ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ အဓိက မှတ်တိုင်တခုဖြစ်တဲ့ ၈၈ အရေးတော်ပုံ(၂၅) နှစ် ပြည့်မြောက်မယ့်အချိန် နီးကပ်လာနေချိန်မှာ ဒီအရေးတော်ပုံကိုစပြီး ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ သမိုင်းနဲ့အတူ လှုပ်ရှားဆဲ၊ တိုင်းပြည်နဲ့လူထုအတွက် တာဝန်ကျေအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့လက်ရှိ လှုပ်ရှားလုပ်ဆောင်ချက်တွေဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ ဘယ်လောက်ကိုက်ညီသလဲဆိုတာကို ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေး နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ၈၈ အရေးခင်းကို ကိုမြအေးတို့ ကျောင်းသားတွေက စတင်ခဲ့တာ အခုဆိုရင် (၂၅) နှစ်ပြည့်တော့မယ် ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ပြန်ပြောင်းသုံးသပ်ရင် အကျဉ်းချူံးပြောရင် အောင်မြင်တဲ့ပွဲလား၊ မအောင်မြင်ခဲ့ဘူးလား။ အဲဒါကို စပြီးပြောစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် တနေ့က ကိုမြအေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ သတင်းမီဒီယာတွေထဲမှာ အဲဒီအထဲမှာ ဘာရေးထားသလဲဆိုတော့ ကိုမြအေး ကို “one of the leaders a failed uprising - ကျောင်းသားတွေ ထကြွခဲ့တဲ့ မအောင်မြင်တဲ့ အုံကြွမှုရဲ့ ခေါင်းဆောင်တဦး” လို့ ညွှန်ထားတယ်။ အဲဒါကို လက်ခံပါသလား။
ကိုမြအေး ။ ။ ၈၈ လူထုအရေးတော်ပုံကြီးဟာ တိုင်းပြည်ရဲ့ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်ဆိုတာတော့ အထင်အရှားပါ။ ဒါပေမဲ့ ကျနော်တို့ဘက်က ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ အားနည်းချက်တွေလည်း ရှိခဲ့ပါလိမ့်မယ်။ တိုင်းပြည်ကံကြမ္မာလိုပဲဆိုဆို၊ ကျနော်တို့တိုင်းပြည်ဟာ တကယ့် Democratic country အဖြစ်ကို မရောက်ဘဲနဲ့ စစ်အာဏာရှင်စနစ်အောက်ကိုတော့ ရောက်သွားခဲ့တယ်။ သို့သော်လဲ စစ်အာဏာရှင်အောက်မှာ ၁၉၉၀ ရွေးကောက်ပွဲကြီးကို တိုင်းသိပြည်သိ၊ ကမ္ဘာသိ ကျင်းပပေးခဲ့ရတယ်ဆိုတာတော့ အထင်အရှားရှိခဲ့တဲ့အတွက်ကြောင့်မို့ ၈၈ အရေးတော်ပုံကြီးကို သုံးသပ်မယ်ဆိုလို့ရှိရင် လုံးလုံးလျားလျားကြိး ရည်မှန်းချက်ကို မရောက်ပေမယ့်လည်း။ဆုံးရှုံးတဲ့ အရေးတော်ပုံတခုလို့ ကျနော် မမြင်ဘူးဗျ။ အတိုင်းအတာတရပ်အထိတော့ ခရီးရောက်ခဲ့တယ်လို့ ပြောချင်တယ်။ အထင်အရှားပါ။ မဆလပါတီ ပြုတ်ကျပြီးနောက် အားလုံးလည်း မြင်တဲ့အတိုင်းပါပဲ ပါတီစုံစနစ်ကို ကူးပြောင်းခဲ့ရတယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းခဲ့ရတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ပေါ့။ အဲဒါကြောင့် ကျနော်ကတော့ အတိုင်းအတာတရပ်အထိ အောင်မြင်ခဲ့တယ်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ၈၈ မျိုးဆက်တွေရဲ့ legacy သူတို့ထားရစ်ခဲ့တဲ့ အမွေအနှစ်၊ သူတို့ရဲ့ အစဉ်အလာဟာ၊ ဘယ်လိုလို့ သမိုင်းမှတ်တမ်းတင်လာလိမ့်မယ် ထင်ပါသလား။
