ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ နိုင်ငံမဲ့ဖြစ်နေကြတဲ့ ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား မတူကွဲပြားမှုတွေကို ဗွီအိုအေ သတင်းဌာန ဘင်္ဂလီ ဘာသာစကား ဌာနမှုး Ruquia Haider နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Ruquia ခင်ဗျာ။ အခု မြန်မာနိုင်ငံမှာ တံခါးဖွင့်လှစ်လိုက်ပြီးတဲ့ နောက်ပိုင်းဆိုပါတော့။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနှင့် အပြန်အလှန် နိုင်ငံခေါင်းဆောင်အချင်းချင်း ထိပ်တန်းအရာရှိကြီးတွေ အချင်းချင်း ခရီးသွားလာကြတယ်။ ချစ်ခင်ရင်းနှီးမှု ပြသလာတာတွေ အများကြီးတွေ့ရပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် အဲဒီလို သွားလာတာမျိုး သိပ်မတွေ့ရပါဘူး။ ထိုင်းနှင့်ရှိတယ်။ တရုတ်နှင့် ဖြစ်တယ်။ အဲဒီလို သွားလာမှုတွေ။ အိန္ဒိယနှင့်လည်း အဲဒီလို သွားလာမှုတွေ ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နှင့် ဒီလောက် နီးနီးကပ်ကပ်နေပြီးတော့ ဘာကြောင့်များ သွားလာမှုတွေ မရှိဘူးလို့ ထင်ပါသလဲ။
Ruquia Haider ။ ။ ယေဘုယျအားဖြင့် ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံတကာနှင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနှင့် ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။ ဒါပေမယ့် မကြားသေးခင်က ကျမတို့တွေ မြင်ခဲ့ရသလို မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ဖိနှိပ်ချုပ်ချယ်ခဲ့ရတဲ့အတွက် ရိုဟင်ဂျာမွစ်စလင်တွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ထွက်ပြေးလာကြပါတယ်။ ဒါမျိုးဟာ မကြာခဏ ဖြစ်နေကြပါ။ ဒီပြဿနာဟာ နှစ်ပေါင်းများစွာ ကြာမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ တလောတုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဒီဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကို သွယ်ဝိုက်ပြီးဝေဖန်တော့ ဘင်္ဂလားဒေ့ရှ်က ဒါဟာ ဘင်္ဂလားဒေ့ရှ် ပြဿနာမဟုတ်ဘူး။ မြန်မာပြည်ရဲ့ ပြဿနာတာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာကတည်းက ရိုဟင်ဂျာမွစ်စလင်တွေဟာ မြန်မာပြည်မှာ ပြဿနာကြုံတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ မြန်မာပြည်တွင်း ပြဿနာ ဘင်္ဂလားဒေ့ရှ်ကို ကူးစက်နေတာပါ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါပြီ။ ဒီလူတွေက မြန်မာပြည်က ဖြစ်တယ်လို့ Ruquia က ဆိုပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဘက်က မြန်မာဘက်ကလည်းပဲ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတာဖြစ်တယ်။ ရှေးတုန်းကတည်းက မြန်မာပြည်မှာ နေထိုင်ပေါက်ဖွားလာတဲ့ မွစ်စလင်တွေ ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်ဖြတ်ပြီး ဝင်လာတဲ့ လူတွေက များတယ်။ အခု ပြဿနာဖြစ်တာက ဒီလူတွေကြောင့်လို့ ပြောနေကြပါတယ်။
