မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပနေတဲ့ ၂၉ကြိမ်မြောက် SEA Games အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ U22 အမျိုးသား ဘောလုံးနောက်ဆုံးဗိုလ်လုပွဲကို ဒီကနေ့ ၂၉ရက်မှာ ထိုင်းနဲ့ မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အုပ်စု Aမှာ ၁၂မှတ်ရထားတဲ့အုပ်စုဗိုလ် မလေးရှားအသင်းနဲ့ အုပ်စု Bမှာ ၁၃မှတ်ရထားတဲ့ ထိုင်းအသင်းတို့ ရှားအလန်အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
ဒီကနေ့တရက်ထဲမှာပါ ဆာလာယန်း အားကစားကွင်း မှာ တတိယကြေးတံဆိပ်အတွက် အုပ်စုA က ၉မှတ်ရထားတဲ့ မြန်မာအသင်းနဲ့ အုပ်စု Bမှာ ၁၁ မှတ်ရထားတဲ့ အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
အမျိုးသမီးဘောလုံးပွဲတွေကတော့ပြီးသွားခဲ့ပြီး မြန်မာအမျိုးသမီးအသင်းက ကြေးတံဆိပ် ဆုရခဲ့ပါတယ်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲတွေမှာ ဂိုးအများဆုံးသွင်းနိုင်ခဲ့သူက မြန်မာအသင်းက ၆ဂိုးသွင်းခဲ့တဲ့ ကျောနံပတ် ၇ မဝင်းသိင်္ဂ ီထွန်းဖြစ်ပါတယ်။
Your browser doesn’t support HTML5