ကိုမြအေး ။ ။ အဲဒါကတော့ လက်ရှိလဲ သမိုင်းကိုဆက်ပြီးတော့ ရေးနေကြစဲပဲလို့ ကျနော်မြင်တယ်။ ဒီအချိန်မှာ ခြုံပြီးပြောရမယ်ဆိုရင်တော့ ၈၈ မျိုးဆက်ဆိုတာထက်၊ ၈၈ ဖြစ်ပေါ်လာဖို့အတွက်က ၆၂၊ ၇၄-၇၅-၇၆ အစရှိတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေက အရင်းခံပါတယ်။ အဲဒီတော့ ၈၈ ကို ပြန်သုံးသပ်မယ်ဆိုရင် ၈၈ ဆိုသည်မှာ ပြည်သူလူထုတရပ်လုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ အဲဒီတော့ ၈၈ ကို ပြန်ပြောင်းပြီးပြောမယ်ဆိုရင် လူထုတွေရဲ့ လှုပ်ရှားမှုအရေးတော်ပုံကြီးဟာ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်ဆိုတဲ့ သမိုင်းမှာ တင်ကျန်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့ အခုသွားနေတာကတော့ democratic country တခုဖြစ်လာအောင် ပုံဖော်မလား။ ပုံဖော်မလို့ ရောက်ပြီးလားဆိုတဲ့အပေါ်မှာ ကျနော်တို့ သမိုင်းကိုဆက်ရေးနေတုန်းပဲလို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အဲဒီခေါင်းဆောင်၊ အဲဒီ့မျိုးဆက်တွေရဲ့ အခန်းဟာ မြန်မာနိုင်ငံသမိုင်းနဲ့ ဆက်လက်ပြီး ရှင်သန်လှုပ်ရှားနေစဲလား။
ကိုမြအေး ။ ။ ဟုတ်ပါတယ်။ အဲဒါကတော့ အထင်အရှားပါ။ ဘာဖြစ်လို့လဲဆိုတော့ ၈၈ လို့ ပြောလိုက်ရင် ကျနော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး ပွင့်လင်းအဖွဲ့အစည်းတခုတည်း မဟုတ်ပါဘူး။ ၈၈ ကာလမှာ အသီးသီးသကာလ ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ လယ်သမားသမဂ္ဂတွေ အစရှိသဖြင့် မွေးဖွားလာတဲ့လူတွေဟာ အခုနိုင်ငံရေးလောကထဲမှာလည်း နိုင်ငံရေးအခင်းအကျင်းကြားထဲမှာလည်း ဆိုင်ရာဆိုင်ရာကနေ လွှတ်တော်ထဲရောက်တဲ့လူလည်း ရောက်ကုန်ကြပြီ၊ အပြင်မှာလည်း အရပ်ဖက်လူ့အဖွဲ့အစည်းတွေမှာလည်း ဆောင်ရွက်နေသူတွေ ရှိသလို၊ နောက်တခါ ပြည်ပမှာလည်းရှိတယ်။ ပြည်တွင်းမှာလည်း ရှိတယ်ဆိုတော့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှာတော့ ၈၈ က မွေးဖွားပေးလိုက်တဲ့လူတွေဟာ စဉ်ဆက်မပြတ် နိုင်ငံရေးကြမ်းခုံပေါ်မှာ ဆက်လက်ရှိနေတယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ၈၈ တဖွဲ့လုံးရဲ့ အဓိကပင်မ mainstream ၈၈ အင်အားစုတွေရဲ့ အခန်းကဏ္ဍကရော အခုအခါမှာ လူမှုရေးတွေ၊ လူ့အခွင့်အရေးကိစ္စတွေ အများကြီးဆောင်ရွက်နေတာ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ ကျနော်တို့လည်း ကောင်းကောင်းကြားပါတယ်။ ဒါပေမဲ့ တိုင်းပြည်အပေါ်မှာ အဓိက တင်ရှိနေတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးတာဝန်ဟာ ကျေပြွန်ပြီလား။ အဲဒီအတွက် ဘယ်လိုဆက်ပြီး လုပ်ကြမလဲ။
