အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ ကမကထလုပ်ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ဒီနှစ်မှာ အင်အား အပြည့်နဲ့ ပြန်လည် ကျင်းပပါတယ်။ ဒီနေ့ စတင်ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ ကျော်နဲ့မတ်လ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ပြုလုပ်မှာပါ။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ ဩစတေးလျ စတဲ့ နိုင်ငံနိုင်ငံတွေပါပါဝင်ပြီး အရှေ့တောင်အာရှမှာ အကြီးမားဆုံးနဲ့ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ ဖိတ်ခေါ်ခြင်းမရှိခဲ့သလို၊ မနှစ်ကလည်း မြန်မာစစ်တပ် ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ၂၀၁၇ ခုနှစ်ကတော့ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့ဖူးပါတယ်။
ဆက်စပ်ဖတ်စရာ
အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေး စစ်ကောင်စီလုပ်ငန်းအဆင့်ကိုယ်စားလှယ်ကိုသာ ဖိတ်ခြင်းဖြစ် (ကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet)ပြီးခဲ့တဲ့ ၂ နှစ် ကိုဗစ်ရောဂါကူးစက်မှုတွေကြား Cobra Gold စစ်ရေး လေ့ကျင့်မှုတွေမှာ အင်အား ပမာဏ လျော့ချလေ့ကျင့်ခဲ့ပါတယ်။ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ မြေပြင်၊ ပင်လယ်နဲ့၊ ဆိုက်ဘာလုံခြုံရေးကိစ္စတွေပြင် ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်မှာ နေမုန်တိုင်းတွေ၊ ကြားဖြတ်အနှောက်အယှက်တွေရဲ ဆက်သွယ်ရေးစနစ်တွေအပေါ် သက်ရောက်မှု တုံ့ပြန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထည့်သွင်းထားပါတယ်။ တခြား အသေးစိတ်တော့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းမထားပါဘူး။ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အရင်က လူသားစာနာမှု အကူအညီပေးရေးဆိုင်ရာ စမ်းသပ်မှုတွေ၊ ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်တာတွေ ကမ်းတက်လေ့ကျင့်ခန်းနဲ့ ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းတွေလည်း လုပ်ခဲ့ဖူးပါတယ်။
Your browser doesn’t support HTML5
[Unicode]