အစိုးရရဲ့ ပြုပြင်ရေးစီမံချက်ကြောင့် သယံဇာတကြွယ်ဝတဲ့ နယ်စပ်ဒေသမှာ ရင်းနှီးမြှုပ်နံှဖို့ ပြည်တွင်းပြည်ပမှာ စဉ်းစားလာကြပါတယ်။ ဒီဒေသဟာ ပြည်တွင်းစစ်ဒဏ်အခံရဆုံးနဲ့ အဆင်းရဲဆုံး ဖြစ်ပါတယ်။ အခုတော့ နိုင်ငံခြားအစိုးရနဲ့ ကုမ္မဏီကြီးတွေ အာရုံအစိုက်ဆုံးနေရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာ ရင်းနှီးမြှုပ်နံှလို့ တိုင်းရင်းသားတွေ အကျိုးခံစားရတဲ့ အစဉ်အလာမရှိသေးပါဘူး။ ဒါကြောင့် ဒေသခံ တိုင်းရင်းသားဟာ သူတို့ဘဝကို အခြေပျက်စေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို လက်ခံမှာမဟုတ်ပါဘူး။
ဒေသခံတိုင်းရင်းသားတွေ အကျိုးခံစားနိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ စေ့စပ်ဆွေးနွေး ပြဿနာဖြေရှင်းရေးကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့လက ထုတ်ဝေတဲ့ Developing Disparity ဆိုတဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute နဲ့ Burma Center က သုတေသီတွေ စုပေါင်းပြီး ရေးသားထားတဲ့စာတမ်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ ပြုပြင်ရေးစီမံကိန်းဟာ တိုင်းရင်းသားအပါအဝင် လူအများစုအကျိုးခံစားနိုင်ပြီး သဘာဝသယံဇာတ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ ဒေသဆိုင်ရာပဋိပက္ခကို ဟန့်တားနိုင်ပါ့မလားဆိုတာကို စမ်းစစ်ထားတဲ့ စာတမ်းဖြစ်ပါတယ်။
သဘာဝသယံဇာတ ကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ၁၇ နှစ် အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ကချင်ပြည်သူလူထုဟာ ပိုပြီးဆင်းရဲလာပါတယ်။ ကျောက်စိမ်းမှော်၊ ရွှေမှော်၊ သစ်နဲ့တခြား လုပ်ငန်းတွေကို အစိုးရတပ်နဲ့ ပုဂ္ဂလိကကုမ္မဏီတွေက လက်ဝါးကြီးအုပ်ထားပါတယ်။ ၂၀၀၅ မှာ အစိုးရလေလံပြစ်တဲ့ ရွှေလုပ်ကွက် ၄၂ ကွက်မှာ ၂၃ ကွက်ဟာ ကချင်ပြည်နယ်မှာ ရှိပါတယ်။
အပစ်အခတ်ရပ်စဲတဲ့ နောက်ပိုင်းမှာ ရွှေတူးဖော်တဲ့လုပ်ငန်းတွေ များလာပါတယ်။ ဒါပေမဲ့ စစ်အစိုးရ အာဏာပိုင်၊ ကေအိုင်အိုအဖွဲ့နဲ့ စီးပွားရေးသမားတစုသာ အကျိုးခံစားရပါတယ်။ အကျိုးမခံစားရသူတွေဟာ ဒေသခံတွေ ဖြစ်ပါတယ်။ ဆေးစွဲ၊ အကြွေးတင်၊ ရောဂါဖြစ်ပွား စတဲ့ ပြဿနာမျိုးစုံ ရွှေမှော်ဒေသမှာ ကြုံရပါတယ်။ အစိုးရဟာ စီးပွားရေးအကျိုးအမြတ်ကို မကြည့်ဘဲ ကချင်ပြည်သူတွေ ဖွံ့ဖြိုးအောင်လုပ်သင့်တယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲပြီး ဒေသခံပြည်သူလူထု တိုးတက်ဖွံ့ဖြိုးလာအောင် မလုပ်နိုင်ဘဲ စီးပွားရေးအကျိုးအမြတ်ကိုသာ အဓိကထားနေရင် ကချင်ပြည်နယ်လို ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။