ကိုမြအေး ။ ။ ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် တိုင်းပြည်မှာရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားအောင် ထမ်းဆောင်တဲ့တာဝန် ကျေပြွန်ပြီလားဆိုတာကို ကျနော့်တယောက်တည်းအမြင်နဲ့ ပြောရမယ်ဆိုရင် ရိုးရိုးပဲဝန်ခံပါရစေ .. ကျနော်တို့ ဆန္ဒတွေ မပြည့်ဝသေးပါဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့တာဝန်ကျေပြွန်ပြီလို့ မခံယူပါဘူး။ ကျနော်တို့ တာဝန်မကျေသေးပါဘူး။ အဲဒီတော့ ရှေ့လျှောက်ကတော့ ကျနော်တို့အနေနဲ့ တကယ်ကို စစ်စစ်မှန်မှန် democratic country ဖြစ်သွားအောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ အခန်းကဏ္ဍတော့ လွှတ်တော်အတွင်းမှာလည်းရှိမှာ ဖြစ်သလို။ လွှတ်တော်ပြင်ပမှာလည်း ရှိမှာဖြစ်တယ်။ နိုင်ငံရေးပါတီမှာ ရှိမှာဖြစ်သလို၊ နိုင်ငံရေးပါတီမဟုတ်သော အရပ်ဖက်လူ့အဖွဲ့အစည်းတွေမှာလည်း ရှိသွားရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဓိက နိုင်ငံရေးပါတီနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍကို မေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီဆိုတာ နိုင်ငံရေးလုပ်ရင် အဓိကလိုအပ်တယ်။ ပါတီက အာဏာရလာမှ။ ကိုယ်တို့လိုချင်တဲ့ လမ်းစဉ်ကို ဦးဆောင်ပြီးတော့ ချမှတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အခု ၈၈ မျိုးဆက်တွေကို သီးခြားကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီ၊ ပါတီအင်အားစုတရပ် ပေါ်ပေါက်လာမယ့် အခြေအနေ ဘယ်လောက်နီးကပ်နေပြီလဲ။
ကိုမြအေး ။ ။ ကျနော်မြင်တာကတော့ ၂၀၁၅ မတိုင်ခင်မှာတော့ အခြေအနေအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သေချာတာ တခုကတော့ ကျနော်တို့ အခုလက်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဒါမှမဟုတ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တအုပ်စုလုံးအနေနဲ့ နိုင်ငံရေးပါတီတခုခုအနေနဲ့ ထွက်ပေါ်လာလိမ့်မယ်လို့ မရှိပါဘူး။ ထွက်ပေါ်လာမှာလည်း မဟုတ်ဘူးလို့ မြင်ပါတယ်။ တအုပ်စုလုံးပါတဲ့ဟာကတော့။ ဒါပေမဲ့ ကျနော်တို့ထဲမှာရှိတဲ့ အခုနပြောသလို လွှတ်တော်ထဲမှာ ဖြစ်မယ်။ နိုင်ငံရေး - အခုန ဦးကျော်ဇံသာ ပြောသွားတာကို လုံးဝသဘောတူပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတရပ်ထောင်ပြီးတော့ အာဏာရမှ ကိုယ်လုပ်ချင်တာကို လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့မျိုးဆက်ထဲကနေ သေချာတာတခုကတော့ လွှတ်တော်ထဲဝင်ဖို့ အခင်းအကျင်းတွေ ဖန်တီလာမှာတော့ သေချာတယ်။ အဲဒါကတော့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော်က ၈၈ ထဲက ထွက်လာတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီထောင်ပြီးတော့ နိုင်ငံရေးအာဏာကို ရယူမယ့် အစီအစဉ်မရှိဘူးလား။ တည့်တည့်မေးရမယ်ဆိုရင်တော့။
ကိုမြအေး ။ ။ တည့်တည့်မေးတာတော့ မှန်တာပေါ့။ ကျနော်လည်း ရှင်းရှင်းလေး ရိုးရိုးပဲ ဖြေပါမယ်။ နှစ်မျိုးဖြစ်နိုင်ပါတယ်။ ရှိပြီးသာ ပါတီတရပ်ရပ်မှာ ဝင်သွားတာမျိုး။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ်ဖော်တဲ့ ပါတီမျိုး ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ အကို အခုနပြောသလို တအုပ်စုလုံးကတော့ တခုတည်းမဖြစ်ဘူး။ အဲဒါကတော့ သေချာတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် သိချင်တာက တအုပ်စုလုံး၊ တအုပ်လုံး မဖြစ်တာက နိုင်ငံရေးပါတီဆိုတာ၊ နိုင်ငံရေး ဘယ်စနစ်ကို လိုချင်ကြတယ်။ ဒါကို အတူတူဆောင်ရွက်ကြမယ်။ တချိန်တုန်းကဆိုရင် အခု စွန့်ရမယ့် ရှေ့မှာနိုင်ငံရေး လုပ်ပြီးစွန့်စားလာရမယ့် စွန့်စားမှုမျိုးထက် ကိုမြအေးတို့ ကျောင်းသားခေါင်းဆောင်တွေ ၈၈ မှာ စွန့်စားခဲ့တာ ပိုပြီးကြောက်စရာကောင်းတယ်။ အသက်နဲ့လည်ပြီး စွန့်စားခဲ့ကြတာ ခင်များတို့ အသိဆုံးပဲ။ ဘယ်လောက်ခံခဲ့ရတယ်ဆိုတာကို။ အဲဒီကာလတုန်းက ခင်များတို့က တူညီသောရည်ရွယ်ချက်တခုနဲ့ ပေါင်းစည်းနိုင်ခဲ့ကြတယ်။ အခုအခါမှာကြတော့ တူညီတဲ့ ရည်ရွယ်ချက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ပေးမယ် တိုင်းပြည်အတွက်၊ ဘာညာရည်ရွယ်ချက်ပေါ်မှာ ဘာကြောင့် တပေါင်းတစည်းတည်း မဖြစ်နိုင်ကြတာလဲ။ ကျန်တဲ့ အခြေခံကွဲလွဲချက်လေးတွေကို ဒီမိုကရေစီနည်းအရ ပါတီထဲမှာ မူချပြီးတော့ သဘောတူကြမယ်၊ ငါတို့လုပ်မယ်ဆိုတာမျိုး မဖြစ်နိုင်ဘူးလား။
ကိုမြအေး ။ ။ ကျနော်တို့ရဲ့ သုံးသပ်ချက်အရ ပြောမယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးပါတီထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်လမ်းကြောင်းထဲက သွားမယ်ဆိုတဲ့ နည်းလမ်းတခုတည်းနဲ့တော့ မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့ ဆောင်ရွက်လို့ မဖြစ်နိုင်သေးဘူးလို့ ကျနော်မြင်တယ်။ ဒီလိုပဲ လွှတ်တော်ထဲကို မဝင်ဘဲနဲ့ အပြင်မှာပဲ အရပ်ဖက်လူ့အဖွဲ့အစည်းအသွင်နဲ့ သွားတဲ့လမ်းကြောင်းတခုတည်းနဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရလိမ့်မယ်လို့ မမြင်ဘူး။ ဒီလမ်းကြောင်းနှစ်ခုကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်မှဖြစ်မယ်။ ဒီနေရာမှာတော့ လွှတ်တော်ထဲဝင်တဲ့လူကလည်း ဝင်မယ်။ လွှတ်တော်ပြင်ပမှာ ရှိတဲ့လူကလည်း ရှိမယ်။ နှစ်ခုစလုံးကို ဟန်ချက်ညီညီနဲ့ ရှိနေမယ်ဆိုလို့ရှိရင်တော့ ကျနော်ထင်ပါတယ် လက်ရှိနိုင်ငံရေးအခြေအနေအရ အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့လမ်းတွေ ဖြစ်သလို၊ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်လည်း ပိုပြီး ဒီမိုကရေစီနိုင်ငံတခုကို ထူထောင်နိုင်ဖို့ ပိုပြီးမြန်မယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ပြည်သူလူထုက ၈၈ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ ဒီလို တပါတီအာဏာရှင်ပြုတ်ကျခဲ့တာ၊ စစ်အာဏာရှင်စနစ်ကို ဘယ်လိုတွန်းလှန်ခဲ့တာ။ ဒါတွေကို ခေါင်းထဲမှာ မှတ်မိနေတုန်း၊ အသဲနှလုံးထဲမှာ စွဲမြဲနေတုန်းဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ တခါတခါမှာ လက်ရှိနိုင်ငံရေးလောကနဲ့ ပတ်သက်ပြီးတော့ ဘဝင်မကျရင် ၈၈ ကျောင်းသားတွေ ဘာလုပ်နေသလဲ။ ဒီလူတွေတော့ ဖြစ်တန်ကောင်းရဲ့ဆိုတဲ့ မျှော်မှန်းချက် အမြဲတမ်းရှိတယ်လို့ ကြားရပါတယ်။ ကိုမြအေးတို့ တိုင်းပြည်ထဲမှာနေတာ ပိုပြီးတော့ ကြားရပါလိမ့်မယ်။ ဆိုတော့ ပြည်သူရဲ့ ဒီဆန္ဒကို ကိုမြအေးတို့ တကယ်ဖြည့်ဆည်းနိုင်မယ်လို့ ထင်ပါသလား။ ဖြည့်ဆည်းဖို့ အစီအစဉ်ကော ရှိပါသလား။
ကိုမြအေး ။ ။ ပြည်သူရဲ့ ဆန္ဒကိုတော့ ကျနော်တို့ ဦးထိပ်မှာရှိတယ်။ ဖြည့်ဆည်းဖို့ ကြိုးစားရလိမ့်မယ်။ မဖြည်ဆည်းနိုင်ဘူးဆိုလို့ရှိရင် ပြည်သူရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နိုင်ငံရေးနိဂုံးချုပ်တဲ့အချိန် ဖြစ်သွားပါလိမ့်မယ်။ နောက်တချက် ကျနော်ပြောချင်တာက အရင်တုန်းက ကျနော်တို့က အစိုးရပြုတ်ကျရေး၊ အစိုးရကို တိုက်တာ၊ စစ်အစိုးရကို ဖြုတ်ချတာ။ တပါတီအာဏာရှင်စနစ်ကို တိုက်တာ။ အခုအချိန်က တိုက်တာတခုတည်းနဲ့ မရတော့ဘူး။ တိုက်ရင်နဲ့ တည်ဆောက်ရမယ့်အပိုင်းတွေပါ ပါလာတယ်။ အဲဒီအခါကြတော့ ကျနော်တို့ ဖြစ်စေချင်တဲ့ဆန္ဒက ကျနော်တို့အနေနဲ့က ကျနော်တို့ထက် capacity ပြည့်ဝတဲ့။ ကျနော်တို့ထက် ပိုပြီး academic ဆန်တဲ့၊ ကျနော်တို့ထက်ပိုပြီး လန်းဆန်းတက်ကြွတဲ့ လူငယ်တွေကို ကျနော်တို့ ပခုံးပေါ်တင်ဖို့ ကျနော်တို့ရဲ့ duty ပါ။ အဲဒါကို ပိုဇောင်းပေးဖို့ စဉ်းစားပါတယ်။ ဒါက နိုင်ငံရေးပါတီတရပ်အနေနဲ့သွားသွား၊ ဒါမှမဟုတ် အရပ်ဖက်လူ့အဖွဲ့အစည်းနဲ့သွားသွား