ADB (Asian Development Bank) အာရှဖွံ့ဖြိုးရေးဘဏ်ဟာ ရန်ကုန်မှာ ရုံးခွဲဖွင့်ပြီး နေပြည်တော်မှာလည်း ကိုယ်စားလှယ် ထားလိမ့်မယ်လို့ သိရပါတယ်။ ADB ဒု-ဥက္ကဋ္ဌ Stephen Groff ဇွန်လနှောင်းပိုင်း နေပြည်တော်ကို သွားပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ တိုးတက်မှုတခုပါ။ ADB ထိပ်တန်းအရာထမ်းအနေနဲ့ ၂၅ နှစ်မှာ ပထမဦးဆုံးအကြိမ် မြန်မာပြည်ကို သွားတာဖြစ်လို့ ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ADB အဖွဲ့ဝင်ဖြစ်တာ အနှစ် ၄၀ ရှိပြီဖြစ်ပေမယ့် တိုက်ရိုက် ငွေချေးဖို့ ရပ်ဆိုင်းခဲ့တာ ၂၄ နှစ် ရှိပါပြီ။ ဒါပေမဲ့ အခွင့်ရတုန်း ချေးယူခဲ့ပြီ ပြန်မဆပ်ရသေးတဲ့ အကြွေးက ဒေါ်လာ သန်း (၅၃၀) ရှိပါတယ်။ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ အပြည့်အဝ ပြန်လည်ဆက်သွယ်ဖို့ သမ္မတဦးသိန်းစိန် က ပြောတဲ့အတွက် ဗမာအစိုးရကို ငွေချေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ADB ဒု-ဥက္ကဋ္ဌ က ဆိုပါတယ်။
ဦးသိန်းစိန် အစိုးရကို ငွေကြေးအကူအညီပေးဖို့အတွက် အရင် မဆလလက်ထက်က ချေးထားတဲ့ ဒေါ်လာသန်း ၅၀၀ ကျော်ကိစ္စကို အရင်ဆုံး ဖြေရှင်းဖို့လိုပါတယ်။ ကမ္ဘာ့ဘဏ်အကြွေးကလည်း ဒေါ်လာသန်း ၃၀၀ ကျော် ရှိပါတယ်။ ဒီလို ပေးဆပ်ရမယ့်အကြွေးကို ဗမာအစိုးရဖက်က အသိအမှတ်ပြုလာတာဟာ တိုးတက်မှုတခုဖြစ်တယ်လို့ ADB ဒု-ဥက္ကဋ္ဌ Stephen Groffက ယူဆပါတယ်။
ဗမာအစိုးရမှာ ဓါတ်ငွေ ဒေါ်လာတစ်သောင်းကျော် ရှိပါတယ်။ ဒါကြောင့် ADB ရဲ့ အကြွေး သန်း ၅၀၀ နဲ့ ကမ္ဘာ့ဘဏ်အကြွေး သန်း ၃၀၀ ကျော်ကိုပါ ဆပ်နိုင်ပါတယ်။
တစ်သောင်းရှိတဲ့အထဲက အကြွေးဆပ်ဖို့ တစ်ထောင် သုံးရမယ့်သဘောဖြစ်ပါတယ်။ ဒီလိုမှ မလုပ်ချင်ဘူးဆိုရင် အကြွေးဆပ်ဖို့အတွက် အလှူရှင် ရန်ပုံငွေ တည်ထောင်နိုင်ပါတယ်။ ကိုယ့်အကြွေးကို သူများကို ဆပ်ခိုင်းတဲ့နည်းဖြစ်လို့ ကြန့်ကြာရှုပ်ထွေးနိုင်ပါတယ်။ အခုတော့ အကြွေးဆပ်နိုင်မယ့် နည်းလမ်းတွေကို ADB ရဲ့ ကမ္ဘာဘဏ်က ဆွေးနွေးနေကြောင်း သိရပါတယ်။ အကြွေးမဆပ်ဘဲ အဆက်ပြတ်သွားပြီးမှ ပြန်လည်ချေးငှားဖို့ စီစဉ်တာဟာ အနည်းဆုံး တနှစ်လောက်အချိန် ယူရပါတယ်။ အခုတော့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းနေတဲ့ အချိန်ဖြစ်နေလို့ ပိုပြီးကြန့်ကြာနိုင်ပါတယ်။
ADB မှာ အစုရှယ်ယာရှင် နိုင်ငံ ၆၀ ကျော်ရှိတဲ့အနက် အမေရိကန် နဲ့ ဂျပန်ဟာ အစုရှယ်ယာ အများဆုံးပိုင်ဆိုင်ကြတဲ့အတွက် သြဇာအရှိဆုံး ဖြစ်ကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရင် ADB အဖွဲ့ဝင် ဖြစ်နိုင်တာမို့ အနောက် ဥရောပနိုင်ငံတွေလည်း ပါဝင်လာကြပါတယ်။ ငွေရင်းထည့်တဲ့အပေါ်မှာ မူတည်ပြီး မဲပေးနိုင်ခွင့်ရှိတာကြောင့် ဂျပန်နဲ့ အမေရိကန်မှာ မဲအများဆုံး ရှိပါတယ်။ သူတို့ သဘောမတူရင် ADB က