မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၄ ဦးတိုး၊ စုစုပေါင်း ၂၃၂ ယောက်ရှိ

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ COVID-19 ရောဂါပိုး ရှိမရှိ swab နမူနာ ယူနေတဲ့ ကျန်းမာရေး ဝန်ထမ်း။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ လူနာသစ် ၄ ဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ၂၃၀ ကျော်သွားပါပြီ။

ဇွန်လ ၂ ရက်နေ့ ညပိုင်းမှာ ဓာတ်ခွဲ စစ်ဆေးပြီးစီးခဲ့တဲ့ နမူနာပေါင်း ၇၈၂ ခုမှာ အတည်ပြုလူနာသစ် ၄ ဦး တွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အတည်ပြုလူနာသစ် ၄ ဦးမှာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့သူ ရန်ကုန်တိုင်းက အမျိုးသမီး ၁ ဦး၊ တရုတ်နိုင်ငံကို သွားရောက်ခဲ့သူ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့က အမျိုးသား ၁ ဦးနဲ့ မလေးရှားကို သွားရောက်ခဲ့သူ ချင်းပြည်နယ် မင်းတပ်မြို့က အမျိုးသား ၁ ဦးဖြစ်ပြီး အသွားအလာ ကန့်သတ်ခံထားရသူတွေဖြစ်ပါတယ်။ ကျန်ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့က လူနာအမျိုးသမီး ၁ ဦးကတော့ ခရီးသွားရာဇဝင် မရှိသလို အသွားအလာ ကန့်သတ်ထားခြင်း ရှိ၊ မရှိ ဖော်ပြမထားပါဘူး။

သူတို့ကို ဝေဘာဂီ အထူးကုဆေးရုံ၊ စပ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ မူဆယ်ခရိုင်ပြည်သူ့ ဆေးရုံနဲ့ ဟားခါးပြည်သူ့ဆေးရုံကြီးတွေမှာ ဆေးကုသမှုခံယူစေမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦး အပါအဝင် အတည်ပြုလူနာ ၂၃၂ ဦး ရှိပါတယ်။

အတည်ပြုလူနာတွေထဲ ၂ ကြိမ်ဆက်တိုက်ပိုးမတွေ့သူ ၁၄၃ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၄ ဦးတိုး၊ စုစုပေါင်း ၂၃၂ ယောက်ရှိ

[Unicode Version]





SEE ALSO: COVID-19 အကျပ်အတည်းကနေ ပေါ်လာတဲ့ အခွင့်အရေးတွေ ဘယ်လိုရယူမလဲ …