ကျနော်တို့ မလွှဲမရှောင် သေချာပေါက်ထမ်းဆောင်ရမယ့် တာဝန်တရပ်လို့ ခံယူထားတယ်။ ဒီလမ်းကြောင်းပေါ်မှာ ပြည်သူရဲ့ဆန္ဒကို တတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဖြည့်စွမ်းသွားရမယ်။ မပြည့်ဘူးဆိုရင်တော့ စောစောကပြောခဲ့တဲ့စကားလိုပဲ ကျနော်တို့ရဲ့ နိုင်ငံရေးကို ကျနော်တို့ နိဂုံးချုပ်လိုက်တာနဲ့ အတူတူပါပဲ။
ဦးကျော်ဇံသာ ။ ။ ကိုမြအေးတို့ထက်ငယ်တဲ့ ငယ်ရွယ်တက်ကြွတဲ့ capacity ပြည့်ဝတဲ့လူတွေဆိုတော့ ကျနော်ထင်တယ်။ ကိုမြအေးတို့ generation က ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့လည်း အတွေ့အကြုံ အများကြီး။ လှုပ်ရှားမှု၊ တတိုင်းပြည်လုံး အတိုင်းအတာကိုလည်း လွှမ်းခြုံပြီးတော့ ဆောင်ရွက်ခဲ့ပြီဖြစ်တယ်။ အသက်အရွယ်အားဖြင့်လည်း ဒီအသက်အရွယ်ဟာ prime of your life တကယ့်ထိပ်ဆုံးရောက်နေတဲ့အချိန် အရာရာကို မှန်မှန်ကန်ကန်၊ ချင့်ချင့်ချိန်ချိန် စဉ်းစားနိုင်တဲ့အချိန်လည်း ဖြစ်တယ်။ ဒီအချိန်ကို အခွင့်ကောင်းယူပြီးတော့ နိုင်ငံရေးကို ပိုပြီးတော့ ဇောက်ချလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကော မရှိကြဘူးလား။
ကိုမြအေး ။ ။ သေချာပေါက်ရှိပါတယ်။ အခုလုပ်နေတာက နိုင်ငံရေးအပိုင်းမှာ အခုနရှင်းပြသလို နိုင်ငံရေးပါတီထောင်တာလည်း နိုင်ငံရေးပါပဲ။ နိုင်ငံရေးပါတီ မထောင်ဘဲနဲ့ လွှတ်တော်ပြင်ပမှာ လုပ်နေတာလည်း နိုင်ငံရေးပါပဲ။ နည်းလမ်းသာ ကွာသွားတာပါ။ ဒါပေမဲ့ သေချာတာတခုကတော့ ၈၈ မျိုးဆက်များသည် ယနေ့ဖြစ်ပေါ်နေတဲ့ ပစ္စက္ခနိုင်ငံရေးအခြေအနေနဲ့ လုံးဝကင်းကွာသွားတာ၊ လွတ်ကင်းသွားတာ၊ ကင်းလွတ်သွားတာ လုံးဝမရှိပါဘူး။ ကျနော်တို့ သေချာပေါက်ကို လုပ်နေပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ၈၈ က လွှမ်းခြုံပြီးတော့ တပါတီတည်း မဟုတ်တောင်မှ အဲဒီဟာကနေ ခတ်ဖြာပြီးတော့ ဖြစ်လာမယ့် အင်အားစုတွေဟာ ပါတီဖြစ်လာနိုင်တယ်ဆိုတာ ဘယ်နှစ်ခုလောက် ဖြစ်လာနိုင်မယ်လို့ တွက်လို့ရသလဲ။ ၈၈ ထဲက ပေါ်ထွက်လာမယ့် ပါတီတွေ။
ကိုမြအေး ။ ။ အခုကို အကိုတို့လည်း မြင်မှာပေါ့ ၈၈ ကနေ ပေါက်ဖွားလာတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဆိုရင် တချို့တဝက်။ လူ့ဘောင်သစ်ပါတီကို ပြန်ပြီးထူးထောင်ဖို့ ကြိုးစားနေကြတာရှိတယ်။ ဒါကလည်း ၈၈ က မွေးဖွားလာတဲ့ လူတွေ။ ကျနော်တို့လိုပဲ၊ ကျနော်တို့နဲ့အတူတူ။ အဲဒီလိုပဲ တခြားတခြားသော နိုင်ငံရေးပါတီတွေလည်း ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။ ဒါမှမဟုတ်လို့ရှိရင် ရှိပြီးသားဖြစ်တဲ့ ပါတီတွေနဲ့ ပေါင်းစည်းသွားတာတွေလည်း ဖြစ်နိုင်တယ်။