ငွေထုတ်ချေးလို့ မရပါဘူး။ ADB စီမံကိန်းတွေမှာ မြန်မာပါဝင်ပေမယ့် ငွေမချေးနိုင်ပါဘူး။ ADB ရဲ့ စီမံကိန်းတွေထဲမှာ မဟာမဲခေါင်စီမံကိန်းဟာ ထင်ရှားပါတယ်။ ယူနန်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗိယက်နမ် စတဲ့ မဲခေါင်မြစ်နဲ့ ထိတွေ့တဲ့ ခြောက်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းကို ADB က ၁၉၉၂ မှာ စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ မဟာမဲခေါင်စီမံကိန်းကြောင့် ဒေသခံ တိုင်းရင်းသားတွေ နစ်နာဆုံးရှုံးတာမျိုးတွေ ရှိနေပါတယ်။
မဲခေါင် ၆ နိုင်ငံဟာ သီးသန့်အဖွဲ့အစည်း တည်ထောင်တာ မဟုတ်ဘဲ စီမံကိန်းချပြီး တဆင့်ပြီးတဆင့် ADB ရဲ့ အကူအညီနဲ့ ပူးတွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ၆ နိုင်ငံ ဆက်သွယ်တဲ့ အဝေးပြေးလမ်းမတွေ တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။ အဆင့်မှီ အဝေးပြေးလမ်းဟာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျပါတယ်။ ဒီ စီမံကိန်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးပေမယ့် ဒီအထဲ ဒဏ်ခတ်အရေးယူခံနေရတဲ့ မြန်မာမပါပါဘူး။ ဒါကြောင့် အာရှအဝေးပြေးလမ်းမ စီမံကိန်းဟာ မြန်မာပြည်မှာ ရပ်တန့်နေပါတယ်။ မဲခေါင်ဒေသ အဝေးပြေးလမ်းမတွေကို ဒေသခံ ၆ နိုင်ငံ ပိုင်ဆိုင်တာဖြစ်လို့ ၆ နိုင်ငံစလုံးကို ငွေကြေးထောက်ပံ့သင့်တယ်လို့ ဗမာအစိုးရက စောဒက တက်လေ့ရှိပါတယ်။ မြန်မာကို တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့ကသာ အကူအညီပေးနေပါတယ်။
အာရှအဝေးပြေးလမ်းမ စီမံကိန်းမှာ ADB တိုက်ရိုက် ငွေချေးလို့ မရတဲ့အတွက် ပုဂ္ဂလိကတွေနဲ့ အစိုးရအရာထမ်းတွေကို စရိတ်အကုန်အကျခံပြီး အစည်းအဝေး တက်ခိုင်းပါတယ်။ ADB အစည်းအဝေးတက်တဲ့ ဗမာအစိုးရ ကိုယ်စားလှယ်ထဲမှာ မူးယစ်ဆေး နဲ့ ဘဏ်လုပ်ငန်းမှာ နံမည်ကြီးတဲ့ ဦးအိုက်ထွန်း နဲ့ ဦးကျော်ဝင်းဆိုသူတွေလည်း ပါဝင်ခဲ့ဘူးပါတယ်။ ဗမာစစ်အစိုးရက ADB က တိုက်ရိုက် ငွေချေးတာမျိုး မလုပ်ပေမယ့် အတတ်ပညာပိုင်ဆိုင်ရာ အကူအညီပေးပါတယ်။ ၁၉၆၈ နှစ်ဆန်းက ၂၀၁၁ နှစ်ကုန်အထိ အနှစ် ၃၀ အတွင်း စီမံကိန်း ၂၃ ခုမှာ ဒေါ်လာ ၂ သန်း အကုန်ခံပြီး ADB က အတတ်ပညာပိုင်မှာ အကူအညီပေးခဲ့ပါတယ်။ ထိုင်း-တရုတ် ပုဂ္ဂလိက စီးပွားရေးရှင်တွေနဲ့ အပေးအယူလုပ်ပြီး ကရင်နဲ့ မွန်ပြည်နယ်မှာ ရင်းနှီးမြုပ်နံှနိုင်အောင် ADB ခေါ် အာရှဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ADB ထောက်ခံအားပေးနေတဲ့ မဟာမဲခေါင် စီမံကိန်းမှာ လမ်းဖောက်၊ ရေကာတာတွေ ဆောက်တာတွေ ပါဝင်နေပြီ။ တိုင်းရင်းသား ပဋိပက္ခဖြစ်ပွားရာ ဒေသမှာ အကောင်အထည်ဖော်တာမို့ ဒေသခံတွေကို မထိခိုက်ဖို့ အလွန်အရေးကြီးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနှိုးဆော်နေကြပါတယ်။