ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ရဲ့ မြန်မာပြည်ခရီးမှာ ဗမာအစိုးရကို ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးဖို့နဲ့ ဆပ်ရမယ့်အကြွေး ဒေါ်လာသန်း ၂၀၀၀ ကို လျှော်ပြစ်ဖို့ ကတိပေးပါတယ်။ ဂျပန်နဲ့လုပ်မယ့် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဝန်ကြီးချုပ်နဲ့ လိုက်ပါလာတဲ့ ဂျပန်ကုမ္မဏီ ကိုယ်စားလှယ်တွေနဲ့ မြန်မာကုမ္မဏီတွေ နားလည်းမှုစာချွန်လွှာ လက်မှတ်ရေးထိုးကြပါတယ်။ ဂျပန်အကူအညီရလို့ တရုတ်ကိုကြီး မှီခိုနေရတဲ့ဘဝ နိဂုံးချုပ်ဖို့ အလားအလာရှိလာပြီလို့ သုံးသပ်ကြပါတယ်။ သက်ဆိုင်ရာ ဂျပန်ကုမ္မဏီတွေနဲ့ မြန်မာကုမ္မဏီတွေ အကျိုးအမြတ် ခံစားကြရမှာကတော့ သေချာပါတယ်။
ဆိုရှယ်လစ်အမည်ခံ မဆလ စစ်အစိုးရကိုလည်း ဂျပန်က အများဆုံး ကူညီခဲ့ပေမယ့် စီးပွားရေး ခြွတ်ခြုံကျပြီး အဆင်းရဲဆုံး နိုင်ငံဘဝ ရောက်သွားလို့ ၁၉၈၈ မှာ ပြည်သူ့အုံကြွမှုကြီး ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဂျပန်ရဲ့ ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ဗမာစစ်အစိုးရ တရုတ်ကို အားကိုးလာရပါတယ်။ ဗမာအစိုးရရဲ့ အပြုအမှုကိုလိုက်ပြီး ဂျပန်အစိုးရက ငွေထုတ်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် ခြောက်နှစ် ထိန်းသိမ်းပြီး ၁၉၉၅ မှာ လွှတ်ပေးလိုက်တော့ ဂျပန်က ဒေါ်လာ ၁၇ သန်း ကူညီပါတယ်။
၁၉၈၈ အရေးတော်ပုံကြောင့် ပိတ်ထားခဲ့တဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေ ပြန်ဖွင့်တော့လည်း လူမှုရေးအကူအညီအဖြစ် ဒေါ်လာသန်း အနည်းငယ် ဂျပန်အစိုးရက ထောက်ပံ့ပါတယ်။ မဆလ အစိုးရလက်ထက်ကတော့ ကန့်ကွက်သူမရှိလို့ ဂျပန်အစိုးရအတွက် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ၁၉၈၈ လူထုဆန္ဒပြပွဲကို နှိမ်နှင်းပြီး တက်လာတဲ့ ဗမာအစိုးရကို ထောက်ပံ့ဖို့ကတော့ ဂျပန်အစိုးရအတွက် အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ အကြောင်းရှာပြီးတော့ အနည်းအကျဉ်း ထောက်ပံ့ပါတယ်။ ၂၀၀၃ မေလမှာ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ဒီပဲယင်းမှာ အကြမ်းဖက်ခံရတော့ ငွေကြေးအကူအညီ ရပ်ဆိုင်းမယ်လို့ ကြေညာပြန်ပါတယ်။ ဒါပေမဲ့ ငါးလလောက်ကြာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာကို အကြောင်းပြပြီး ဒေါ်လာသန်းအနည်းငယ် ထောက်ပံ့ပြန်ပါတယ်။
ဗမာအစိုးရ လူ့အခွင့်အရေး ချိူးဖျက်နေတာဟာ ငွေကြေးထောက်ပံ့ချင်တဲ့ ဂျပန်အစိုးရကို အခက်အခဲ ဖြစ်စေပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်ရင် ငွေကြေးထောက်ပံ့ဖို့ အခက်အခဲရှိကြောင်း ပြောပေမယ့် အရာမထင် ဖြစ်နေပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးကို အလေးအနက် အကောင်အထည်ဖော်ရင် ကူညီဖို့ အဆင်သင့်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြီးသန်းရွှေကို ၁၉၉၉ မနီလာ အာဆီယံညီလာခံမှာ တိုက်ရိုက်ပြောလာပါတယ်။ ဒါပေမဲ့ ဗမာဘက်က မတုန်မလှုပ်ဖြစ်နေတဲ့အတွက် စစ်အစိုးရ နဲ့ ဒီမိုကရေစီအုပ်စုတွေကို ကျေနပ်အောင်လုပ်ဖို့ ဂျပန်အစိုးရ ကြိုးပမ်းပါတယ်။ ၂၀၁၂ မှာ ရှင်ဇို အာဘေး (Shinzo Abe) ဝန်ကြီးချုပ်လုပ်ခဲ့ပြီ၊ အခု ဝန်ကြီးချုပ် ပြန်ဖြစ်တဲ့အထိ ကြားကာလ ငါးနှစ်မှာ ဝန်ကြီးချုပ် ငါးဦးရှိခဲ့ပေမယ့် မြန်မာ့ရေးရာမှာတော့ အားလုံးဟာ ဗိန်မသာလိမ်မသာ ဖြစ်နေပါတယ်။
ဗမာစစ်အစိုးရကို ယဉ်ကျေးသိမ်မွေ့လာအောင် ဆုပေးတာဟာ အကောင်းဆုံးလို့ ဂျပန်အစိုးရတွေက ယူဆထားပုံရပါတယ်။ ဒဏ်ခတ်အရေးယူတာ ဂျပန်ကုမ္မဏီတွေအတွက် အကျိုးမရှိဘဲ။ ငွေကြေးထောက်ပံ့တာကသာ အကျိုးရှိတယ်လို့ ဂျပန်အစိုးရတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ ရည်ရွယ်ကြောင်းပြောတဲ့ ဂျပန်အစိုးရတွေဟာ စစ်အစိုးရဘက်ကို ယိမ်းတာကများပါတယ်။ စီးပွားရေးကို ဒီမိုကရေစီအရေးထက် ဦးစားပေးတဲ့သဘော ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ ဆက်နေရင် ကမ္ဘာက ပြောတာကို ဗမာအစိုးရက နားထောင်လာဖွယ်ရှိတဲ့ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ စင်္ကာပူဟာ ကမ္ဘာနဲ့ ဆက်သွယ်လို့ စီးပွားရေး တိုးတက်ပေမယ့် ဒီမိုကရေစီ ဓလေ့ကို မရှင်သန်အောင် ဟန့်တားထားပါတယ်။
နိုင်ငံခြား အကူအညီထောက်ပံ့မှု ရနေပေမယ့် မြန်မာပြည်သူပြည်သားတွေဟာ ဆင်းရဲတွင်းက မတက်နိုင်ကြောင်း စစ်တပ်ကြီးစိုးတဲ့ အနှစ် (၅၀) သမိုင်းက သက်သေပြနေပါတယ်။ အခွန်ဘဏ္ဍာငွေကြေးနဲ့ ကုန်သွယ်ရေးပေါ်လစီမှာ ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံခြားအကူအညီပေးရင် အကျိူးရှိတယ်လို့ ၁၉၉၇ ခုနှစ်ထုတ် ကမ္ဘာဘဏ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီ ပေါ်လစီတွေကို အကောင်အထည် မဖော်နိုင်ရင် နိုင်ငံခြား အကူအညီဟာ အချည်းနှီးသာဖြစ်ကြောင်း နိုင်ငံပေါင်း (၅၀) ကျော်ရဲ့ (၂၅) နှစ် သမိုင်းကို လေ့လာပြီး ဘောဂဗေဒပညာရှင် Craig Burnside နဲ့ David Dollar တို့က အစီရင်ခံစာ ရေးခဲ့တာဖြစ်ပါတယ်။ ဒီ ပညာရှင်နှစ်ဦးကပဲ ထပ်မံလေ့လာပြီး ၂၀၀၄ မှာ အစီရင်ခံစာ ထုတ်တဲ့အခါမှာလည်း ဒီ ပေါ်လစီ (၃) ခုမှာ ညံ့ဖျဉ်းနေတဲ့ အစိုးရကို နိုင်ငံခြားအကူအညီပေးတာဟာ သဲထဲရေသွန် ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ကျွမ်းကျင်မှု၊ ထိရောက်မှု၊ တာဝန်သိမှု၊ တရားတဲ့ဥပဒေ ကြီးစိုးမှု စတာတွေကို အကောင်အထည်ဖော်တဲ့ အစိုးရကိုသာ ပြည်တွင်းပြည်ပက ယုံကြည်ပါလိမ့်မယ်။ မြန်မာအစိုးရဟာ ရေရှည်အကျိုးကိုကြည့်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။ အကျင့်ဟောင်းကို မစွန့်နိုင်ရင်တော့ တိုးတက်တဲ့ အလားအလာတွေ ကွယ်ပျောက်သွားနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။