Ruquia Haider ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝါဒရဲ့ ထုတ်ပြန်ချက်ကို ကိုးကားရမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဆိုတာဟာ ၁၉၇၁ ကြမှ ပေါ်ထွန်းလာတာပါ။ ဒီလူတွေဟာ ဘယ်လိုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်နိုင်ပါ့မလဲ။ နှစ်နိုင်ငံ နယ်ချင်းက ထိနေတော့ သူတို့မှာ ပြဿနာရှိရင်၊ အလုပ်အကိုင် လိုချင်ရင် ဖြတ်လာကြတာပါဘဲ။ ဒီနယ်စပ်ကို ပိတ်ဖို့က သိပ်ခက်ပါတယ်။ ဒါကြောင့် သူတို့ဟာ နယ်စပ်ဖြတ်ဝင်လာပြီး နှစ်ကာလကြာတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလို့ ပြောလာကြပါတယ်။ ဒါကို ဘင်္ဂလားဒေ့ရှ် အစိုးရက လက်မခံပါဘူူး။
ဦးကျော်ဇံသာ။ ။ မြန်မာဘက်ကလည်း ဒီအတိုင်းဘဲ ပြောတာပါပဲ။ ဒီလူတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီး ဝင်ရောက်လာတယ်။ ကြာလာတော့ သူတို့က မြန်မာနိုင်ငံသားဆိုပြီး ပြောနေကြတယ်။ ဒါကို လက်မခံဘူးလို့ ဆိုပါတယ် ခင်ဗျာ။
Ruquia Haider ။ ။ ဟုတ်ပါတယ်။ အပြန်အလှန် ဒီလိုဘဲ အပြစ်တင်နေကြတာပါ။
ဦးကျော်ဇံသာ ။ ။ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်မှာလည်း ဒီလို ပြဿနာမျိုး ရှိနေတယ် မဟုတ်ဘူးလား ခင်ဗျာ။
Ruquia Haider ။ ။ မရှိပါဘူး။ လုံးဝမရှိပါဘူး။ အိန္ဒိယအစိုးရကတော့ တခါတခါ စွပ်စွဲပါတယ်။ အစိုးရလက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ လေ့ကျင့်ပေးတယ်။ ဘင်္ဂလားဒေ့ရှ် တချို့ နယ်စပ်ဖြတ် ဝင်ရောက်လာကြတယ်။ နယ်စပ်ဒေသမှာ နေကြတယ်လို့ ပြောတာရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနှင့် ဖြစ်နေတဲ့ ရိုဟင်ဂျာ ပြဿနာလောက် ကြီးကြီးကျယ်ကျယ် ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဒီပြဿနာဟာ ရေရှည်ပြဿနာကြီးလို့ ပြောနေတာပါ။
ဦးကျော်ဇံသာ ။ ။ မြန်မာဘက်ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတဲ့ လူတွေ လူဦးရေတိုးပွားနှုန်းနှင့် နယ်ချဲ့ပြီးတော့ မြန်မာပြည်ဘက်က နယ်မြေတွေကို သိမ်းပိုက်လာနေတယ်။ ဒါဟာ ရေရှည်ပြဿနာ ဖြစ်လာနေပြီလို့ ပြောပါတယ်။
Ruquia Haider ။ ။ လူဦးရေ များလာတာနှင့်အမျှ အလုပ်အကိုင်တွေ၊ လုပ်ငန်းကိုင်ငန်းတွေ လိုအပ်လာပါတယ်။ ဒီကတဆင့် ပြဿနာတွေ ဖြစ်လာပါတယ်။ ရိုဟင်ဂျာတချို့ဆိုရင် ဘင်္ဂလားဒေ့ရှ်ကို ဝင်လာတယ်။ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ ယူတယ်။ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးမှာက ပတ်စ်ပို့ ရဖို့ သိပ်လည်းမခက်ခဲပါဘူး။ ပြီးတော့ သူတို့ အလုပ်အကိုင် ရသွားကြပါတယ်။ တချို့လည်း ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့နှင့် အရှေ့အလယ်ပိုင်းတွေကို သွားကြပါတယ်။
