ထိုင်းနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အတွက် မြန်မာနိုင်ငံသားတွေ ဘန်ကောက်မြို့ကို အသွားအလာ သိသိသာသာ ကျဆင်း သွားပါတယ်။ ဆေးကုသမှု ခံယူဖို့အတွက် ဘန်ကောက်ကို သွားလေ့ရှိတတ်တဲ့ မြန်မာနိုင်ငံသားတွေကြားမှာလည်း စိုးရိမ်စိတ်ကြောင့် အစီအစဉ်ဖျက်ပြီး ပြန်လာသူတွေလည်း ရှိနေကြတာပါ။ ထိုင်းနိုင်ငံရေး ပြဿနာတွေရဲ့ ရိုက်ခတ်မှု ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေဟာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ရေး Bangkok Shutdown ဆန္ဒထုတ်ဖော်မှုတွေကို အပြင်းအထန်လုပ်ဆောင်နေချိန် မြန်မာနိုင်ငံသား အများစုဟာ ဘန်ကောက်ကို သွားလာမှုတွေ သိသိသာသာ ကျဆင်းသွားတယ်လို့ ထိုင်းနိုင်ငံကို ပြေးဆွဲနေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပျံသန်းတဲ့ လေကြောင်းလိုင်း ခရီးစဉ်တွေ ရပ်စဲတာ၊ ရွှေ့ပြောင်းလိုက်တာမျိုးတွေ မရှိပေမဲ့ ခရီးသွားဦးရေ ကတော့ ထက်ဝက်လျော့ကျသွားတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ရဲ့ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာ ကပြောပါတယ်။
“ပုံမှန်ခရီးစဉ်ကတော့ ဘန်ကောက်ကို တနေ့ နှစ်ကြိမ်ရှိတာပေါ့နော်။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ်ရှိတယ်။ ခရီးတွေကတော့ အမတို့ flight တွေ cancel လုပ်ထားတာတော့ မရှိဘူး။ ဒါပေမယ့် ခရီးသည်အသွားအလာကတော့ သာမန်ထက်စာရင်တော့ နည်းနည်းတော့ လျော့သွားတာပေါ့။ အထွက်ကော အဝင်ရော ခါတိုင်းထက်စာရင်တော့ နည်းသွားပါတယ်။ ခါတိုင်းဆိုရင်တော့ ပုံမှန်အချိန်ဆိုရင် ဝင်တာရော ထွက်တာရော ၉၀ ကျော်၊ ၁၀၀ ကျော်လောက် ရှိတာ၊ အခုဆိုရင်တော့ ၅၀ ကျော်လောက်ပဲ ရှိပါတယ်။”
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်း နိုင်ငံတကာ ဆေးရုံကြီးတစ်ခုဖြစ်တဲ့ ဘမ်ရွမ်ဂရက်ဆေးရုံမှာ ဆေးစစ်မှု၊ ဆေးကုသမှုခံယူနေကြတဲ့ မြန်မာ အများစုဟာ Bangkok Shutdown ကို စိုးရိမ်တာကြောင့် ဘန်ကောက်မှာ အပြင်းအထန် ဆန္ဒပြမဲ့ ဇန်နဝါရီလ ၁၃ ရက်ကို ရှောင်ရှားဖို့ မြန်မာနိုင်ငံကို ပြန်ကြတယ်လို့ အဖေဖြစ်သူရဲ့ အသည်းဆေးကုသမှုအတွက်လိုက်ပါသွားတဲ့ မသန္တာက ဗွီအိုအေကို ပြောပြပါတယ်။
“ကျမတို့တော့ ဇန်နဝါရီလ ၁၃ ရက်နေ့ကို ရှောင်ချင်လို့ အဖေ့ကိုခေါ်ပြီး မနေ့ကပဲ ရန်ကုန်ကို ပြန်လာတယ်။ နေ့တိုင်း အပြင်ထွက်ရင်လည်း စိုးရိမ်စိတ်ကြီးနေရတယ်လေ။ ဆေးရုံမှာ ဆေးကုသတဲ့ မြန်မာလူနာတွေ အတော်များများလည်း ပြန်ကြမယ်ဆိုပြီး မနေ့က စီစဉ်နေတာ ကိုလည်း ကြားရတယ်လေ။ သူတို့က ရေဖြတ်မယ်၊ မီးဖြတ်မယ်လို့ ကြေညာထားတော့ အမတို့လည်း ကိုယ်နိုင်ငံမဟုတ်တော့ စိုးရိမ်တယ်။ အခုတောင် ဆေးရုံက ၂ ပတ် နေရင် ပြန်လာဖို့ ပြောလိုက်ပေမဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လောက် တည်ငြိမ်လဲဆိုတာ ကြည့်ပြီးမှပဲ သွားရမယ့်သဘောလည်း ဖြစ်နေတယ်လေ။”
မြန်မာနိုင်ငံသား အများစု ဆေးစစ်၊ ဆေးကုသမှုခံယူတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆူခွန်ဗစ်မြို့နယ်မှာရှိတဲ့ ဘန်ရွမ်ဂရက်ဆေးရုံကို ဆေးကု သွားတဲ့ လူနာအများစုဟာ အရေးပေါ် အခြေအနေကလွဲပြီးတော့ ဒီရက်ပိုင်းမှာ သွားမယ့် အစီအစဉ်တွေကို ရွှေ့ဆိုင်းတာတွေလည်း တွေ့ရတယ်လို့ ဘမ်ရွမ်ဂရက်၊ ရန်ကုန်ရုံးခွဲရဲ့ ပြောခွင့်ရှိသူ ဒေါက်တာ မားကွတ်စ် က ပြောပါတယ်။
“ဒီလိုပါ၊ အရင်တုန်းကတော့ ဘန်ကောက်သွားလည်ရင်းနဲ့ ဆေးစစ်မယ့် သူတွေကတော့ မသွားတော့ဘူးပေါ့။ ဒါပေမယ့် ဆရာဝန်ရက်ချိန်းရှိတဲ့သူတို့၊ မသွားမဖြစ်တဲ့သူတွေကတော့ သွားပါတယ်။”
ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ဆန္ဒထုတ်ဖော်မှုတွေအတွင်း မြန်မာလူမျိုး တစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့အပြီးမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက လက်ရှိ ဘန်ကောက်မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေမှာ မြန်မာတွေ မပါဝင်ဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကိုလည်း ရှောင်ရှားသွားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်ခင်ဗျာ။