ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ Cobra Gold ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဗမာစစ်တပ်က လေ့လာသူ (၂) ဦး စေလွှတ်ထားပါတယ်။ ထိုင်း-အမေရိကန် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်န်းလုပ်တဲ့ အနှစ် (၃၀) ကျော်ကာလမှာ ပထမဦးဆုံးအကြိမ် ဗမာစစ်တပ်က ကိုယ်စားလှယ်စေလွှတ်တာ ဖြစ်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်တယ်ဆိုတာကပဲ ဗမာစစ်တပ်ရဲ့ စစ်သဘောတရား (Military Doctrine) ကို ပြသရာ ရောက်တယ်လို့ မြင်ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က စစ်အာဏာရှင်စနစ် ခိုင်မာအောင် စည်းရုံးသိမ်းသွင်းရာမှာ နိုင်ငံခြားအန္တရာယ်ကို အကြောင်းပြလေ့ရှိပါတယ်။
ထိုင်းအစိုးရကို ထိုးနှက်တိုက်ခိုက်တဲ့ ဝါဒဖြန့်ချက်ထဲမှာ Cobra Gold စစ်ရေးလေ့ကျင့်ခန်းလည်း ပါဝင်ခဲ့ပါတယ်။ ထိုင်းဆန့်ကျင်ရေးဆန္ဒပြပွဲလုပ်ပြီး စစ်အာဏာရှင်စနစ်ကို အားသစ်လောင်းခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်စပ်မှာ ခိုလှုံခွင့်ပေးတဲ့ ထိုင်းအစိုးရကို မကျေနပ်တာဟာလည်း ထိုင်ဆန့်ကျင်ရေးလုပ်ရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ထိုင်းအစိုးရတွေကလည်း နယ်စပ်နေလက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေကို ကြားခံအင်အားစုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အာဏာရအစိုးရတွေရဲ့ သဘောထားပေါ်မှာ မူတည်ပြီး ထိုင်း-မြန်မာ ဆက်ဆံရေးမှာ အတက်အကျရှိပေမယ့် မြန်မာ့စစ်သဘောတရားမှာ တရုတ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့ အစဉ်အလာရှိပါတယ်။ လွတ်လပ်ရေးရပြီး မကြာမီ ကွန်မြူနစ် ပုန်ကန်မှုနဲ့ ရင်ဆိုင်ရတဲ့ ဗမာအစိုးရတပ်ဟာ တရုတ် ကွန်မြူနစ်ကို ရန်သူအဖြစ် သတ်မှတ်ပါတယ်။ တရုတ်ကျူးကျော်တာကို နယ်စပ်မှာ သုံးလခုခံနိုင်မယ့် စစ်တပ်ကို တည်ထောင်ဖို့ ရည်ရွယ်တဲ့ စစ်သဘောတရားရှိခဲ့ပါတယ်။ ဒီ အယူအဆကို ဗိုလ်ချုပ်မောင်မောင်က အရင်ဆုံး တင်ပြကြောင်း သိရပါတယ်။ ဗမာကွန်မြူနစ်ကို တရုတ်ကွန်မြူနစ်က နှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ ကူညီခဲ့တာဟာလည်း မယုံကြည်နိုင်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ မဆလခေတ်မှာ တရုတ်တပ်သားတွေ ဗကပဘက်က ကူညီတိုက်ခိုက်ခဲ့လို့ ဗမာအစိုးရတပ်မှာ အကျအဆုံးများခဲ့ပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ စစ်ဦးစီးဌာနက ၁၉၇ မှာ ရေးသားခဲ့တဲ့ နယ်မြေလုံခြုံရေး စီမံချက်မှာလည်း တရုတ်ကိုရန်သူအဖြစ် သတ်မှတ်ထားကြောင်း ၂၀၁၀ မတ်လ ၁၅ ရက်နေ့ထုတ် ရှမ်းသံတော်ဆင့်မှာ ဖော်ပြပါတယ်။ ဗမာစစ်အစိုးရဟာ တရုတ်အကူအညီရယူခဲ့တာ (၉) နှစ်ရှိပြီ ဖြစ်ပေမယ့် အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကတော့ အရင်က စစ်သဘောတရားအတိုင်း တရုတ်ကိုရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ မဟာဗျူဟာလိုအပ်ချက်အရ မြန်မာပြည်ကို တရုတ်ကသိမ်းပိုက်ဖို့ ကြိုးစားမယ်ဆိုရင် မြစ်ကြီးနား၊ လာရှိုး နဲ့ ကျိုင်းတုံ စတဲ့ လမ်းကြောင်းတွေက ဝင်လာနိုင်တယ်လို့ တွက်ထားပါတယ်။ ဒါကြောင့် ဒီဒေသမှာရှိတဲ့ အပစ်ရပ်အဖွဲ့ (၈) ဖွဲ့ကို နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး နဲ့ စီးပွားရေးအရ စည်းရုံးသိမ်းသွင်းရမယ်လို့ ဆိုပါတယ်။ နိုင်ငံခြားကျူးကျော်မှုကို တွန်းလှန်ရာမှာ ပြည်သူ့စစ်ကို အပြည့်အဝ သုံးရမယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူစစ်စတာတွေကို ညီနောင်အရံတပ်ဖွဲ့တွေအဖြစ် ဖော်ပြပါတယ်။ တရုတ်ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရာမှာ မဟာဗျူဟာမှာ ခံစစ်သုံးပြီး နည်းဗျူဟာမှာ ထိုးစစ်ဖြစ်ရမယ်လို့ ဆိုပါတယ်။ မဟာဗျူဟာမှာ ရေရှည်တိုက်ပွဲအတွက် ပြင်ဆင်ပြီး နည်းဗျူဟာမှာတော့ ရေတိုတိုက်ပွဲဖြစ်ရမယ်လို့ ဆိုပါတယ်။ ၁၉၆၉ မှာ တရုတ်စစ်သား ၅၀၀၀ ကျော် မြန်မာပြည်မြောက်ပိုင်းဝင်လာပြီး ဗကပဘက်က ကူညီတိုက်ခိုက်ခဲ့လို့ အဲဒီနှစ်က အကျများတာကို ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် မဆလပါတီ ညီလာခံမှာ ဝန်ခံပါတယ်။ ဒါကြောင့်မို့ မိမိအာဏာတည်မြဲရေးအတွက် တရုတ်အကူအညီ အများအပြားယူနေတဲ့ ဗမာစစ်အစိုးရဟာ ရေရှည်မှာ တရုတ်ကို အန္တရာယ်လို့ အစဉ်အလာအတိုင်း မြင်နေတာ ဖြစ်ပုံရပါတယ်။
မေမြို့စစ်တက္ကသိုလ် သုတေသီ ဒုဗိုလ်မှူးကြီးအောင်ကျော်လှ ၂၀၀၄ မှာ တင်ပြတဲ့ စာမျက်နှာ (၃၄၆) ပါ မြန်မာ-အမေရိကန် ဆက်ဆံရေးစာတမ်းမှာလည်း တရုတ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့ စစ်သဘောတရားကို ဖော်ပြတယ်လို့ အဲဒီစာတမ်းရရှိထားသူ
Bertil Lintner က ဆိုပါတယ်။ သံတမန်ရေးနဲ့ စီးပွားရေးမှာ တရုတ်ကို အားကိုးတာဟာ အလွန်အန္တရာယ်ကြီးမားပြီး တိုင်းပြည်လွတ်လပ်ရေးကိုပါ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။ စစ်အစိုးရကို အပြည်ပြည်ဆိုင်ရာက လက်ခံနိုင်တဲ့ အစိုးရမျိုးနဲ့ အစားထိုးနိုင်မယ်ဆိုရင် စစ်တပ်အနေနဲ့ လမ်းစဉ်သစ်ချမှတ်ရတာပိုပြီး လွယ်ကူလိမ့်မယ်လို့ အောင်ကျော်လှရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။
ဒီသဘောတရားဘက်ကကြည့်မယ်ဆိုရင် တရုတ်အားကိုးမှုကို လျှော့ချလိုက်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လာအောင် အရပ်သားတပိုင်းအစိုးရကို စစ်တပ်က ဖွဲ့စည်းလိုက်တာလို့ ပြောရပါလိမ့်မယ်။ အရပ်သားတပိုင်း အစိုးရပေါ်ထွက်လာတာ ဗမာစစ်တပ်ရဲ့မဟာဗျူဟာ တခုလိုဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတွေ ဦးဆောင်တဲ့ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းမှာ မြန်မာပါဝင်လာတာဟာ တရုတ်ကိုချည်း မှီခိုအားထားတာမျိုး မလိုလားကြောင်း ဗမာစစ်တပ်က ပြသတာဖြစ်ပါတယ်။ တရုတ်အကူအညီနဲ့ အသက်ဆက်ခဲ့တာကို အန္တရာယ်လို့မြင်ပြီး ဒီမိုကရေစီနိုင်ငံတွေနဲ့ လက်တွဲဖို့ကြိုးစားတာ ဖြစ်ပုံရပါတယ်။