စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ စီမံကိန်းတွေ လုပ်ဆောင်တာမှာ ရှင်းလင်းပြတ်သားမှု မရှိတာတွေကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တုံ့ဆိုင်းလာရပြီး မြန်မာ နိုင်ငံတွင်း စီးပွားရေးလုပ်ဖို့ ယုံကြည်စိတ်ချမှု လျော့ကျလာတာမို့ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်လာကြတယ်လို့ ဂျာမနီ နိုင်ငံက ထုတ်ပြန်တဲ့ စီးပွားရေး စစ်တမ်းတခု က ထုတ်ပြန်လိုက်ပါတယ်။ NLD အစိုးရတက်လာပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကြိုးစားပေမယ့် စစ်တမ်းတွေအရကတော့ ရင်းနှီးသူတွေဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၆ ခုနှစ် ထက် စီးပွားရေးလုပ်ဖို့ ပိုနှောင့်နှေး တွန့်ဆုတ်မှုတွေ ရှိလာပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်ကလည်း စီးပွားရေး လာရောက် ရင်းနှီးဖို့ တွန့်ဆုတ်လာနိုင်တဲ့ အချက်တခုလို့ စစ်တမ်းက ဖော်ပြထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထား ပါတယ်။
ဂျာမနီအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံအနေနဲ့ လုပ်ဆောင်နေတဲ့ Roland Berger အဖွဲ့က ထုတ်ပြန်လိုက်တဲ့ စီးပွားရေးစစ်တမ်းမှာ အခုလိုဖော်ပြ ထားတာဖြစ်ပါတယ်။ စစ်တမ်းမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ယုံကြည်ချက်မရှိရတဲ့ အဓိကအချက်တွေကတော့ လ ျှပ်စစ်မီးမရတာ စီးပွားရေးမူဝါဒအပြင်နဲ့ ဒါနဲ့နွယ်တဲ့ နိုင်ငံရေး မူဝါဒချမှတ်တာတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တိကျခိုင်မာမှုမရှိတာ၊ တရားဥပဒေစိုးမိုးမှု မရှိ တာ၊ လုပ်ငန်းလိုင်စင်နဲ့ စီးပွားရေးပိုင်းက လုပ်ကိုင်ရတဲ့ အချက်အလက်တွေရှင်းလင်းလွယ်ကူမှု မရှိတာတွေက ရင်းနှီးဖို့ တုံ့ဆိုင်းစေတယ်လို့ ဖော်ပြထားပါတယ်။
ဒီစစ်တမ်း ထွက်လာဖို့အတွက် နိုင်ငံတကာ ကုမ္ဗဏီ ၄၀ ရာခိုင်နှုန်းနဲ့ ပြည်တွင်း ကုမ္ဗဏီ ၆၀ ရာခိုင်နှုန်းဆီကနေ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်တယ်လို့ Roland Berger အဖွဲ့က အရှေ့တောင် အာရှ အုပ်ချုပ်သူ သောမတ်ကလောဇ်ကဆိုထားပါတယ်။
ရင်းနှီးမြုပ်နှံဖို့ ယုံကြည်မှုလျော့လာရတဲ့ အကြောင်းနဲ့ ပတ်သတ်လို့ ဗွီအိုအေ မေးမြန်းမှုကို သောမတ်ကလောဇ်ပြောဆိုထားတာကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ယုံကြည်နှုန်းဟာ ၂၀၁၆ တုန်းက ၇၀ရာခိုင်နှုန်းထိ ရှိပေမယ့် ၂၀၁၇မှာတော့ ရာခိုင်နှုန်း ၅၀နီးပါးဘဲရှိပါတော့တယ်။ စီးပွားရေး အပေါ်ယုံကြည်မှုကျလာတဲ့ အချက်တွေက စစ်တမ်းမှာ ဖော်ပြ ထားသလိုပါဘဲ။ ဒီထဲကအဓိက အချက်ကတော့ အသေအချာလေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေနည်းပါးတာ ကြောင့်လဲပါပါတယ်။ ဒီအတွက် ပြည်တွင်းပြည်ပ ရင်းနှီး သူတွေဘက်က သဘောပေါက်ပြီး သင်တန်းတွေပေးလာနေကြပါတယ်လို့ ပြောပါတယ်။
