တရုတ်ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း (Wen Jiabao) လွန်ခဲ့တဲ့ ဇွန်လ (၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ မြန်မာပြည်ကို ရောက်လာပြီး (၂) နိုင်ငံ သဘောတူချက် (၁၅) ခု နေပြည်တော်မှာ လက်မှတ်ထိုးပါတယ်။ ဒီအထဲမှာ ကျောက်ဖြူက ရွှေလီအထိ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်တဲ့ စီမံကိန်းလည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ (၂) နှစ်ကြာ ဆောက်လုပ်ရတဲ့ MICC – International Convention Centre ကိုလည်း ဝမ်ဂျာဘောင်း က လျှူဒါန်းပါတယ်။ ဝမ်ဂျာဘောင်း ပြန်သွားပြီး မကြာမီ ဇွန်လ (၈) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်း ခေါင်းဆောင်တဲ့ တရုတ် စစ်မစ်ရှင် နေပြည်တော်ရောက်လာပြီး ပူးတွဲဆောင်ရွက်ရေးကို ဆွေးနွေးပါတယ်။ အဲဒီအချိန်ကစပြီး တရုတ်-မြန်မာ နယ်စပ်ဒေသမှာ တင်းမာမှု လျော့နည်းသွားပြီလို့ သိရပါတယ်။
ဗမာအစိုးရဟာ အချုပ်အခြာ အာဏာပိုင်အဖြစ် ဂုဏ်ယူဝင့်ကြွားပေမယ့် နိုင်ငံခြားနဲ့ ဆက်ဆံရေးမှာ အချုပ်အခြာ အာဏာကို အပြည့်အဝသုံးလို့ မရနိုင်တာတွေ့ရှိရပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသမှာ တဖက်သတ်ထင်သလို မဆုံးဖြတ်နိုင်ပါဘူး။ တရုတ်နဲ့ အဆင်မပြေရင် ဗမာအစိုးရရဲ့ ဘဝရပ်တည်ရေးနဲ့ အာဏာတည်မြဲမှာ အများကြီး အခက်အခဲရှိနိုင်ပါတယ်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနဲ့ အပြန်အလှန် ကူညီရိုင်းပင်ရေးဆိုတဲ့ သဘောတူ စာချုပ်ပေါင်းကလည်း တရာလောက်ရှိနေပါပြီ။
လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်းမှာ ထင်ရှားတဲ့ဖြစ်ရပ်ဟာ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာပါ။ ဒါကြောင့် နယ်စပ်ကုန်သွယ်မှု ကြီးထွားလာတဲ့အတွက် စီးပွားရေးမှာ တရုတ်ကြီးစိုးလာပါတယ်။ အစိုးရအချင်းချင်း စီးပွားရေးလုပ်တာရှိသလို ဒေသခံအချင်းချင်း ပူးတွဲလုပ်ကိုင်တာလည်း ရှိပါတယ်။ တရုတ်အရင်းအနှီးကြောင့် ကိုးကန့်နဲ့ ဝဒေသ ကြွယ်ဝချမ်းသာ လာပါတယ်။ ကိုးကန့်ဒေသမှာ တရုတ်စကားသာပြောတဲ့ တရုတ်တွေကအများစုဖြစ်ပြီး တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများပါတယ်။ တရုတ်လူမျိုး ကိုးကန့်မှာ အခြေချနေထိုင်လာတာ (၁၇) ရာစုပြည်မင်း (၁၆၆၁-၁၆၇၂) လက်ထက်ကတည်းကဖြစ်လို့ အနှစ်သုံးရာကျော်ပါပြီ။ ဝလူမျိုးဟာ ယူနန်မှာရော ရှမ်းပြည်နယ်မှာရော နေထိုင်ကြပြီး တရုတ်နဲ့ အဆက်အသွယ်ပိုများပါတယ်။
ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်တဲ့ ဗမာစစ်အစိုးရဟာ တိုင်းပြည်ရဲ့ သဘာဝသံယဇာတ အားလုံးကိုပိုင်တယ်လို့ ယူဆပါတယ်။ ၂၀၀၈ အခြေခံဥပဒေအခန်း (၁) မှာ နိုင်ငံတော်အခြေခံမူတွေကို ဖော်ပြရာမှာ ‘နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နဲ့ လေထုအတွင်းရှိ သယံဇာတ ထုတ်ယူသုံးစွဲမှု၊ နိုင်ငံသားရဲ့ ပစ္စည်းပိုင်ဆိုင်မှု၊ အမွေဆက်ခံမှု၊ ကိုယ်ပိုင်လုပ်ကိုင်မှု စတာတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အစိုးရက