စစ်ကောင်စီတပ်က ချုပ်ကိုင်နိုင်တဲ့နယ်မြေကျဉ်းမြောင်းလာပြီး ဒေသခံ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပူးပေါင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ များပြားလာကြောင်းဖော်ပြတဲ့ အစီခံရင်စာတွေမကြာမီက ပေါ်ထွက်လာပါတယ်။ ဒီနှစ် ပထမ(၄)လအတွင်း နိုင်ငံအနှံ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ (၆၀)ရာခိုင်နှုန်းနီးပါးဟာ ဒေသခံ PDF နဲ့တိုင်းရင်းသာလက်နက်ကိုင်ကတဖက် စစ်ကောင်စီတပ်ကတဖက် ဖြစ်ပွားတဲ့တိုက်ပွဲတွေဖြစ်တယ်လို့ မေလ(၁၇)ရက်ထုတ် ISP (မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့) သတင်းမှာဖော်ပြပါတယ်။ လေကြောင်းကတိုက်ခိုက်မှုကြောင့် အရပ်သား(၇၀၀) နီးပါးသေဆုံးခဲ့ရပါတယ်။
ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ကျယ်ပြန့်လာတာကို ကြောက်လန့်တကြားဖြစ်နေတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း အမေရိကန်သံအမတ်ဟောင်း Priscilla Clapp နဲ့ အာကာဟိန်းတို့က မေလ(၁၁)ရက်ထုတ် USIP (အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု) စာတမ်းမှာဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်က ပဇီကြီးရွာကိုလေကြောင်းကတိုက်ခိုက်တာဟာ မြေပြင်မှာမကြီးစိုးနိုင်တော့ကြောင်း သက်သေပြတာဖြစ်တယ်လို့ဆိုပါတယ်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ကျယ်ပြန့်လာလေလေ စစ်ကောင်စီအဖို့ဆက်လက်ရပ်တည်ဖို့ အခွင့်အလမ်းကျဉ်းမြောင်းလာလေလေဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံယန္တရားတွေကိုဖျက်သိမ်းပြီး နွေဦးတော်လှန်ရေးကို အထောက်အကူပြုမယ့် ဒေသန္တရအုပ်ချုပ်ရေးစနစ်တည်ထောင်ဖို့ ကျေးလက်လူထုကလိုလားပါတယ်။ ဒါကြောင့်မို့ကျေးလက်ဒေသ ငြိမ်ဝပ်ဝိပြားသွားအောင် ဗုံးကြံမီးရှို့အမျိုးမျိုး အကြမ်းဖက်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အရှိန်မပျက်ပဲ ဆက်လက်ရှင်သန်နေပါတယ်။ ကျေးလက်ဒေသကိုခမျုပ်ကိုင်နိုင်တာဟာ စစ်ကောင်စီနိဝုံးချုပ်မယ့် အရပ်လက္ခဏာဖြစ်ပါတယ်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးကြီးထွား ရင့်သန်လာပြီး ဖက်ဒရယ်ဒီဓိုကရေစီလမ်းကြောင်းကို ရောက်သွားနိုင်တယ်လို့ အမေရိကန်သံအမတ် ဟောင်းကသုံးသပ်ပါတယ်။ ချုပ်ကိုင်တဲ့နယ်မြေ ကျဉ်းမြောင်းလာလေလေ ရွေးကောက်ပွဲလုပ် အမြတ်ထုတ်ဖို့လည်း ခက်ခဲလာလေဖြစ်ပါတယ်။ USIP က စစ်တမ်းကောက်ကြည့်တဲ့အခါ စစ်ကောင်စီမထိန်းချုပ်နိုင်တဲ့ဒေသ တဝက်ကျော်မှာ ကိုယ်ပိုင်အုပ်ချုပ်စနစ် ရှင်သန်နေတာတွေ့ရပါတယ်။
