အရောင်းစားခံ မြန်မာ ငါးဖမ်းသမားများ နေရပ်ပြန်

ငါးဖမ်းလှေပေါ်ကနေ လူကုန်ကူးသူတွေကို ကယ်ဆယ်စဉ်ပုံများ။ ဓါတ်ပုံ - (MAT) ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့။

ဘန်ကောက်မြိုနဲ့ ကီလိုမီတာ ၇၀၀ ကျော်ကွာဝေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း စူရာတ်ဌာနရီ ခရိုင်ထဲက ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦး ဟာ လှေပိုင်ရှင်ကို အမှူ စွဲဆိုတာ မလုပ်တော့ပဲ နစ်နာကြေး ယူပြီး နေရပ်ရင်းကိုပြန်ဖို့ အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလို့နစ်နာကြေးယူပြီး နေရပ်ရင်းကို အမြန်ဆုံး ပြန်ခွင့်ရတာဟာ ၁၂နှစ်တာ လူကုန်ကူးမှု တွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲအနေနဲ့ပထမဦးဆုံးအတွေအကြုံဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ် မအေးမာသတင်းပေးပို့ထားပါတယ်။

အနည်းဆုံးတနှစ်ကျော်ကနေ ၃နှစ်ကျော်ထိ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့မြန်မာ၁၃ဦးကတော့ ထိုင်းနိုင်ငံဥပဒေအရ အမူစွဲဆိုတဲ့အခါမှာကယ်ဆယ်ရေးစခန်းမှာ နှစ်ရှည်နေရပြိးအမူရင်ဆိုင်ရမှာတွေကိုမလုပ်ချင်တာကြောင့် လှေပိုင်ရှင်ထံကနေ သူုတို့ရသင့်တဲ့လုပ်အားခကိုယူပြီး နေရပ်ရင်းကို ပြန်ကြတော့မှာဖြစ်ပါတယ် ဒီလို ဆုံးဖြတ်ချက်ချရတာဟာ အမူရင်ဆိုင်ပြီး နစ်နာနေတဲ့မြန်မာလူကုန်ကူးခံရသူတွေ အတွက်ဖြစ်တယ်လို့လူကုန်ကူးခံရသူတွေကိုကယ်ဆယ်ခဲ့တဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲရဲအမူဆောင်ဒါရိုက်တာဦးကျော်သောင်းကဆိုပါတယ်။

“ ဒီအလုပ်သမားတွေဟာ ရသင့်ရထိုက်သလောက်ရသွားပြီး၊ ကျွန်တော်တို့ သွားပို့ လိုက်တဲ့ နောက်ပိုင်းမှာ သူတို့ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်တွေ့ ရတာပေါ့လို့ ။ အမှုဖွင့်နေ တော့ မြန်မာအလုပ်သမားတွေ လဲ နစ်နာဆုံးရှုံးတယ်။ ထိုင်းရဲအရာရှိတွေလဲ အလုပ်ရှုပ်ပြီး၊ ထိုင်းအလုပ်ရှင်က ဘာမှ အပြစ်ပေးအရေးယူခံရတာ မရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမှုမဖွင့်ချင်ဘူးလို့ ပြောပြတယ်။ ”

မြန်မာ၁၃ဦးကို ဘန်ကောက်ကနေ့မဲဆောက်မြဝတီနယ်စပ်ကို ပိုဆောင်မှာဖြစ်ပြီး သူတို့ အားလုံး နစ်နာကြေးကတော့ ဘတ်ငွေတသန်းနီးပါး ရခဲ့ကြတယ်လို့ ဆက်ပြောပြပါတယ်။