ပြဌာန်းမယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားလူမျိုးစုတွေကတော့ သူတို့နေထိုင်ရာဒေသမှာ သူတို့လည်း ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ယူဆကြပါတယ်။ ဗမာစစ်အစိုးရဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအားလုံးကို ချုုပ်ကိုင်ထားလို့တာမို့ နယ်စပ်ဒေသ ပြဿနာကို ဖြေရှင်းလို့ မရသေးတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်တွင် ရှိရမယ် လို့ ၂၀၀၈ အခြေခံဥပဒေ အခန်း (၇) မှာ ဖော်ပြထားတာကိုလည်း တိုင်းရင်းသားတွေ လက်မခံနိုင်ပါဘူး။ တိုင်းတပ်ဖွဲ့ အသွင်းပြောင်းရေးကိစ္စကို ရွေးကောက်ပွဲပြီးမှ ဆက်လက်ဆွေးနွေးဖွယ် ရှိပါတယ်။ ကျောက်ဖြူ၊ ကုမင် ရေနံဓါတ်ငွေ့ ပိုက်လိုင်းဟာ ဝနယ်မြေကို မရောက်ဘဲ မူဆယ်၊ ရွှေလီဘက်က တရုတ်ပြည်ထဲ ဝင်သွားမှာမို့ ဝနယ်မြေကို ဗမာစစ်တပ် ထိုးစစ်ဆင်နိုင်ဖွယ်ရှိပါတယ်။ ဒီအတောအတွင်း မြန်မာ့စီးပွားရေးမှာ တရုတ်က ဆက်လက်ကြီးစိုးနေပါတယ်။ ဗမာစ်စစ်အစိုးရက တရုတ်ကို မှီခိုနေရသလို တရုတ်-မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသားတွေကလည်း တရုတ်ကိုပဲ မှီခိုနေရတာ ဖြစ်ရပါတယ်။ တရုတ်စာ တရုတ်စကား တက်ကျွမ်းတဲ့ စစ်ဗိုလ်ဟာ ဝစစ်ဗိုလ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ဝင်ရောက်လာကြတဲ့ တရုတ်ဦးရေဟာ တသန်းကျော်နေပြီလို့ ခန့်မှန်းပါတယ်။
ဈေးကွက်စနစ်ကျင့်သုံးချိန်ကစပြီး တရုတ်ပြည်နဲ့ နိုင်ငံခြားရောက်တရုတ်တွေ အဆက်အဆံ ပိုများလာပါတယ်။ တရုတ်ပြည်မှာ ထိုင်ဝမ်ရဲ့ ရင်းနှီးမြုပ်နှံမှုများလွန်လို့ တရုတ်ကို မှီခိုသလိုတောင် ဖြစ်နေပါပြီ။ ဒီလို စီးပွားရေးပေါင်းဖက်သလို နိုင်ငံရေးမှာလည်း ပေါင်းစည်းနိုင်လိမ့်မယ်လို့ တရုတ်ကွန်မြူနစ်အစိုးရက ယူဆနေပါတယ်။ ထိုင်ဝမ်က KMT () ပါတီဥက္ကဌ ၂၀၀၄ ခုနှစ်က တရုတ်ပြည်သွားတဲ့ကိစ္စကို တရုတ်-ထိုင်ဝမ် ပေါင်းစည်းရေး အလားအလာအဖြစ် ရန်ကုန် တရုတ်ကုန်သည်ကြီးများအသင်းက ထောက်ခံတာကို ကြည့်ရင် မြန်မာပြည်မှာ အရင်လို တရုတ်ဖြူရယ်လို့ မရှိတော့ဘဲ တရုတ်နီဘက်သားတွေသာ ရှိနေတာ ထင်ရှားပါတယ်။
ယူနန်တရုတ်အသင်း၊ ဖုချန်တရုတ်အသင်း၊ ဂွမ်ဒေါင်တရုတ်အသင်း စသဖြင့် မိမိတို့ ဇာတိပြည်နယ်တွေကို ကိုယ်စားပြုတဲ့ မြန်မာပြည်က တရုတ်ကုန်သည်ကြီးများအသင်းရဲ့ နိုင်ငံရေး ရပ်တည်ချက်ဟာ တရုတ်ကွန်မြူနစ် အစိုးရနဲ့ တသားတည်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကိုအိဇုမိ (Junichiro Koizumi) ရာစုကုနိ (Yasukuni Shrine) စစ်သင်းချိုင်း သွားတဲ့ကိစ္စကိုတောင် မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်းက ဝေဖန်ရှုတ်ချပါသေးတယ်။ မိမိတို့ နေထိုင်ရာ တိုင်းပြည်ကို အဓိကထားသူ၊ မိမိအကျိုးစီးပွားကိုသာ အဓိကထားသူ နဲ့ တရုတ်ပြည်ကို အဓိကထားသူ စသဖြင့် နိုင်ငံခြားမှာ တရုတ် (၃) မျိုးရှိတယ်လို့ နိုင်ငံခြားရောက် တရုတ်အကြောင်း နှစ်ပေါင်းများစွာ လေ့လာနေခဲ့သူ ပါမောက္ခ ဝမ်ဂန်ဝူး က ခွဲခြားထားပါတယ်။ မြန်မာပြည်က တရုတ်တွေမှာ ဘယ်လိုအမျိုးအစားတွေ များပါသလဲ။