မြန်မာ ကိုဗစ်ကူးစက်သူ ၆,၂၀၀ နီးပါး၊ သေဆုံးသူ ၁၉၀ ထပ်တိုး

Virus Outbreak Myanmar

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါအတွက် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၈,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာမှာ ပိုးကူးစက်သူ စုစုပေါင်း ၆,၂၀၀ နီးပါးနဲ့ သေဆုံးသူ အယောက် ၁၉၀ ထပ်တိုးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် စစ်ဆေးသူအရေအတွက် အများဆုံးဖြစ်သလို သေဆုံးသူ အရေအတွက်လည်း အများဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံဆင်းသူအရေအတွက် ၂,၃၅၀ ဦး ရှိတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးဖြစ်ပြီး ခုချိန်ထိဆိုရင် ဆေးရုံက ဆင်းသွားသူပေါင်း ၁၅၅,၉၅၉ ဦး ရှိပြီဖြစ်ပါတယ်။

သေဆုံးသူစုစုပေါင်းက ၄,၅၃၆ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုးကူးစက်သူ စုစုပေါင်းက ၂၁၈,၃၇၉ ဦး ရှိပြီဖြစ်ပါတယ်။

အခု ကိုဗစ်တတိယလှိုင်းအတွင်း အပြင်းအထန် ကူးစက်တာနဲ့ သေဆုံးနှုန်းများတဲ့ ဒေသတွေရှိနေပြီး အဲဒီလိုနေရာတွေမှာ အောက်ဆီဂျင် မလုံလောက်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Unicode






