မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ရှေ့တန်းကအားပေးခဲ့တဲ့ နော်ဝေအစိုးရဟာ မြန်မာ့စီးပွားရေးနဲ့ ပြန်လည်ထူထောင်ရေး စိမံချက်တွေမှာလည်း ရှေ့တန်းက ပါဝင်နေပါတယ်။ ဗမာအစိုးရ ပေးဆပ်ရမယ့် အကြွေးဒေါ်လာ သန်းငါးရာကျော်ကို မယူတော့ဖို့ နော်ဝေအစိုးရက ဆုံးဖြတ်လိုက်တာကို သမ္မတဦးသိန်းစိန်က နော်ဝေခရီးစဉ်မှာ မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၁၉၇၆ ကနေ ၁၉၈၀ အထိ သင်္ဘောအစင်း (၁၅၀) ကျော် မဆလစစ်အစိုးရကို ရောင်းချခဲ့လို့ ရစရာရှိတဲ့အကြွေးဟောင်းကို လျော်ပစ်တာဖြစ်ပါတယ်။
မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှမှုမလုပ်ဖို့ ဆော်သြပြီး အတိုက်အခံ ဒီမိုကရေစီအုပ်စုကို ထောက်ပံ့တဲ့ နော်ဝေအစိုးရ သဘောထားပြောင်းလဲလာပုံဟာ ဒီမိုကရေစီသမားတချို့အတွက် ဘဝင်မကျစရာ ဖြစ်နေပါတယ်။ နိုင်ငံတိုင်းမှာ အမြဲတမ်းမိတ်ဆွေနဲ့ အမြဲတမ်းရန်သူဆိုတာမရှိဘဲ အမြဲတမ်းအကျိုးစီးပွားသာ ရှိတယ်ဆိုတဲ့စကားကို နော်ဝေက လက်တွေ့ပြသလို့ ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရမတက်မီ ၂၀၀၇ ကတည်းက နော်ဝေအစိုးရဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှပြီး နယ်စပ်အခြေစိုက် အရပ်သားအဖွဲ့အစည်းတွေကို ထောက်ပံ့ကြေးလျော့ချဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးအစီအစဉ်ဟာ နော်ဝေအစိုးရအဖို့ အချိုရှာ သကာတွေ့ ဖြစ်သွားပါတယ်။ အပစ်ရပ်စဲမှု ခိုင်မြဲဖို့နဲ့ အပြန်အလှန် ယုံကြည်ဖို့အတွက် ငြိမ်းချမ်းရေး အထောက်အကူ စီမံချက် Myanmar Peace Support Initiative ကို လွန်ခဲ့တဲ့နှစ်ကစပြီး နော်ဝေအစိုးရက ဦးဆောင်နေပါတယ်။ ငြိမ်းချမ်းရေးအလှူရှင်အဖွဲ့ Peace Donor Support Group ကို Australia, ဗြိတိန်၊ ဥရောပအဖွဲ့၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့နဲ့ ပူးတွဲပြီး တည်ထောင်ပါတယ်။ နာဂစ်လေဘေးနောက်ပိုင်း ပြည်တွင်း ကယ်ဆယ်ရေးလုပ်ငန်းမှာသာ ကူညီကြဖို့ နော်ဝေအစိုးရ အတိအလင်းပြောဆိုလာပြီး နယ်စပ်အခြေစိုက်အုပ်စုကို ထောက်ပံ့ကြေး လျော့ပေးဖို့ ဆုံးဖြတ်ပါတယ်။ ဒီအချိန်မှာ မြန်မာ့စွမ်းအင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နံှနေပြီဖြစ်လို့ အတိုက်အခံနဲ့ လက်တွဲဖြုတ်ဖို့ နော်ဝေအစိုးရက ဆုံးဖြတ်တာ ဖြစ်ပုံရပါတယ်။
ငြိမ်းချမ်းရေးအလှူရှင်အဖွဲ့ကိုရော ငြိမ်းချမ်းရေးအထောက်အကူ စီမံချက်ကိုပါ နော်ဝေအစိုးရက ဦးဆောင်နေတာဟာ အငြင်းပွားစရာ ဖြစ်လာပါတယ်။ ဒါတင်မကသေးပါဘူး၊ စစ်အစိုးရနဲ့ အပေးအယူလုပ်ပြီး မြန်မာပြည်မှာ စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားကုမ္မဏီ (၁၅) ခုမှာ နော်ဝေအစိုးရ ပင်စင်အဖွဲ့က ဒေါ်လာသန်း (၅၀၀၀) နီးပါး ရင်းနှီးမြှုပ်နံှထားတာဟာ နော်ဝေအစိုးရရဲ့ ကိုယ်ကျင့်တရားကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကုမင်ကျောက်ဖြူပိုက်လိုင်းစီမံချက်မှာ နော်ဝေအစိုးရပင်စင်အဖွဲ့က ဒေါ်လာသန်း (၅၀၀) ရင်းထားပြီး ရတနာနဲ့ ရဲတံခွန်ဓါတ်ငွေ့လုပ်ငန်းမှာ ဒေါ်လာသန်း (၂၅၀၀) မြှုပ်နံှထားပါတယ်။ မြန်မာပြည်မှာ မရင်းနှီးကြဖို့ ဆော်သြတဲ့ နော်ဝေအစိုးရက မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နံှနေပုံကို Earth Rights International အဖွဲ့က ၂၀၁၀ ဒီဇင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
နော်ဝေအစိုးရပင်စင်အဖွဲ့က အစုရှယ်ယာဝယ်ထားတဲ့ ကုမ္မဏီဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ထိန်းသိမ်းရေးမှာ စံသတ်မှတ်ချက်နဲ့အညီ လုပ်နိုင်ရဲ့လာဆိုတာကို နော်ဝေအစိုးရ ကိုယ်ကျင့်တရားကောင်စီက ဆုံးဖြတ်ရပါတယ်။ စံသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ကုမ္မဏီကို နော်ဝေပင်စင်အဖွဲ့က အဆက်အသွယ်ဖြတ်ရပါတယ်။ ဒါပေမဲ့ ရတနာဓါတ်ငွေ့ပိုက်လိုင်းကိစ္စမှာတော့ ပြင်သစ်တိုတယ်လ်ကုမ္မဏီနဲ့ အဆက်အသွယ်ဖြတ်စရာ မလိုဘူးလို့ နော်ဝေကိုယ်ကျင့်တရားကောင်စီက ဆုံးဖြတ်ပါတယ်။ တိုတယ်လ်ကုမ္မဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ အမေရိကန် ယူနိုကယ်လ်ကုမ္မဏီကတော့ လူ့အခွင့်အရေး ချိုးဖျက်မှုမှာ ပါဝင်မှုနဲ့ အမေရိကန်မှာ တရားစွဲခံရပြီး လျှော်ကြေးဒေါ်လာသန်းချီ ပေးလိုက်ရပါတယ်။ နော်ဝေအစိုးရရဲ့ မူမမှန်တဲ့လုပ်ရပ်တွေကြောင့် နယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့တွေ မကျေနပ်တာ ဖြစ်ပုံရပါတယ်။
ဦးသိန်းစိန်အစိုးရက အခု အကူအညီတောင်းသလို သီရိလင်္ကာအစိုးရကလည်း နော်ဝေအစိုးရကို ၂၀၀၂ မှာ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘဲ အစိုးရစစ်တပ်အနိုင်ရပြီး ပြည်တွင်းစစ် နိဂုံးချုပ်သွားပါတယ်။ အဲဒီတုန်းကလည်း နော်ဝေအစိုးရ အပြုအမှုကို ဒေသခံအဖွဲ့အစည်းတွေ မကျေမနပ်ဖြစ်ပြီး ဝေဖန်ကြတာရှိပါတယ်။ အခုတော့ မြန်မာပြည်က အပစ်ရပ်အုပ်စုတွေ ဆက်သွယ်ရေးရုံး တည်ထောင်နိုင်အောင် နော်ဝေက ကူညီနေပါတယ်။ ဒါပေမဲ့ နော်ဝေ ဦးဆောင်တဲ့ စီမံချက်မှာ အထက်ကဆုံဖြတ်ပြီး လုပ်ကိုင်တဲ့နည်းကို ဒေသခံအရပ်သားအဖွဲ့တွေက မကျေနပ်ပါဘူး။
စီးပွားရေးနဲ့ ပတ်သက်လာရင် နော်ဝေအစိုးရဟာ ကိုယ်သတ်မှတ်ထားတဲ့ ကိုယ်ကျင့်တရားကို ကိုယ်တိုင်ကျင့်သုံးနိုင်စွမ်း မရှိတာကြောင့် ဗမာအစိုးရလက်ထက်ကတည်းက ပြသလာခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်တဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နံှနေတဲ့ နော်ဝေအစိုးရက ငြိမ်းချမ်းရေး အထောက်အကူလုပ်ငန်းမှာ ဦးဆောင်နေတာဟာ အာပတ်ဖြေတာများ ဖြစ်နေသလားလို့ စဉ်းစားစရာ ဖြစ်နေပါတယ်။ ငွေကုန်ခံပြီး ကူညီနေတဲ့ နော်ဝေဟာ စီးပွားရေး အကျိုးအမြတ် ခံစားရမှာဖြစ်ပေမယ့် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို အထောက်အကူ ပြုမပြုဘူးဆိုတာကိုောတ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။