ကြံ့ဖွံ့တဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဇွန်လ (၂၆) ရက်နေ့မှာ အရေးကြီးအဆိုတင်သွင်းတာကို လွှတ်တော်က ချက်ချင်းအတည်ပြုပြီး ဆက်သွယ်ရေးဥပဒေ ပြဌာန်းပြီးမှ နိုင်ငံခြား မိုဘိုင်အော်ပရေတာ (၂) ဦးကို ရွေးချယ်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက မူလအစီအစဉ်အတိုင်း ဇွန်လ (၂၇) ရက်နေ့မှာ ရွေးချယ်လိုက်တဲ့ နိုင်ငံခြားကုမ္မဏီ (၂) ခုကို ကြေညာပါတယ်။ စစ်အုပ်စုနဲ့ ခရိုနီတစု တည်ထောင်ထားတဲ့ မြန်မာအော်ပရေတာတွေကို ကျော်တက်သွားမှာ စိုးရိမ်လို့ ပြည်တွင်းကုမ္မဏီနဲ့ ဖက်စပ်လုပ်ရမယ့် ဥပဒေကို အရင်ဆုံးပြဌာန်းဖို့ လွှတ်တော်က ဆုံးဖြတ်ပါတယ်။
ရတနာပုံတယ်လီပို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြန်မာ့တယ်လီကွမ်း () လုပ်ငန်း စတာတွေပါဝင်တဲ့ ပုဂ္ဂလိကပိုင် မြန်မာအော်ပရေတာ (၂) ခု မိုဘိုင်းဈေးကွက်မှာ အရေးနိမ့်သွားမှာ စိုးရိမ်တဲ့အတွက် နိုင်ငံခြားပိုင်သက်သက်ကို လုပ်ခွင့်မပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်တာဖြစ်ပါတယ်။ လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ကတော့ ဆက်သွယ်ရေးဥပဒေကို ထင်သလိုသုံးပြီး လူ့အခွင့်အရေးချိုးဖျက်မှာကို စိုးရိမ်နေပါတယ်။ ဆက်သွယ်ရေးကောင်းရင် လူ့အဖွဲ့အစည်းအရေးမှာ ပြည်သူတွေ တက်ကြွစွာ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအတတ်ပညာကို ယုံကြည်စိတ်ချစွာ သုံးနိုင်အောင် အာမခံဖို့ လိုပါတယ်။
ပြည်သူပြည်သား လွတ်လပ်စွာ ပြောဆိုနိုင်မှုနဲ့ သတင်းအချက်အလက် ဖလှယ်နိုင်မှုဟာ မြန်မာကုမ္မဏီ (၂) ခုနဲ့ နိုင်ငံခြားတယ်လီကွမ်းကုမ္မဏီ (၂) ခုအပေါ်မှာ မူတည်နေပါတယ်။ တယ်လီဖုန်းနဲ့ အင်တာနက်သုံးသူတွေရဲ့ ကိုယ်ရေးမှတ်တမ်းကို ဒီကုမ္မဏီတွေက သိမ်းဆည်းထားမှာဖြစ်လို့ အစိုးရလိုအပ်တဲ့အခါမှာ ဒီကုမ္မဏီတွေက ထုတ်ပေးရမယ့်သဘော ဖြစ်နိုင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်မှုကို လုပ်ရိုးလုပ်စဉ်လို လုပ်နေတဲ့ မြန်မာပြည်မှာ တယ်လီဖုန်းနဲ့ အင်တာနက်သုံးစွဲသူရဲ့ လူ့အခွင့်အရေး မထိခိုက်အောင် တယ်လီကွမ်းအော်ပရေတာတွေက တာဝန်ယူရပါလိမ့်မယ်။ ဆက်သွယ်ရေးနဲ့ သတင်းဆိုင်ရာ နည်းပညာကဏ္ဍမှာ လူ့အခွင့်အရေး လေးစားအောင် အစိုးရက ဥပဒေပြဌာန်းသေးတာ မဟုတ်ပါဘူး။ ဒါကြောင့် ကုမ္မဏီတွေ လူ့အခွင့်အရေး လေးစားဖို့ ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
စစ်အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ၁၉၉၆ ခုနှစ် ကွန်ပြူတာပညာ ဖွံ့ဖြိုးရေးဥပဒေ နဲ့ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဥပဒေတွေဟာ ကွန်ပြူတာအင်တာနက်ကိုသုံးပြီး အစိုးရအကြောင်း ပြောသူတွေကို အပြစ်ပေးဖို့ ရည်ရွယ်ပါတယ်။ ဦးသိန်းစိန်အစိုးရက ဒီဥပဒေတွေကိုသုံးပြီး အရေးယူနေတာ မဟုတ်ပေမယ့် တည်ဆဲဥပဒေတွေဖြစ်တာမို့ အချိန်မရွေးသုံးနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ၂၀၀၇ လူထုဆန္ဒပြပွဲသတင်း နိုင်ငံခြားကိုပေးပို့မှုနဲ့ နေဘုန်းလတ်နဲ့ သင်းဇူလှိုင်ကျော်တို့ ဖမ်းဆီးထိန်းသိမ့်ခံရပါတယ်။ နာဂစ်လေဘေးမှာ အစိုးရကြန့်ကြာတာကို ဝေဖန်တဲ့ ဇာဂနာ အဖမ်းခံရပြန်ပါတယ်။ နောက်တော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် အဖမ်းခံရပါတယ်။ ၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းတာ ဖြစ်ပါတယ်။ ဒီ ဥပဒေတွေဟာ အင်တာနက်သုံးသူတွေကို အပြစ်ရှာတဲ့ လက်နက်တွေ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်ထားတဲ့ တယ်လီကွမ်း ဆက်သွယ်ရေးဥပဒေမူကြမ်း အခန်း (၁၇) (၁၈) နဲ့ (၁၉) ဟာ စစ်ဆေးကြီးကြပ်၊ အရေးယူအပြစ်ပေးနိုင်တာတွေကို ဖော်ပြပါတယ်။ ကိုလိုနီခေတ်က ပြဌာန်းထားတဲ့ တလ်လီကွမ်းဥပဒေ (၂) ခုကို ဆက်သွယ်ရေးဥပဒေမူကြမ်းက ရုတ်သိမ်းလိုက်ပေမယ့် ၁၉၉၆ ကွန်ပြူတာပညာ ဖွံ့ဖြိုးရေးဥပဒေနဲ့ ၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဟာ တည်ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွားရေးနဲ့ အမျိုးသားယဉ်ကျေးမှု စတာတွေကို ထိခိုက်တယ်လို့ ယူဆရင် အနည်းဆုံး (၇) နှစ်၊ အများဆုံး (၁၅) နှစ် ထောင်ကျနိုင်တယ်လို့ ဆက်သွယ်ရေးဥပဒေကြမ်းမှာ ရေးထားတာဟာ ၁၉၉၆ နဲ့ ၂၀၀၄ ဥပဒေကို ပြန်လည်ဖော်ပြခြင်းသာ ဖြစ်ပါတယ်။
အာဏာပိုင်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ဟန့်တားနိုင်တဲ့နည်းလမ်း ကင်းမဲ့နေတာဟာ ဆက်သွယ်ရေး ဥပဒေကြမ်းရဲ့ အားနည်းချက်တခု ဖြစ်ပါတယ်။ ဒီအချက်ကြောင့် တယ်လီကွမ်းကုမ္မဏီဟာ အစိုးရခိုင်းတာကို လုပ်ရတဲ့ လက်အောက်ခံဌာနလို ဖြစ်နေပါတယ်။ ဒါကြောင့် လုံခြုံရေး၊ ထောက်လှမ်းရေး နဲ့ အရေးပေါ်အခြေအနေကို အကြောင်းပြပြီး အာဏာအလွဲသုံးစား မလုပ်နိုင်အောင် ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်တဲ့ဥပဒေတွေ ပြဌာန်းသင့်တယ်လို့ မြင်ကြပါတယ်။ လူ့အခွင့်အရေးကို လေးစားတဲ့ ဆက်သွယ်ရေးဥပဒေ မြန်မာပြည်မှာ မရှိသေးပါဘူး။
အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ က တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ချက်ကို စီစစ်တဲ့ကိစ္စဟာ ဗမာအစိုးရအတွက် ဆင်ခြေပေးစရာ ဥပမာတခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ တယ်လီဖုန်းနဲ့ အင်တာနက်ထောက်လှမ်းရေးဟာ ကွန်ဂရက်လွှတ်တော်နဲ့ တရားရုံးတွေရဲ့ ကြီးကြပ်မှုအရ လုပ်တာဖြစ်လို့ လုံခြုံရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ရေးကို ဟန်ချက်ညီအောင် လုပ်ထားတဲ့ အစီအစဉ်ဖြစ်တယ်လို့ မကြာမီက သမ္မတအိုဘားမား ကာကွယ်ပြောဆိုသွားပါတယ်။ ဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကာကွယ်တဲ့ဥပဒေကို မြန်မာပြည်မှာ ပြဌာန်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အကြံပေးထားတာ ဖြစ်ပုံရပါတယ်။