အစိုးရတပ်များပြားလာတာကလည်း ဒေသခံတိုင်းရင်းသားတွေအဖို့ စိတ်မချမ်းသာစရာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲလိုက်တဲ့ ကရင်ဒေသက ဖွံ့ဖြိုးရေးအစီအစဉ်တွေကို စိုးရိမ်နေကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ဒေသခံလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ရင်းကို လာဘ်ထိုးပြီး တရုတ်နဲ့ ထိုင်းကုမ္မဏီတွေ စီးပွားရေးအမြတ်ထုတ်တာဟာ ဒေသခံတိုင်းရင်းသားတွေကို အကျိုးပြုတဲ့လုပ်ရပ် မဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး လုပ်တာနဲ့အတူ ဖွံ့ဖြိုးရေးစီမံချက်တွေ လုပ်ဖို့ကြိုးစားတာကို ကရင်ဘက်က ဘဝင်မကျ ဖြစ်နေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကြောင့် ဒေသအတွင်း ပဋိပက္ခ ပြန်မဖြစ်လာဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဒေသခံတွေကို လစ်လျှူရှုပြီး စီးပွားရေးအကျိုးအမြတ်ကိုသာ အဓိကထားတဲ့ ရင်းနှီးမြှုပ်နံှမှုမျိုး မဖြစ်ဖို့လိုပါတယ်။ သယံဇာတထုတ်ယူတဲ့ လက်ရှိလုပ်ငန်းတွေဟာ ဒေသခံတိုင်းရင်းသားတွေကို အကျိုးမပြုတာများပါတယ်။ တိုင်းရင်းသားအကျိုးမဖြစ်တဲ့ ရင်းနှီးမြှုပ်နံှမှုကို အစိုးရကိုယ်တိုင် ထောက်ခံအားပေးပြီး စစ်တပ်က လုံခြုံရေးကို တာဝန်ယူပေးပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို ဆန့်ကျင်ပြီး ပြည်သူအကျိုးစီးပွားကို အဓိကထားတဲ့ အရပ်သားအဖွဲ့တွေ လှုပ်ရှားလာနိုင်တာဟာ ဒေသခံတွေအတွက် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူဦးရေးကို အန္တရာယ်ပေးမယ့် စီမံချက်ကြီးတွေကို အရပ်သားအဖွဲ့အစည်းတွေက တညီတညွှတ်တည်း ဆန့်ကျင်လာကြပါတယ်။
လွန်ခဲ့တဲ့ ၆၅ နှစ်ကစခဲ့တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ အချိန်ယူရပါလိမ့်မယ်။ အပစ်အခတ်ရပ်စဲတာဟာ ပထမအဆင့်သာ ဖြစ်ပါတယ်။ တိုင်းရင်းသားရဲ့ မကျေနပ်ချက်နဲ့ မျှော်မှန်းချက်တွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရပါလိမ့်မယ်။ ဒေသခံနဲ့ တိုင်းပြည်ကို အကျိုးပြုမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရပါလိမ့်မယ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ရင် ပြုပြင်ရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။
ရင်းနှီးမြှုပ်နံှမှုမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ပြည်သူပါဝင်မှုနဲ့ သိသာမြင်သာမှု ရှိရမယ်လို့ ဆိုပါတယ်။ ဒီလို မလုပ်နိုင်ရင် နယ်စပ်ဒေသမှာ ပဋိပက္ခ ပြန်ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုမှာ နယ်စပ်နေ တိုင်းရင်းသားတွေ အကျိုးမခံစားရဘဲ ဖြစ်သွားနိုင်တာကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားအားလုံး အကျိုးရှိနိုင်မယ့် နည်းလမ်းတွေကို ရပ်ကွက်အဆင့်ကစပြီး နိုင်ငံလုံးဆိုင်ရာအဆင့်အထိ အခြေအတင်ဆွေးနွေးနိုင်အောင် အစိုးရက အားပေးအားမြှောက်လုပ်သင့်တယ်လို့ Developing Disparity ဆိုတဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။