မြန်မာပြည်က အခြေခံပညာသင်ကျောင်း (၂၀၀) ကျော်ကို မနှစ်က လေ့လာတဲ့အခါမှာ သင်ထားတာကို အလွတ်ကျက်တာကများပြီး စဉ်းစားဆင်ခြင်တတ်အောင် သင်ပေးတာက အလွန်နည်းပါတယ်လို့ ဒီနှစ် ဖေဖေါ်ဝါရီလမှာ ကျင်းပတဲ့ နေပြည်တော်က ဆွေးနွေးပွဲတခုမှာ အင်္ဂလိပ်ပါမောက္ခ Frank Hardman က ပြောသွားပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကလည်း ဒီစကားမျိုး ကြားဘူးတာကြောင့် မြန်မာ့ပညာရေး သင်ကြားရေးစနစ်ဟာ အနှစ် (၂၀) ကလည်း ဒီစကားမျိုး ကြားဘူးတာကြောင့် မြန်မာ့ပညာရေး သင်ကြားရေးစနစ်ဟာ အနှစ် (၂၀) အတွင်းမှာ တိုးတက်မှုမရှိတာကို သက်သေပြသလို ဖြစ်နေပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNESCO-UNDP နဲ့ ဆရာဦးခင်မောင်ကြွယ် ခေါင်းဆောင်တဲ့ ပညာရေးသုတေသနဌာနတို့ ပူးပေါင်းပြီး မြန်မာ့ပညာရေးစနစ်ကို လေ့လာထားတဲ့ အစီရင်ခံစာတွေကို ၁၉၉၂ နဲ့ ၁၉၉၃ မှာ ထုတ်ဝေဘူးပါတယ်။ Education Sector Study အဖြစ် ပညာရေးလောကမှာ လူသိများပါတယ်။ အဲဒီ အစီရင်ခံစာတွေမှာလည်း မြန်မာ့ပညာရေးဟာ အလွတ်ကျက်ပြီး စာမေးပွဲဖြေတာကို အဓိက ဦးစားပေးတဲ့အတွက် စာမေးပွဲနဲ့ မပတ်သက်တဲ့ကိစ္စကို ဘယ်သူကမှ စိတ်မဝင်စားဘူးလို့ဆိုပါတယ်။ စာမေးပွဲအောင်ချက်ကောင်းတဲ့ ကျောင်းကိုသာ ကျောင်းသားမိဘတွေက အထင်ကြီးပါတယ်။ ဒါကြောင့် နောက်ဆုံးဖြေဆိုရတဲ့ စာမေးပွဲကြီးေအာင်ဖို့ကိုသာ အားလုံးက အာရုံစိုက်ကြပါတယ်။
ပြောင်းလဲနေတဲ့ အခြေအနေနဲ့ သင့်တော်တဲ့ သင်ရိုးညွှန်းတမ်းပြဌာန်းရေး၊ ဆရာ၊ ဆရာမ အရည်အချင်း တိုးတက်ရေး၊ ပညာရေးနဲ့ လက်တွေ့ဘဝ ဆက်စပ်ရေး စတာတွေကို အဓိက လိုအပ်ချက်အဖြစ် ထောက်ပြကြပါတယ်။ သင်ကြားရေးနည်းသစ်နဲ့ ကျောင်းသုံးစာအုပ်သစ်ကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားပေမယ့် ရည်ရွယ်ချက်မအောင်မြင်ဘူးလို့ ဆိုပါတယ်။ ဆရာနဲ့ ကျောင်းသားဟာ အလွတ်ကျက်တဲ့နည်းကိုပဲ ကြိုက်ကြတယ်လို့ ဆိုပါတယ်။ ကျက်စာမှတ်စာတွေ များလွန်တာကြောင့် ဆင်ခြင်တွေးတောမှုဘက်မှာ အားနည်းနေတယ်လို့ ဆိုပါတယ်။ ကျောင်းတွေမှာ ဖြစ်ပျက်နေတဲ့ အဂတိလိုက်စားမှုနဲ့ မသမာမှုတွေ နည်းပါးလာပေမယ့် အလွတ်ကျက်တဲ့ဓလေ့ ရှင်သန်တုန်းပဲလို့ ဆိုပါတယ်။ အခြေခံပညာရေးအဆင့်ဆင့်မှာ အဓိက အားနည်းချက်တွေ အများအပြား ရှိနေပါတယ်။
အလွတ်ကျက်အာဂုံဆောင်ရတဲ့ အကြောင်းရင်းကတော့ သင်ရိုးညွန်းတမ်းမှာ အချက်အလက်တွေ အများအပြားထည့်ထားလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အလွတ်ကျက်မှတ်သားတာကို စာမေးပွဲနဲ့ တိုင်းတာတဲ့အတွက် မေးခွန်းရနိုင်ဖို့နဲ့ စာမေးပွဲအောင်ဖို့က အဓိက ဦးစားပေး ဖြစ်လာပါတယ်။ တီထွင်ကြံဆစိတ်၊ လွတ်လပ်စွာ ဆွေးနွေးလိုစိတ်နဲ့ ခွဲခြမ်းစိတ်ဖြာလိုစိတ်တွေ ပေါ်ပေါက်ဖို့ အခွင့်အလမ်းမပေးတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ အပေါ်ယံ ပြုပြင်တာဟာ သင်ရိုးညွှန်းတမ်းကို ထိခိုက်စေပါတယ်။ မြန်မာစာ မတတ်သေးတဲ့ကလေးကို အင်္ဂလိပ်စာသင်ပေးတာဟာ သဘာဝမကျပါဘူး။ အထူးသဖြင့် မြန်မာစာပါသင်နေရတဲ့ တိုင်းရင်းသားအတွက် ပြဿနာဖြစ်နေပါတယ်။ အခြေခံမပြည်စုံတဲ့ ပညာရေးစနစ်ကို ချဲ့ထွင်လာတာကြောင့် အချိန်ကြာလေ အရည်အသွေးညံ့လေ ဖြစ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံတွေထဲမှာ မြန်မာပြည်ဟာ ကျောင်းသားပစ္စည်းကိရိယာ အရှားပါးဆုံး ဖြစ်ပါတယ်။
အလယ်တန်း၊ အထက်တန်းကျောင်းလိုပဲ တက္ကသိုလ်နဲ့ ကောလိပ်မှာလည်း ကျက်စာမှတ်စာကိုသာ ဦးစားပေးပါတယ်။ သင်ကြားတာကို အလွတ်ကျက်မှတ်ဖြေနိုင်သူကို ဘွဲ့လက်မှတ်ထုတ်ပေးတဲ့ စက်ရုံဟာ တက္ကသိုလ်တွေ ဖြစ်တယ်လို့ ကုန်သည်ကြီးများ စက်မှုအသင်းချုပ် လစဉ်ဟောပြောပွဲမှာ ဘူမိသိပ္ပံပညာရှင် ဒေါက်တာဦးသိန်း က ပြောသွားတာကို စက်တင်ဘာလ (၁) ရက်နေ့ထုတ် Popular News Journal မှာ ဖော်ပြပါတယ်။ သင်တာကို အလွတ်ကျက်ပြီး ဖြေရတဲ့စနစ်ကို ပယ်ဖျက်ပြီး အယူအဆ ဦးစားပေးသင်ကြားရေးကို ကျင့်သုံးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကျောင်းများပြီး ဆရာနည်းတဲ့ ပြဿနာ သင်ကြားရေးပစ္စည်း ကိရိယာရှားပါးလို့ လက်တွေ့မလုပ်နိုင်တဲ့ ပြဿနာနဲ့ စာမေးပွဲမှာ မသမာမှုရှိတာကို အကြီးအကျယ်ပြုပြင်ရမယ်လို့ ဒေါက်တာဦးသိန်း က ဆိုပါတယ်။ မြန်မာပညာရေးစနစ်ကို ပြုပြင်ဖို့ စိတ်ဝင်စားသူတွေ များလာပါတယ်။
ဒေါက်တာဦးသိန်းဟောပြောပြီး (၁၀) ရက်လောက်ကြတော့ မောက္ခပညာရေးမဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်ကလည်း ဟောင်းနွမ်းနေပြီဖြစ်တဲ့ ပညာရေးသင်ရိုးညွန်းတမ်းကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရန်ကုန်မြို့-ဗိုလ်အောင်ကျော်လမ်းမှာ ဟောပြောသွားပါတယ်။ လူ့အဖွဲ့အစည်း၊ တိုင်းရင်းသားယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး စတာတွေနဲ့ သင်တော်တဲ့ သင်ရိုးညွန်းတမ်းမျိုးကို ရေးဆွဲသင့်တယ်လို့ Australia နိုင်ငံမှာ ပညာသင်ခဲ့တဲ့ ဦးသိန်းနိုင် က ပြောသွားပါတယ်။
သင်ရိုးညွှန်းတမ်းတခုတည်း ပြဌာန်းပြီး တပြည်လုံးမှာ သင်ကြားတဲ့စနစ်ကို ပြန်လည်စဉ်းစားသင့်ကြောင်း Australia အမျိုးသားတက္ကသိုလ် လေ့လာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာ့လူဦးရေး (၇၀) ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး (၆၅) ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်နေကြတာကြောင့် ကျေးလက်အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့အညီ ပညာသင်ကြားသင့်တယ်လို့ ဆိုပါတယ်။ မိသားစုဝိုင်းလုပ်တဲ့ ကျေးလက်ဓလေ့ကို မထိခိုက်မယ့် ပညာသင်ကြားရေးစနစ်ကို တီထွင်သင့်တယ်လို့ ဆိုပါတယ်။ မြို့မှာသင်သလို ကျေးလက်ဒေသမှာသင်လို့ မရတာကို ထောက်ပြထားပါတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုတဲ့ သင်ရိုးညွှန်းတမ်း အလွန်လိုအပ်နေပြီလို့ မြင်ကြပါတယ်။