အစ္စလာမ်ဘာသာဝင်တို့ရဲ့ Eid al-Adha ပွဲတော်

မက္ကာမြို့ရှိ Grand Mosque အပြင်ဘက်တွင် ဝတ်ပြုနေကြသည့် မူစလင်များ။ အောက်တိုဘာ ၁၊ ၂၀၁၄။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အကြီးမားဆုံး အားလပ်ရက်ရာသီအစဖြစ်တဲ့ Eid al-Adha ဒါမှမဟုတ် Feast of Sacrifice ပွဲတော် ကို ကမ္ဘာတဝန်းက မူစလင်တွေ ဆင်နွှဲနေကြပါပြီ။

Hajj လို့ခေါ်ကြတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက Mecca မြို့မှာ မူစလင် ဘာသာရေးခရီးသွား နှစ်သန်းကျော် ရောက်နေကြပါတယ်။

Mecca မြို့ပြင်က Mina အရပ်မှာ စနေနေ့ကျင်းပတဲ့ မကောင်းဆိုးရွားအား ကျောက်ခဲနှင့်ပစ်ပေါက်ခြင်း ဆိုတဲ့ အခမ်းအနားမှာ ဘာသာရေးခရီးသွားတွေ ပါဝင်ဆင်နွှဲကြပါတယ်။ ဒါဟာဖြင့် ဘာသာရေး ကျမ်းစာလာ တမန်တော် အေဘရာဟင်မ်ရဲ့ ဇာတ်လမ်းကို ပြန်ပြီး သရုပ်ဖော်တာဖြစ်ပါတယ်။

အေဘရာဟင်မ်က ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ကိုးစားမှုကို သက်သေပြတဲ့အနေနဲ့ သားဖြစ်သူကို ဘုရားသခင်ထံ စွန့်လွှတ် ပေးအပ်တာကို အထိမ်းအမှတ်ပြုပြီး အခု အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြတာပါ။

မူစလင်တွေအနေနဲ့ တတ်နိုင်တယ်ဆိုရင် သူတို့ဘဝတသက်တာမှာ အနည်းဆုံးတကြိမ်တော့ Mecca ခရီးစဉ်ကို သွားကြရပါတယ်။

ဒီနှစ်မှာတော့ အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့ဖြစ်ပွားနေတဲ့ အနောက်အာဖရိကဒေသ ဂီနီ၊ လိုင်းဘေးရီးယားနဲ့ ဆီယာရာ လီယွန်း နိုင်ငံတွေက ဘာသာရေးခရီးသွား ၇,၀၀၀ ကျော်ကို ဆော်ဒီအာရေးဘီးယားက ပိတ်ပင် ကန့်သတ်ထားပါ တယ်။