မြန်မာ ကိုဗစ်ကူးစက်သူ ၇၇ ဦး စံချိန်တင် ထပ်တိုး

ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီး ဝင်ပေါက်မှာ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေတဲ့မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက်ဟာ ဒီကနေ့ စံချိန်တင် တိုးလာပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၇၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ နောက်ထပ် ရောဂါပိုး ကူးစက်သူပေါင်း ၇၇ ဦးထိ တွေ့ရှိခဲ့တာပါ။

SEE ALSO: ရခိုင်ကိုဗစ် အစိုးရိမ်မလွန်ဖို့ ပြည်နယ်ကျန်းမာရေးတာဝန်ခံပြော

အခု ရောဂါပိုးကူးစက်သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပါမလာသေးဘဲ ဆက်ပြီး ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ ကူးစက်သူတွေ အပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူပေါင်း ၇၃၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သူ အသစ် ၂ ဦး ထပ်တိုးတာကြောင့် ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၃၅၁ ဦး ရှိသွားပါပြီ။

သေဆုံးသူကတော့ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

-------------------------------------

(Unicode)





SEE ALSO: မြန်မာလူထုကြား ကိုဗစ်ကာကွယ်မှု အားနည်းတာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်