ကရင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်ဒေသအချို့မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးအစဉ်အလာရှိနေတာ ကြာပါပြီ။ဗမာအများစုနေထိုင်တဲ့တိုင်းဒေသကြီးတွေမှာသာ ဗဟိုချုပ်ကိုင်မှုအစဉ်အလာရှိခဲ့ပါတယ်။ ပြည်ထဲရေးဌာနလက်အောက်ခံ စစ်မှုထမ်းဟောင်းများတဲ့ ထွေအုပ်ဌာနတွေဖြစ်ပါတယ်။ အခုတော့ ထွေအုပ်နေရာကို PDF တွေထောက်ခံတဲ့ ဒေသနန္တရအုပ်ချုပ်ရေးနဲ့ အစားထိုးနေပါတယ်။ CDM လုပ်တဲ့ ဝန်ထမ်းတွေနဲ့ဌာနေအရပ်ဖက်အသင်းအဖွဲ့တွေပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးစတဲ့ ဝန်ဆောင်လုပ်ငန်းတွေ လုပ်ကိုင်ပေးနေပါတယ်။ ကျေးလက်ဒေသမှာ ကုသိုလ်ဖြစ်အသင်း၊ ကယ်ဆယ်ရေးအသင်းစတဲ့ ကိုယ်ထူကိုယ်ထ လုပ်ကိုင်ကြတဲ့ အစဉ်အလာကြီးမားပါတယ်။
ဒါကြောင့် အောက်ခြေကနေ ဒေသန္တရအုပ်ချုပ်စနစ်ပေါ်ပေါက်လာပုံဟာ မြန်မာပြည်ရဲ့ထူးခြားချက်လို့ဆိုပါတယ်။ လွတ်လပ်ရေးရပြီးမကြာမီ ၁၉၅၃မှာ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေကိုပြဋ္ဌာန်းပါတယ်။ ဒါပေမယ့် ၁၉၆၂စစ်အာဏာသိမ်းတဲ့အခါ ဒီဥပဒေကိုဖျက်သိမ်းပြီး စစ်ဗိုလ်ကြီးစိုးတဲ့ အထွေထွေအုပ်ချုပ်ရေးဌာနတွေဖွဲ့စည်းပါတယ်။ အဲဒီအချိန်ကစပြီး တိုင်းရင်းသားလူနည်းစုတွေဟာ အဆင့်နိမ့်နိုင်ငံသားဘဝကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်ဖို့ ဒေသခံတွေဟာ မိမိကိုယ်မိမိကာကွယ်ဖို့အတွက်သာ လက်နက်ကိုင်နေရတာမဟုတ်ပဲ စစ်တစ်ကြီးစိုးတဲ့ အုပ်ချုပ်ရေးစနစ်ကိုချေမှုန်းဖို့အတွက်ပါ တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ အောက်ခြေက စတင်ပေါက်ဖွားလာတဲ့ ဒေသဆိုင်ရာအုပ် ချုပ်ရေးအဖွဲ့တွေမှာ အင်အားကောင်းတဲ့အဖွဲ့ရှိသလို မတည်မငြိမ်ဖြစ်တဲ့အဖွဲ့တွေလည်းရှိပါတယ်။
အားကောင်းတဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေဟာ ဝန်ဆောင်လုပ်ငန်းကိုထိထိရောက်ရောက်လုပ်ပေးနိုင်ကြပါတယ်။ ဥပမာ USIP စုဆောင်းတဲ့မှတ်တမ်းမှာ မကွေးတိုင်းမှာကျောင်းသား (၈၀၀၀၀) ကျော်ကိုနွေဦးပညာရေးဌာနက သင်ကြားနိုင်ပြီး (၃၀၀၀)ကို အွန်လိုင်းကသင်ပေးနိုင်ကြောင်းသိရပါတယ်။ မြေလတ်ဒေသအုပ်ချုပ်စနစ်ဟာ လုံခြုံရေးအတွက် နွေဦးတော်လှန်ရေးတပ်ဖွဲ့ တွေကိုမှီခိုကြရပါတယ်။ သူတို့ရဲ့လုပ်ငန်းထိရောက်မှုကိုလိုက်ပြီး NUG အစိုးရရှဲထောက်ပံ့မှုကိုရရှိတယ်လို့ဆိုပါတယ်။ နိုင်ငံတကာရဲ့ထောက်ပံ့မှုကိုတော့မရပါဘူး။ စစ်ကိုင်းတိုင်းကိုပေးတဲ့အကူအညီဟာ အိန္ဒိယနယ်စပ်အထိသာ ရပါတယ်။
သြဇာလွှမ်းမိုးရေးအတွက် အုပ်စုချင်းပြိုင်ဆိုင်တာကိုလည်း NUG ကဖြေရှင်းပေးနိုင်ဖို့လိုပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးကို အရပ်သားတွေနိုင်နိုင်နင်းနင်းလုပ်နိုင်ရင် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း ပွင့်သွားနိုင်ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးနဲ့ကင်းဝေးလာတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ ယုတ္တိမရှိတဲ့လုပ်ဇာတ်ဖြစ်ကြောင်းပြသနိုင်ပါတယ်။ ဒါကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးလိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ NUG အစိုးရကတဆင့်သာ ဆောင်ရွက်သင့်ကြောင်း Priscilla Clapp နဲ့ အာကာဟိန်းတို့ကသုံးသပ်ထားပါတယ်။
Your browser doesn’t support HTML5