“သုံးနှစ်နဲ့ သုံးလကြာခဲ့တဲ့ ဦးလှမြင့်ဆိုတဲ့ အသက်၆၃ နှစ်အရွယ်ထားဝယ်က ဦးလေးကြီးကျတော့ ၁သိန်း၊ ငါးသောင်းနဲ့ ၇ထောင် ရတယ်။ နောက်ပြီး ထားဝယ်က ၃၂ နှစ်အရွယ် အောင်ကြီးဆိုတဲ့ တစ်ယောက်ဟာလည်း သုံးနှစ် လုပ်ခဲ့တာ တစ်သိန်းခွဲ ရသွားတယ်။ နောက် ကျော်နိုင်ဆိုတဲ့ ထားဝယ်က တစ်ယောက်က နှစ်နှစ်နဲ့ သုံးလ လုပ်ခဲ့တာ တစ်သိန်းနဲ့ ရှစ်ထောင်နဲ့ သုံးရာနဲ့ ငါးဆယ်ရတယ်။ အထူးသဖြင့် အသက် ၆၃နှစ်အရွယ်ရှိတဲ့ ဦးလှမြင့် ထားဝယ်ကလူဆိုရင် ဆိုရင် ဘတ်တစ်သိန်းခွဲနဲ့ ၇၀၀၀ကို လဲမယ်ဆိုရင် သူက အနည်းဆုံး ကျပ်ငွေ ၄၇သိန်းလောက် ရမယ်လေ။ ၁၃ယောက်စာက ကိုးသိန်း နှစ်သောင်း တစ်ထောင် နဲ့ ခုနစ်ဆယ်။ ”

နှိပ်စက်ညှင်းပမ်းခံရပြီး အမူရင်ဆိုင်တဲအခါမှာလည်း နှစ်ရှည်ကြာခဲ့ကြသလို အမူပြိးတဲ့အခါမှာ ငွေလည်းမရ လုပ်ငန်းရှင်လည်းအရေးယူတာမခံရတဲ့ သာဓကတွေကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ၁၂နှစ်တာ လူကုန်ကူးခံရသူတွေကို ကယ်ဆယ်တဲ့ အဖွဲ့ အနေ နဲ့ ဒီလို့နစ်နာကြေးရပြီး အမြန် ဆုံး နေရပ်ရင်းကိ ပြန်ခွင့်ရအောင် လုပ်ဆောင်နိုင်တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဦးကျော်သောင်းကဆိုပါတယ်။

”၁၂တာ ကာလအတွင်း လုပ်ခဲ့တဲ့ အထဲမှာ လူအနည်းဆုံး ၄၊ ၅ထောင်လောက် ကယ်တင်နိုင်ခဲ့တယ်။ ဒီအထဲမှာ ဒီလို လူကုန်ကူး ခံရတဲ့ အလုပ်သမားတွေကို သင့်တော်တဲ့ လုပ်အားခ ပြန်ရပြီးတော့ ပြန်ပို့ပေးနိုင်တာ ဒီတစ်ကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်တယ်။ ဒီအတွက်လည်း ကျွန်တော် တော်တော်ကို ကျေနပ် ပီတိဖြစ်တယ်။ ”

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ ဟာ ၁၂နှစ်တာ ကာလအတွင်းမှာ လူကုန်ကူးခံရသူတွေကိုထောင်နဲံချီပြိး ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို့ကူညီကယ်ဆယ်တဲ့အတွေအကြုံအရ အမူရင်ဆိုင်ရ တာဟာ မြန်မာတွေအတွက်အချိန်တွေကုန်ပြိး နစ်နာခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံတွင်းမှာလူကုန်ကူးခံရတဲ့မြန်မာအလုပ်သမားတွေကို ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့အခါ အသက်အန္တရယ် ခြိမ်းခြောက်ခံရမူတွေအပြင် တိကျတဲ့ အချက်အလက်တွေရဖို့ရှာဖွေရတာ လူတွေကို သွားရောက်ခေါ်ယူတဲ့ အခါမှာငွေကြေးအခက်အခဲတွေကိုလည်းရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ် တိကျတဲ့အချက်အလက်မှတ်တမ်းများရရှိမှသာ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအာဏာပိုင်တွေ အားလုံးက လိုက်ပါဆောင်ရွက်ပေး တာဖြစ်တာမို့ထိုင်းရောက်မြန်မာတွေ လူကုန်ကူးခံရတဲ့ ကိစ္စကို မြန်မာအစိုးရသစ်အနေနဲ့အလေးထားလုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အစိုးရဟောင်းလက်ထက်မှာလည်း အားရ မူတွေမရှိခဲံတာမို့အစိုးရသစ်လက်ထက်မှား သန်းနဲ့ချီပြီး ပြည်ပကိုထွက်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိစ္စကို အလေးထားဆောင်ရွက် ဖို့ တိုက်တွန်းချင်တဲ့အကြောင်းပြောဆိုသွားပါတယ်ရှင်။