ဦးကျော်ဇံသာ ။ ။ အရှေ့အလယ်ပိုင်းတင်မက အိမ်နီးချင်း မြန်မာ၊ အိမ်နီးချင်း တချို့နိုင်ငံတွေ အရှေ့တောင်အာရှနိုင်ငံတွေကလည်း ပြောပါတယ်။ ဒီလူတွေဟာ မြန်မာကို ခဏဝင်တယ်။ ပြီးတော့ မြန်မာနိုင်ငံက မောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာတွေပါ ဆိုပြီးတော့။ အရှေ့တောင်အာရှဘက်ကို သူတို့ ခရီးဆက်ပြီးတော့ သွားနေကြတယ်။ ဒါမျိုးတွေကိုလည်း ထောက်ပြပြောနေကြတာလည်း တော်တော်ကြားနေရပါတယ်။
Ruquia Haider ။ ။ ဟုတ်ပါတယ်။ သူတို့ဟာ နိုင်ငံမဲ့ ရိုဟင်ဂျာတွေပါ။ သူတို့ကို ဘင်္ဂလားဒေ့ရှ်မှာလည်း တရားဝင် လက်မခံဘဲ မြန်မာနိုင်ငံကလည်း မောင်းထုတ်နေတာပါ။ မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေပါ။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ သူတို့က ဘင်္ဂလီတွေနှင့် ဘာသာစကားလည်း တူတယ်။ ယဉ်ကျေးမှု စရိုက်သဘာဝလည်း တူညီကြပါတယ်။ ဒါကြောင့် သူတို့ကို မြန်မာဘက်က သူတို့ကို ဘင်္ဂလီမွစ်စလင်လို့ပဲ ခေါ်ဝေါ်သုံးနှုန်းပါတယ်။
Ruquia Haider ။ ။ ဟုတ်ပါတယ်။ သူတို့ဟာ မွစ်စလင်တွေပါ။ ဘာသာစကားအရ နည်းနည်း ကွဲလွဲပါတယ်။ ဘင်္ဂလား မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေဟာ အရပ်ဒေသတစ်ခုမှာ အကြားကြီးနေလာရင် အဲဒီစရိုက်သဘာဝအတိုင်း ဖြစ်သွားတာပါပဲ။ ဥပမာ ဒီအမေရိကားမှာလည်း မိဘတွေပြောင်းရွှေလာပြီး ဒုတိယမျိုးဆက်ဟာ အမေရိကန်ဖြစ်သွားကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒါကို ကြည့်ရင် မြန်မာဘက်ကလည်း ပြောတာက ဒီနယ်စပ်ဒေသက လူတွေဟာ မြန်မာစကားကိုလည်း လုံးဝနားမလည်ဘူး။ ဒေသသုံး ရခိုင်စကားကိုလည်းဘဲ နားမလည်ကြဘူးလို့ ဆိုကြပါတယ်။
သူတို့ဘာသာစကားဟာလည်း ဘင်္ဂလီ Chittagonian Dialect ၊ Chittagon ဒေသသုံး ဘာသာစကားကိုပဲ ပြောဆိုနေကြတယ်လို့ သူတို့ ထောက်ပြပါတယ်။ ဒါကြောင့် ဒါဟာ မြန်မာနိုင်ငံသား မဖြစ်နိုင်ဘူးလု့ိ သူတို့ ပြောကြပါတယ်။
Ruquia Haider ။ ။ ဒါမျိုးတွေက ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနိုင်ငံမဲ့ ဖြစ်ရတဲ့သူတွေ ဘယ်ဘက်နိုင်ငံကလည်း ဆိုတာတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ အခုအခါမှာ သူတို့ ဒုက္ခရောက်နေရတယ်။ ဆိုတော့ ဒီဟာကို ဘင်္ဂလားဒေ့ရှ်က ဘာကြောင့် လက်ခံဖို့ ငြင်းနေသလဲ။ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့ လူသားချင်းစာနာမှုပြတဲ့ အနေနှင့်။ နိုင်ငံတကာကလည်း ဒါကို ဖိအားပေးနေကြတာ တွေ့ရပါတယ်။
