ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီပေးနေတဲ့ MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ကြုံနေရတာကြောင့် အစိုးရကရော ပြည်သူလူထုကပါ ဝိုင်းဝန်းကူညီကြပါရန် တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ဒေသခံလူတချို့က MSF ဝန်ထမ်းတွေကို ခြိမ်းချောက်တာ၊ ရန်လိုတာ၊ ဘက်လိုက်တယ်လို့ စွပ်စွဲတာ စသဖြင့် နှောက်ယှက်ခံနေရတာကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အဆင်မပြေဖြစ်နေရတယ်လို့ MSF ရဲ့ မြန်မာပြည်ရုံးအကြီးအကဲ Peter Paul de Groote က ဒီကနေ့ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
MSF ခေါ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း Mobile Clinic လို့ခေါ်တဲ့ နယ်လှည့်ဆေးခန်း ၂၀ကျော်နဲ့ ဒုက္ခသည်တွေရဲ့ ကျမ်းမာရေးကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ့နယ်လှည့်ဆေးခန်းတွေနဲ့ မူစလင်ဒုက္ခသည်စခန်း ၁၅ခုနဲ့ ရခိုင်ဒုက္ခသည်စခန်း ၅ခုကို အကူအညီပေးနေတာပါ။ ဒီနယ်လှည့်ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေရဲ့ လတ်တလောရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ MSF ရဲ့ မြန်မာနိုင်ငံရုံးအကြီးအကဲ Peter Paul de Groote က VOA ကို အခုလိုပြောပြပါတယ်။
“ကံမကောင်း အကြောင်းမလှဘူးလို့ဘဲ ပြောရမှာပါ။ လူနည်းနည်းဘဲပါပေမယ့်လည်း အသိုင်းအဝိုင်းမှာ သြဇာရှိတဲ့လူတစ်ချို့ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ကျနော်တို့ရဲ့ ဝန်ထမ်းတွေ ရင်ဆိုင်နေကြရပါတယ်။ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ လူတွေဆီကို ကျွန်တော်တို့ ဝန်ထမ်းတွေ အရောက်သွားနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရပါတယ်။”
ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေမဲ့ ထိထိရောက်ရောက်အကူအညီတွေ မပေးနိုင်တာတွေကိုလည်း Mr Groote က အခုလိုရှင်းပြပါတယ်။
“ကျွန်တော်တို့ ဒီလိုအခက်အခဲတွေ့တိုင်းမှာ ဒေသခံ အာဏာပိုင်တွေကို အကူအညီတောင်းပါတယ်။ ပြည်နယ်အဆင့်၊ နေပြည်တော်အဆင့်ထိတောင် ကျွန်တော်တို့ ပန်ကြားနေပါတယ်။ သူတို့အားလုံးကလည်း ပူးပေါင်းပံ့ပိုး ပေးနေတာပါပဲ။ ဒါပေမဲ့ ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ထိရောက်အောင် လူသိရှင်ကြား အကူအညီပေးဖို့ပါ။ MSF တစ်ဖွဲ့တည်းအတွက် မဟုတ်ပါဘူး။ တခြားလူမှုရေးအကူအညီပေးနေတဲ့ အဖွဲ့ တွေအတွက်လည်း အကျိုးရှိမှာပါ။ အခုတွေ့နေရတာက တကယ့်လက်တွေ့မှာ လိုအပ်ချက်နဲ့ ကျွန်တော်တို့ ပံ့ပိုးပေးနိုင်တဲ့ အကူအညီက သိပ်ကိုကွာဟနေတာပါပဲ။ ဒါကို ပြေလည်အောင် အစိုးရက အကူအညီပေးဖို့ လိုပါတယ်။”
ရခိုင်ပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း လက်ကမ်းစာစောင်တွေနဲ့တမျိုး၊ လူမှုကွန်ရက်တွေကတဆင့် ဘက်လိုက်တယ်လို့ စွတ်စွဲပြောဆိုနေ တာတွေကြောင့် နိုင်ငံတော် အစိုးရကရော၊ ပြည်သူလူထုကပါ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့လိုပါတယ်လို့ Mr Groote က ပြောပါတယ်။
“ကျနော်တို့ MSF ဆိုတာဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လိုပဋိပက္ခမျိုးမှာ မဆို ဘယ်ဖက်ကမှ မလိုက်ဘဲ မျှမျှတတ ကြားနေ ရပ်တည်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လူထုရဲ့ အကူအညီလည်း လိုအပ်ပါတယ်။ ရှင်းရှင်းပြောရ ရင်တော့ အကူအညီ အပူတပြင်း လိုအပ်နေတဲ့လူတွေ ရှိနေတဲ့အတွက် သူတို့ဆီ အရောက်သွားပြီး အကူအညီပေးနိုင်ဖို့ အစိုးရကိုမေတ္တာ ရပ်ခံနေတာဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မှာ ၂၀၁၂ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ခုနှစ်သောင်းခွဲ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသလို၊ အောက်တိုဘာလမှ ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူလေးသောင်းခန့်ဟာလည်း ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ MSFရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။