ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးနဲ့ အမျိုးသားညီလာခံအောင်မြင်ရေးကို အနှောင့်အယှက်ပေးရင် အပြင်းအထန်အရေးယူတဲ့ ၁၉၉၆ ဥပဒေကို ရုတ်သိမ်းတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြေညာချက်ကို ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ အစိုးရသစ်ပေါ်ထွက်လာလို့ မလိုတော့တဲ့ ဥပဒေဟောင်းကို ရုတ်သိမ်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာ ပြဌာန်းတဲ့ ငြိမ်းချမ်းစွာ စုဝေခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူ (၉) ဦးကို ခွင့်ပြုချက်မတောင်းတဲ့အတွက် ဦးသိန်းစိန်အစိုးရက ရာဇဝတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ ဒီအမှုကို ရုတ်သိမ်းသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီလ (၁၃) ရက်နေ့က ကြေညာပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဟာ ကချင်နဲ့ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို လေ့လာပြီးအစီရင်ခံစာ (၃) စောင် မနှစ်က ထုတ်ဝေထားပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်းတနှစ်မှာ လူ့အခွင့်အရေး ချိုးဖျက်မှု (၄၀၀) ကျော်ရှိကြောင်း ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေး မှတ်တမ်းတင်ကွန်ယက်ကလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအထဲမှာ မြေယာသိမ်းပိုက်မှုက တစ်ရာကျော် ရှိပါတယ်။
လက်နက်ကိုင်ပဋိပက္ခမှာ မပါဝင်တဲ့ အရပ်သားတွေကို ဒုက္ခမပေးဖို့ တပ်ဖွဲ့တွေအားလုံးမှာ တာဝန်ရှိပါတယ်။ စစ်ဥပဒေအရ တိုက်ပွဲနဲ့ မဆိုင်တဲ့အရပ်သားတွေကို ပစ်မှတ်အဖြစ် သတ်မှတ်လို့ မရပါဘူး။ စစ်သားအချင်းချင်း တိုက်ခိုက်ရာမှာ အရပ်သားကို မထိခိုက်အောင် ရှောင်ရှားဖို့လည်း ဥပဒေက ညွှန်ကြားထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနယ်မြေမှာ အစိုးရတပ်ရဲ့ ပြုမှုကျင့်ကြံပုံဟာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေးဥပဒေ နဲ့ မြန်မာပြည်တွင်းဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အများဆုံးနိုင်ငံဟာ မြန်မာနိုင်ငံပါ။ မိုင်ဗုံးထောင်မှု တားမြစ်တဲ့ဥပဒေကို နိုင်ငံပေါင်း (၁၆၀) က လက်ခံပေမယ့် ဗမာအစိုးရက အခုအချိန်အထိ လက်မခံသေးကြောင်း သိရပါတယ်။
၂၀၁၂ ဇွန်လမှာ ဖြစ်ပွားတဲ့ ရခိုင်ပြည်လူမျိုးရေး အကြမ်းဖက်မှုအကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သြဂုတ်လမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒီ ပဋိပက္ခကျယ်ပြန့်လာရင် ပြုပြင်ရေးအစီအစဉ်ကို ထိခိုက်နိုင်တယ်လို့ ဦးသိန်းစိန်ပြောတာမှန်ပေမယ့် ရိုဟင်ဂျာကို ဒုက္ခသည်စခန်းမှာထားပြီး တတိယနိုင်ငံကို ပို့ဖို့ပြောတာကိုတော့ လက်မခံပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ လေသံပြောင်းသွားပြီး အမြဲတမ်းယှဉ်တွဲ နေထိုင်နိုင်အောင် လုပ်ရမယ်လို့ ဖနွန်ပင်မြို့မှာ ပြောပါတယ်။ စိတ်နေသဘောထားပြောင်းလဲရေး၊ ပညာရေးအဆင့်အတန်း မြှင့်တင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ မွေးဖွားနှုန်း လျှော့ချရေးစတဲ့ နည်း (၄) မျိုးနဲ့ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းရမယ်လို့ ဦးသိန်းစိန်က ဖနွန်ပင်မြို့မှာ မြန်မာသတင်းသမားတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားပါတယ်။
မြန်မာ-တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်းဖြတ်မယ့် ရှမ်းပြည်မြောက်ပိုင်းဒေသမှာ မြေယာသိမ်းပိုက်ခံရလို့ ဒေသခံတွေ နစ်နာဆုံးရှုံးရပုံကို တာအင်း (ခေါ်) ပလောင်လူငယ် အစည်းအရုံးက နိုဝင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း စတဲ့ မြို့နယ် (၆) နယ်မှာ ပိုက်လိုင်းတည်ဆောက်မှုကြောင့် ဒေသခံတွေ ဘဝပျက်ရပုံကို တင်ပြထားပါတယ်။ ဒီအရပ်ဒေသမှာ အစိုးရတပ်နဲ့ ကချင်၊ တာအင်း လွတ်မြောက်ရေးတပ်တွေ တိုက်ခိုက်တာဟာ လူ့အခွင့်အရေး အခြေအနေကို ပိုပြီးဆိုးဝါးစေပါတယ်။ ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ပြေးဒုက္ခသည်ဦးရေလည်း တိုးပွားလာပါတယ်။ ရေနံဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတာဝန်ယူထားတဲ့ အစိုးရတပ်ရင်းတွေ များလာတာနဲ့အတူ ပေါ်တာဆွဲမှု၊ အတင်းအကြပ်ခိုင်းစေမှုတွေ စတဲ့ အစိုးရတပ်က ကျူးလွန်တဲ့အမှုတွေ များလာတာပါတယ်။
ဒါပေမဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ ဝန်ခံဖို့ အခက်အခဲ ရှိနေပုံရပါတယ်။ ကချင်ပြည်နယ်က အစိုးရတပ်ရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေး ချိုးဖျက်တာ မဟုတ်ဘဲ ဥပဒေအရ လုပ်တာသာဖြစ်ကြောင်း စက်တင်ဘာလ (၂၉) ရက်နေ့မှာ ဘီဘီစီက မေးမြန်းတဲ့အခါ ဦးသိန်းစိန်က ဖြေသွားပါတယ်။ ဦးသိန်းစိန် ဖွဲ့စည်းထားတဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ ၂၀၁၁ စက်တင်ဘာလကနေ ၂၀၁၂ ဧပြီလကုန်အထိ (၆) လကျော်ကာလမှာ ပြည်သူလူထုဆီက တိုင်စာပေါင်း (၂၀၀၀) ကျော် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီစာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ကော်မရှင်က ပို့ပေးပါတယ်။
သမ္မတဦးသိန်းစိန် လက်ထက်မှာ ထူးခြားချက်ကတော့ ၂၀၀၆ မှာ အရပ်သားတစု ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်အဖွဲ့ဝင်တွေဟာ အရင်လို အရိုက်အနှက်မခံရတော့ဘဲ ပညာပေးဆွေးနွေးပွဲတွေ ကျင်းပနိုင်တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအကြောင်း ဟောပြောတဲ့ ဦးမြင့်အေးနဲ့ အပေါင်းပါအချို့ကို ရာဇဝတ်မှုနဲ့ လီဆယ်လုပ်ကြံပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်တာနဲ့ သမ္မတ အိုဘားမား လာတော့မှ နောက်ဆုံးလွှတ်ပေးလာတာဟာ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းကို ပေ့ါပျက်စေတယ်လို့ ယူဆကြပါတယ်။ အချိန်ကြာလာတဲ့အခါမှာ အပြောတမျိုး အလုပ်တမျိုး ဖြစ်တာတွေလည်း များလာပါတယ်။