Ruquia Haider ။ ။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေ အဆမတန်ပိုလျှံနေတဲ့ နိုင်ငံပါ။ ဒါကြောင့် ဒီပြဿနာကို ပါဝင်ကိုင်တွယ်ဖို့ သိပ်အခက်အခဲရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာလည်း ဒီအတွက် နိုင်ငံတကာထောက်ခံမှုကို ရှာနေပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဘက်မှာတော့ သူတို့က ဒီပြဿနာကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဆိုတာ ရှိတယ်။ အဲဒီ ဥပဒေအရ ကိုင်တွယ်မယ်။ ဒီဥပဒေအရ ဝင်ရောက်လာပြီးတဲ့လူတွေရဲ့ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ်လက်ခံမယ်။ အဲဒီမှာ မပါတဲ့လူတွေအတွက်တော့ ဘယ်လိုဖြေရှင်းသင့်တယ် ထင်ပါသလဲ။ အဲဒီတော့။
Ruquia Haider ။ ။ ဒီကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ ဘယ်လို လုပ်သင့်သလဲ ဆိုပြီး အကြံပေးရတာ သိပ်ခက်ပါတယ်။ နှစ်ဘက်စလုံး လက်ခံနိုင်တဲ့ အလယ်လမ်းတစ်ရပ် ရှာသင့်ပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်က စစ်မဲ့ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ တရားဝင်နေထိုင်သူထက် ဒုက္ခသည် အရေအတွက်က ပိုများလာနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း အဲဒီလို ဖြစ်လာတာ တွေ့နေရပါတယ်။ ဒါကြောင့် ဒီလူတွေကို လူသားချင်းစာနာပြီး နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးသင့်ပါတယ်။ အဆင်ပြေမယ့် နည်းလမ်းရှာသင့်ပါတယ်။ အခုတော့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် လက်ညိုးထိုးနေကြပါတယ်။
ဦးကျော်ဇံသာ ။ ။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံဘက်က သူတို့ကို စခန်းဖွင့်ပြီးတော့ ကယ်ဆယ်ထောက်ပံ့ထားပါတယ်။ နိုင်ငံတကာအကူအညီ ရယူပြီးတော့ တဆင့် ပြန်ပေးကမ်းနေတယ်။ ဒါမျိုးကို ဘင်္ဂလားဒေ့ရှ်က ဘာကြောင့် မလုပ်နိုင်တာလဲ။ ဘာကြောင့် လက်မခံဘူးလဲ အဲလိုလုပ်ပေးဖို့။
Ruquia Haider ။ ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာက ဒီလူတွေကို လက်ခံထားရှိဖို့ မြေမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သေးသေးလေးပါ။ ဒါကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သန်ခေါင်းစာရင်းကို ဘယ်လောက်တစ်ကြိမ် ကောက်ယူပါသလဲ။ ဘယ်လို ကောက်သူသလဲဆိုတာ သိချင်ပါတယ်။
Ruquia Haider ။ ။ ၁၀ နှစ် တစ်ကြိမ် ကောက်ယူပါတယ်။
ဦးကျော်ဇံသာ ။ ။ သူတို့ရဲ့ နိုင်ငံသား ဥပဒေကော ဘယ်လိုရှိပါသလဲ။ အခု ပြဿနာဖြစ်ရတဲ့ နယ်စပ်ဒေသက လူတွေကို ဘယ်လိုသဘောထားပါသလဲ။ သူတို့ ဥပဒေအရ။
Ruquia Haider ။ ။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ သန်ခေါင်းစာရင်း ကောက်ယူပါတယ်။ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်ပြီး ဘယ်သူက ဘယ်ရောက်နေတယ် စသဖြင့် စစ်ဆေးပါတယ်။ သူတို့က ဒါကို စနစ်တကျလုပ်ကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်သိချင်တာက နယ်စပ်ဒေသက လူတွေကို စီစစ်သတ်မှတ်တဲ့ကိစ္စပါ။ မြန်မာအစိုးရကတော့ တတိယမျိုးဆက်လား ဆိုတာကို ကြည့်မယ်။ ဟုတ်တယ်ဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်။ ဒါသူတို့ ဥပဒေအတိုင်းလုပ်တာပေါ့။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကကော ဘယ်လို ခွဲခြားစီစစ်ပါသလဲ။