NLD အစိုးရတက်လာပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကြိုးစားပေမယ့် ထင်သလောက် အကျိုးရလဒ်ကောင်း မရရှိသေးပါဘူး။ တခြားစီးပွား ရေး စစ်တမ်းတွေ မှာလည်း NLD အစိုးရလက်ထက်မှာ စီးပွားရေးကျဆင်းလာတယ်လို့ ဖော်ပြနေလာတာတွေရှိပါတယ်။ ဒီစစ်တမ်းထဲမှာဖော်ပြချက်အရ နိုင်ငံတ ကာက စွပ်စွဲနေတဲ့ ရခိုင်ပဋိပက္ခ မှာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ ဂဟက်ကြောင့်လည်း စီးပွားရေးလုပ်သူတွေ ကလာရောက်ရင်းနှီးဖို့ တွန့်ဆုတ်လာ နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီလိုယုံကြည်မှုတွေကျနေပေမယ့်လည်း ရေမြေသဘာဝ ဆိုင်ရာအခြေအနေကောင်းတွေကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးသူတွေဘက်က ရင်းနှီး မြုပ်နှံဖို့ စိတ်အားထက်သန်နေတာတွေရှိနေသေးပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုစောင့်ဆိုင်းနေတာတွေလည်း ရှိနေတယ်လို့ စစ်တမ်း မှာဖော်ပြထား ပါတယ်။
ကာလတိုစိန်ခေါ်မှုတွေရင်ဆိုင်နေရတာဖြစ်ပေမယ်ကုမ္ဗဏီများကတော့ မြန်မာနိုင်ငံမှာ ကာလလတ်နဲ့ ကာလရှည် စီးပွားရေးအလားအလာကောင်းတွေထွက် လာမယ်လို့ ဆက်လက်ယုံကြည်နေတာတွေရှိနေဆဲပါ။ လာရောက်ရင်း နှီးသင့်တဲ့ နေရာတခုဖြစ်တယ်ဆိုတဲ့ တင်ပြချက်တွေဈေးကွက်အလားအလာကလည်း ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားဆဲရှိနေပါတယ်လို့ မစ္စတာ သောမတ်ကပြောခဲ့တာပါ။
နီးဗန်း လ ျှပ်စစ်ကုမ္ဗဏီက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာအောင်သိန်းက လက်တွေကုမ္ဗဏီတွေ စီးပွားရေးနဲ့ပတ်သတ်ပြီး ရင်ဆိုင်နေရတာနဲ့ပတ် သတ်လို့ မေးမြန်းမှုကို အခုလိုဖြေခဲ့ပါတယ်။
“ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ ကျနော်တို့ ဒီ ကျွမ်းကျင်တဲ့ လုပ်သားတွေနော် တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့ မန်နေဂျာကောင်းတွေ Human Resource ပိုင်းမှာတော့ ကျနော်တို့ အဓိက အခက်အခဲကြုံနေရပါတယ်။ ဒါက ခုနက ပြောသလို Short Term , Long Term Planနဲ့ Human Resource Development ကို သေချာလုပ်သွားမယ် ဆိုရင်တော့ နောင်မှာ ဒီအခက်အခဲမျိုး မရှိနိုင်ပါဘူး။ ပေါ်လစီပိုင်းနဲ့ ပတ်သက်လို့ကတော့ အဓိကကတော့ ကျနော်တို့က SME ပေါ့နော်။ ရာခိုင်နှုန်းအများဆုံး ရှိနေတဲ့ ကျနော်တို့ SME တွေ လုပ်သာကိုင်သာရှိမှ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်စီးပွားရေးရော၊ အလုပ်အကိုင်အခွင့်အလမ်းပေးမှာ ဖြစ်တဲ့ အတွက်ကြောင့် ရှိပြီးသား ကောင်းမွန်နေတဲ့SME မူဝါဒတွေကို အကောင်အထည် မြန်မြန်လေး ဖော်ပေးဖို့ ကျနော်တို့က တောင်းဆိုမှာ ဖြစ်ပါတယ်။”
ရိုလင်ဘာဂျာ အဖွဲ့အနေနဲ့ ဒီစစ်တမ်းထွက်လာဖို့ ဗြိတိန်၊ အမေရိကား၊ ပြင်သစ်၊ စင်္ကာပူ စတဲ့နိုင်ငံတွေအပြင် ဥရောပ၊ဆွစ်ဇလန် နိုင်ငံတွေက ရင်းနှီး မြုပ်နှံ ဖို့ စိတ်ဝင်စားတဲ့ ကုမ္ဗဏီတွေ ဆီကနေ မေးမြန်းစိစစ်တာအပြင် ပြည်တွင်းက ကုမ္ဗဏီတွေပါတွေမေးမြန်း ကာဒီစစ်တမ်းကိုထုတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5