သယံဇာတ အကျိုးအမြတ်

မှတ်တမ်းဓာတ်ပုံ - ၂၀၀၆ ခုနှစ်က ရန်ကုန်ကျောက်မျက်ပြပွဲမှာ ပြသခဲ့တဲ့ ကြမ်းခင်းဈေး ယူရို ၅ သိန်းတန် ၄၆ ကာရက် မြန်မာ့ ပတ္တမြား။

မြန်မာ့ သယံဇာတ ဝင်ငွေက ပြည်သူနဲ့ အစိုးရလက်ထဲ မရောက်ဘဲ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေ၊ နောက် လူတစု အတွက်သာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သူ့အစီရင်ခံစာမှာ အလေးထားဖော်ပြထားပါတယ်။

မြန်မာ့ သယံဇာတ ဝင်ငွေကို အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ရောက်လာရင် ပြည်သူတွေ အတွက်ပိုပြီး အကျိုးရှိလာစေမှာ ဖြစ်တယ်လို့လည်း မျှော်လင့်နေကြတာပါ။

သယံဇာတ ဝင်ငွေကို ဘယ်လို စီမံခန့်ခွဲသင့်ပါသလဲဆိုတာကို အမေရိကန် အခြေစိုက် စီးပွားရေး ပညာရှင် ဦးကံထွန်းနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေးကဏ္ဍမှာ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

Your browser doesn’t support HTML5

သယံဇာတ အကျိုးအမြတ်