မြန်မာပြည်တွင်းမှာ သိပ်ပြီး မတွင်ကျယ်လှသေးတဲ့ အသက်အာမခံ ဈေးကွက်မှာ နိုင်ငံခြား လုပ်ငန်းကြီးတွေ အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ဖို့ ခွင့်ပြုချက်ရထားပါပြီ။ ဒီလို နိုင်ငံခြား လုပ်ငန်းကြီးတွေ ဝင်လာတာကြောင့် သုံးစွဲသူတွေ အတွက် ရွေးချယ်စရာ ပိုများလာသလို၊ ဆက်စပ် ရင်းနှီးမြှုပ်နှံမှုတွေလည်း ထွက်ပေါ်လာမယ့် အလာအလာရှိကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ မြန်မာစီမံခန့်ခွဲရေးမှူး ကိုလှဘုန်းမြင့်က မြင်ပါတယ်။ ပြည်ပ လုပ်ငန်းကြီးတွေ ဝင်ရောက် လုပ်ကိုင်မယ့် အသက်အာမခံ လုပ်ငန်းက ပြည်သူ အများစု လက်လှမ်းမီပါ့မလား ဆိုတာကို ကိုလှဘုန်းမြင့်နဲ့ ဆက်သွယ် မေးမြန်းပြီး မသိင်္ဂ ီထိုက်က စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
Your browser doesn’t support HTML5