မြန်မာကိုဗစ် အတည်ပြုလူနာ ၇၉,၂၄၆ ဦး၊ သေဆုံးသူ ၁၇,၃၉ ဦး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်ကားမောင်းသူတွေကို COVID-19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ၇၉,၂၄၆ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဒီနေ့မှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၁,၃၉၈ ယောက်နဲ့ သေဆုံးသူ ၁၇ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာလည်း ၁,၇၃၉ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့သေဆုံးတဲ့သူ ၁၇ ယောက်ထဲက ၁၄ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

SEE ALSO: မြန်မာ ကိုဗစ်ထိန်းချုပ်ရေး လူစုလူဝေးရှောင်ဖို့ သတိပေး

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၈၈၁ ခုကို စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပြီး ဒီနေ့အထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးတာ ၁ သန်းကျော်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ဆေးရုံကဆင်းခွင့်ရသူ ၁,၀၇၉ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ဦးရေဟာလည်း ၅၈,၇၅၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

မနေ့ကတော့ ဓာတ်ခွဲအတည်ပြုလူနာ ၁,၄၃၄ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ အနံ့မရတဲ့သူ ၄၀၄ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။ မနေ့က ကူးစက်သူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၉၁၂ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းက ၁၉၄ ယောက်နဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၈၃ ယောက်နဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာကိုဗစ် အတည်ပြုလူနာ ၇၉,၂၄၆ ဦး၊ သေဆုံးသူ ၁၇,၃၉ ဦး

------------------------

(Unicode)




SEE ALSO: ရန်ကုန်နဲ့မန္တလေးက ရွေးကောက်ပွဲတာဝန်ထမ်းခဲ့သူ ၉၀ ကျော် ကိုဗစ်ရောဂါကူးစက်