Ruquia Haider ။ ။ ဒီကိစ္စနှင့် ပတ်သက်ပြီးလို့တော့ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ သီးခြားမူဝါဒ ထားရှိတယ်လို့ ကျမ မထင်ပါဘူး။ ဒါပေမဲ့ သူတို့မှာ ပြတ်သားတဲ့ နည်းလမ်းတစ်ခုနှင့် ကိုင်သွယ်လိမ့်လို့တော့ ထင်ပါတယ်။ ဒီနယ်စပ်ဒေသက လူတွေနှင့် ပတ်သက်လို့လေ။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီလူတွေဟာ ဘာသာစကားအားဖြင့်လည်းပဲ ဘင်္ဂလီဘာသာစကားရဲ့ Regional Dialect တစ်မျိုးပေါ့ ခင်ဗျာ့။ ဒေသသုံး ဘာသာစကားခွဲ အသံခွဲဘာသာစကားကို ပြောတယ်။ ယဉ်ကျေးမှု အသွင်အပြင်အားဖြင့်လည်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနှင့် တူညီကြတယ်ဆိုတော့ သန်ခေါင်းစားရင်း ကောက်တဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်မဟုတ် ဘယ်လို ခွဲခြားကောက်ပါသလဲ။ သူတို့က။
Ruquia Haider ။ ။ ဟုတ်ပါတယ်။ Regional Dialect လေသံကွဲ ဘာသာစကား ဖြစ်ပါတယ်။ ကျမ တစ်ခုရှင်းပြပါ့မယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲတုန်းက ပါကစ္စတန်ဘက်သားတချို့က ပါကစ္စတန်ဘက်ကို ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာဘဲ ရှိနေခဲ့ကြပါတယ်။ အဲတုန်းက Geneva Camp လို့ခေါ်တဲ့ ကုလသမဂ္ဂ စခန်းတွေမှာပါ။ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ပေါက်ပြီး ၄၁ နှစ်ကြလာတဲ့ အထိ အဲဒီမှာ ရှိနေကြစဲပါ။ ပါကစ်စတန်ဘက်က လက်ခံရင် ပါကစ္စတန်ကိုသွားဖို့ မျှော်လင့်နေကြဆဲပါ။ ဒါပေမယ့် တချိန်တည်းမှာဘဲ သူတို့ရဲ့ ဒုတိယမျိုးဆက်တွေဟာ ဘင်္ဂလီ ယဉ်ကျေးမှုစရိုက်တွေနှင့် ကြီးပြင်းလာပြီးတော့ စခန်းထွက်ခွာပြီး တချို့နေရာတွေမှာ အလုပ်အကိုင်လုပ်ရင်း ဘင်္ဂလားဒေ့ရှ် ပြည်သူတွေနှင့် ရောနှောသွားကြပါပြီ။ မြန်မာဘက်ကလာတဲ့ ဒုက္ခသည်တွေလည်း တချိန်ချိန်မှာ ဒီလို ဖြစ်သွားနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဘင်္ဂလားဒေ့ရှ် စစ်ပွဲဆိုလို့ အဲဒီတုန်းက ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ် စစ်ပွဲဖြစ်နေတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြည်သူအများအပြားဟာ မြန်မာဘက်ကို ထွက်ပြေးလာကြတယ်လို့ ဆိုတဲ့ အထောက်အထားတွေကိုလည်း လူတချို့က ထောက်ပြနောကပါတယ်။ ဒီရခိုင်မြောက်ပိုင်းဘက်မှာ လူဦးရေတိုးပွားလာတာနှင့် ပတ်သက်ပြီးတော့။
Ruquia Haider ။ ။ ဟုတ်ပါတယ်။ မြန်မာနှင့် အိန္ဒိယဘက်ကို ထွက်ပြေးဝင်ရောက်ကြပါတယ်။ ဒါပေမဲ့ သူတို့ထဲက အများစုဟာ နောက်ပိုင်းမှာ လွတ်လပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သူတို့ ပြန်ဝင်လာကြပါတယ်။ ပါကစ္စတန်ဘက် ရောက်နေတဲ့လူတွေလည်း ပြန်လာကြပါတယ်။