကြပါတယ်။ ကုလားတန်မြစ်ကြောင်းကို အိန္ဒိယဘက်က (၂၀၀၂) မှာ တိုင်းထွားစစ်ဆေးပြီး စီမံကိန်းအကောင်အထည်ဖော်ဖို့ ၂၀၀၈ မှာ အိန္ဒိယ-မြန်မာ လက်မှတ်ထိုးကြပေမယ့် အခုအထိ အနည်းအကျဉ်းသာ အကောင်အထည် ဖော်နိုင်သေးတာ တွေ့ရပါတယ်။
ဒါပေမဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံကိန်းဖြစ်နေလို့ ဒေသခံပြည်သူလူထုကို အကျိုးမပြုရင် ရပ်ဆိုင်းသင့်တယ်လို့ ကုလားတန်လှုပ်ရှားမှုအဖွဲ့ရဲ့ ဇွန်လအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအဖွဲ့မှာ ရခိုင်မြစ်ချောင်းကွန်ရက်၊ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ဇိုလူမျိုးစုဖိုရမ် တို့ပါဝင်ပြီး ရခိုင်၊ ချင်း နဲ့ မီဇိုရမ် ပြည်နယ်တွေမှာ ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာရေးတာ ဖြစ်ပါတယ်။ စီမံကိန်းအကောင်အထည်ဖော်တဲ့ ပြည်နယ် (၃) နယ်က ဒေသခံတွေ အကျိုးခံစားနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ ရေရှည်ဖွံ့ဖြိုးရေး၊ ဘိုးဘွားပိုင်မြေကိစ္စမှာ ဒေသခံတွေ ပါဝင်ဆုံးဖြတ်နိုင်ရေး စတာတွေကို တောင်းဆိုထားပါတယ်။
ကုလားတန်စီမံကိန်းကို အိန္ဒိယကတာဝန်ယူ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်က စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့နဲ့ ကုလားတန်မြစ် ရေစူးနက်အောင် ပလက်ဝအထိ တူးဖို့ဖြစ်ပါတယ်။ ပလက်ဝမှာလည်း သင်္ဘောဆိပ်တည်ဆောက်မှာ ဖြစ်ပါတယ်။ ပထမအဆင့်ကို ရှေ့နှစ်ဇွန်လမှာ ပြီးစီးမယ်လို့ ခန့်မှန်းပါတယ်။ ပလက်ဝ က အိန္ဒိယ-မြန်မာနယ်စပ် မြစ်ဝ/လိုမာစုအထိ (၂) လမ်းသွား အဝေးပြေးကားလမ်းဖောက်ရေးဟာ ဒုတိယအဆင့် ဖြစ်ပါတယ်။ ဖောက်လုပ်မယ့်ကားလမ်းမြေပုံကို မသိရသေးပါဘူး။ မြိတ်ဝ၊ လိုမာစု နယ်ခြားစခန်းက မီဇိုရမ်ပြည်နယ် လောင်ကလိုင်အထိ (၂) လမ်းသွား အဝေးပြေးကားလမ်းဖောက်ပြီး အိန္ဒိယအဝေးပြေးအမှတ် (၅၄) နဲ့ဆက်ဖို့နဲ့ ဇိုရင်ပွီးမှာ အကောက်ခန်ဂိတ်စခန်း ဆောက်လုပ်ဖို့ကိစ္စဟာ နောက်ဆုံးတတိယအဆင့် ဖြစ်ပါတယ်။
မူလအစီအစဉ်မှာ ပလက်ဝ ကနေ ကလက်ဝ အထိ သင်္ဘောသွားနိုင်အောင် ကုလားတန်မြစ်ကို တူးပြီး ကလက်ဝ ကနေ အိန္ဒိယနယ်စပ်အထိ ကားလမ်းဖောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပလက်ဝ၊ ကလက်ဝအပိုင်းဟာ ရေစူးတိမ်မြစ်ကျဉ်းပြီး ကျောက်ဆောင်ထူထပ်တာမို့ ပလက်ဝအထိသာ ကုလားတန်မြစ်ကို အသုံးပြုဖို့ ၂၀၁၀ မှာ အစီအစဉ် ပြောင်းလိုက်ပါတယ်။ ဒါကြောင့် ကီလိုမီတာ (၆၀) ကျော်သာရှိမယ့် ကလက်ဝ၊ မြိတ်ဝကားလမ်းဟာ ကီလိုမီတာ (၁၃၀) ရှည်တဲ့ ပလက်ဝ၊ မြိတ်ဝကားလမ်း ဖြစ်လာပါတယ်။ လမ်းအတွက် လိုအပ်တဲ့မြေနေရာကို ဗမာအစိုးရက ပေးရမှာဖြစ်လို့ ဒီနေရာမှာ မြေယာသိမ်းပိုက်မှုများပြားလာဖွယ် ရှိပါတယ်။ ကုလားတန်မြစ်ကြောင်း ပြုပြင်ရေးမှာ အိန္ဒိယဘက်က လမ်းညွှန်စာတမ်းထုတ်ဝေထားပေမယ့် ကားလမ်းစီမံချက်မှာ ဗမာဘက်က ထုတ်ဖော်တာမျိုး မရှိသေးကြောင်း သိရပါတယ်။
ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ရာ ရခိုင်၊ ချင်း နဲ့ မီဇိုရမ်ပြည်နယ်တွေဟာ ဆင်းရဲတာမို့ ပြည်သူလူထုကို အဓိကထားတဲ့ ဖွဲ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ကုလားတန်လှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ ချင်းပြည်နယ်မှာ ရိက္ခာမဖူလုံတဲ့ ပြဿနာရှိပါတယ်။ ဒါကြောင့်မို့ ကုလားတန်စီမံကိန်းမှာ ဒေသခံတွေသာ အဓိကအကျိုးအမြတ် ခံစားသင့်တယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ရေး ကောင်းမွန်လာလို့ အိန္ဒိယဈေးကွက်နဲ့ ဆက်သွယ်နိုင်တာဟာ ဒေသခံတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ကုလားတန်စီမံကိန်း အကောင်အထည်ဖော်တုန်းမှာ ဒေသခံတွေ အလုပ်ရနိုင်တဲ့ အခွင့်အလမ်းလည်း ရှိပါတယ်။ အဓမ္မခိုင်းစေမှု၊ မြေယာသိမ်းပိုက်မှု၊ စစ်တပ်ကြီးစိုးမှု၊ ဆက်ကြေးယူမှု၊ သွားလာရေးချုပ်ချယ်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်း ပျက်စီးမှုစတဲ့ ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
ပလက်ဝ ကနေ အိန္ဒိယနယ်စပ်အထိ အဝေးပြေးကားလမ်း ဖောက်တဲ့စီမံချက်ဟာ ဒေသခံတွေကို အများဆုံးဒုက္ခပေးနိုင်တယ်လို့ ဆိုပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့က ဒေသခံ (၆၀) ကျော်ကို မေးမြန်းတဲ့အခါမှာ (၉၀) ရခိုင်နှုန်းဟာ ကားလမ်းဖောက်လုပ်မှုကြောင့် ဒုက္ခရောက်မယ်လို့ ယုံကြည်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့အတွက် မြေယာသိမ်းပိုက်မှုတွေ များပြားလာတာကိုကြည့်ပြီး မိမိတို့မြေယာ ဆုံးရှုံးမှုကို စိတ်ပူနေကြတာ ဖြစ်ပါတယ်။ ကုလားတန်မြစ်ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ ရေလုပ်သားနဲ့ လယ်သမားတွေကလည်း မြစ်ကြောင်းပြုပြင်မှုကြောင့် ဘဝရပ်တည်ရေး အခက်အခဲတွေ့လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
စီမံကိန်းကြောင့် ဒုက္ခရောက်နိုင်တဲ့ ဒေသခံတွေရဲ့ ဘဝရပ်တည်ရေးကို အိန္ဒိယ-မြန်မာအစိုးရ (၂) ခုစလုံးက အကူအညီပေးသင့်တယ်လို့ ကုလားတန် လှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။ ဆိပ်ကမ်းဆောက်လုပ်မှု မြစ်ရေစူးနက်အောင် ပြုပြင်မှုနဲ့ ကားလမ်းဖောက်လုပ်မှု စတဲ့အဆင့်တွေ တပြိုင်တည်း စတင်နေပြီဖြစ်ပေမယ့် အနည်းအကျဉ်းသာ လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သိသာမြင်သာအောင်လုပ်ဖို့ ကုလားတန်လှုပ်ရှားမှုအဖွဲ့က အကြံပေးထားပါတယ်။